(စအိုတိုက်နယ်တ နေရာ)Photo-JACBA
...........................................
“မင်္ဂလာမရှိပါ” ခင်ဗျာ ။ ဒီနေ့  နံနက် (၄း၃၀)နာရီ လောက်ကစပြီး ထိုင်း-မြန်မာနယ်စပ် ၊မဲဆောက်မြို့ 
တောင်ဘက်မှာရှိတဲ့ ဖုတ်ဖရမြို့ နယ်ထဲက နေရာ (၇ ။ ၈) ခု လောက်မှာ ထိုင်း လုံခြုံရေးအဖွဲ့ စုံကနေ
လူဖမ်းပွဲကျင်းပခဲ့တယ်လို့  သတင်းရရှိပါတယ်။ဖုတ်ဖရမြို့ နယ် ၃၆ ကီလိုမီတာ ၊ ၃၅ ကီလိုမီတာ စတဲ့
ထိုင်းအခေါ်အဝေါ် စီခိုထိုင်းကျေးရွာနဲ့ ချီးဘားဘိုးရွာ ၊ ဘန့် ဟတ်ရွာ၊ဘန့် ကျတ်ရွာ၊စအိုတိုက်နယ်ကျေး
ရွာအချို့ က ဘာအထောက်အထားမှလက်ဝယ်မရှိတဲ့မြန်မာအလုပ်သမားတွေကိုဖမ်းဆီးကြတယ်။
(၃၆ကီလိုမီတာကတဲအိမ်တွေ)Photo-JACBA
.................................................
၃၆ကီလိုမီတာက တဲအိမ်တွေဆိုရင်အဲဒီမှာဆက်ပြီးမနေကြရပဲ အခြားတနေရာကိုရွှေ့ ရမယ်လို့ ပြောဆိုသွားတဲ့
အကြောင်းသိရပါတယ်။ဖမ်းဆီးခံရတာက စုစုပေါင်း မြန်မာစိုက်ပျိုးရေး လုပ်သား (၂၅၀)လောက်ရှိမယ်လို့ မျက်မြင်တွေက
မြန်မာပြည်သား ကိုပြောပြပါတယ်။
သတင်း … သောင်ရင်းနဂါး(မြန်မာပြည်သား)
Photo-JACBA

No comments:
Post a Comment