ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 17, 2011

အိမ်ရှေ့မြောင်းကို .. ကယ်တင်ကြ

>

(လှေသွားလို့ ရတော့ မတတ် မန်းတလေးက မိန်းလမ်းတစ်ခု)
...................................................

**လက်ရှိ အခြေအနေ**

မနေ့က မန်းတလေးမှာ မိုးတွေများတယ်။ အကျိုးဆက်ကတော့ မကြုံစဖူးထူးကဲ ရေ၀ပ် (ရေကြီး) တယ်ဗျာ။ လမ်းမကြီးတွေ ပေါ်မှာ ဒူးခေါင်းကျော်လောက် ရေတက်သွားတော့ ဆိုင်ကယ်တွေ သွားလို့ မရတော့ဘူးတဲ့။ ခြံတွေထဲထိတောင်မက အိမ်တွေထဲထိ ရေတွေ ရောက်သတဲ့။ အရင့်အရင် နှစ်များထက်ကို ရေတွေကြီးတယ်လို့ ပြောပါတယ်။

ဒါက မိုးရေသက်သက်ဖြစ်ပါတယ်တဲ့ (ဆည်ရေဖောက်ချတာ၊ မြစ်ရေတက်တာ မပါသေးပါဘူး)။

**သမိုင်းကြောင်း**

မန်းတလေးမြို့က အောင်ပင်လယ်ကန်၊ တက်သေးအင်း၊ တောင်သမန်အင်း စတဲ့ ကန်တွေ ၀ိုင်းရံထားတဲ့မြို့။ ရေနီမြောင်း၊ ရွှေတချောင်းမြောင်း၊ နံ့သာမွှေးမြောင်း စတဲ့မြောင်းကြီးတွေ မြို့ထဲ ဖြတ်စီးတဲ့ မြို့ဖြစ်ပါတယ်။ မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက်က အဲ့ဒီမြောင်းကြီးအချို့ (ရွှေတချောင်း၊ ရေနီမြောင်း) မှာ လှေသွားလို့ရပြီး အချို့ရွာတွေကနေ (ညောင်ပင်ဈေးကို) ဈေးရောင်းဈေးဝယ်လာလို့ရခဲ့တယ်လို့ ဆိုပါတယ် ..

အခုအချိန်မှာတော့ အဲ့ဒီမြောင်းတွေက ရေနုတ်မြောင်း၊ ရေဆိုးမြောင်းတွေ အဖြစ်နဲ့ မြို့ထဲကို ဖြတ်စီးပြီး ဧရာဝတီမြစ်ထဲကို ဆင်းသွားတဲ့ အခြေအနေပါ ..

**အကျိုးဆက် ပြဿနာများ**

မြောင်းတွေက ကြာလာတာနဲ့ အမျှ အမှိုက်သရိုက် အနည်အနှစ်တွေ အောက်ခြေမှာ စုပုံလာပြီး ကောလာပါတယ်။ ခုနောက်ပိုင်းမှာ စည်ပင်သာယာက ပုံမှန်ပြန်ဆည်လေ့ရှိပေမယ့် ပိတ်နေတဲ့ နေရာတွေလောက်သာ ဆည်နိုင်ပြီး မြောင်းတစ်လျှောက်ကို ပုံမှန်ပြန်မတူးနိုင်ပါ။ (သောင်တွေထွန်းနေတဲ့ သဘောပေါ့)

မြို့တော်ဝန်ကြီး ကိုထွန်းကြည်ခေတ်က “အိမ်ရှေ့မြောင်းများ ရေစီးရေလာကောင်းရမည်” စီမံချက်နဲ့ အိမ်တွေရဲ့ရှေ့မှာ သူ့ဖာသာစီးနေတဲ့ မြေသားတမံမြောင်းတွေကို အုတ်ဘောင်ခတ်၊ အုတ်ခင်း ဆိုပြီး (ကိုယ်ထူကိုယ်ထ) လုပ်လိုက်ကြတာမှာ မြောင်းတွေရဲ့ အောက်ခြေ အနိမ့်အမြင့် မတူတဲ့အတွက် နိမ့်တဲ့အိမ်တွေရှေ့မှာ မိုးရွာတာနဲ့ ရေလျှံတဲ့ ထုံးစံ စခဲ့ပါတယ်။

နောက်တစ်ခါ လမ်းတွေဖောက်၊ တံတားတွေ ထိုးတဲ့အခါ မြောင်းတွေရဲ့ ရေအများဆုံးအချိန်ကို မလေ့လာပဲ စွတ်ထိုးခဲ့တဲ့အတွက် ရေနဲနဲ တက်တာနဲ့ တံတားတွေရေမြုပ် အမှိုက်တွေ တံတားဘောင်ကို တိုက်ပီး ရေဆက်မစီးတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ (စီဗီလိုင်းဖက်နဲ့၊ ၃၅ လမ်းဖက်က ရေမြောင်းဖြတ်တံတားတွေမှာ တွေ့နိုင်ပါတယ်)

တလောလေးက လစ်သွားတဲ့ (ဓားစာခံ ဖြစ်သွားရှာတယ်လို့ ရေးကြတဲ့) ကိုတင်ငွေ တိုင်းမှုးခေတ်မှာ ခေတ်အဆက်ဆက် မထိခဲ့တဲ့ “ရေနီမြောင်း” ကို ပိတ် ရေလွှဲမြောင်းလေး လုပ်ပေးပြီး မြေဖို့ကာ ဆွေမျိုးများအတွက် အိမ်ယာဆောက်ဖို့ ရက်ရောခဲ့တဲ့ အကျိုးဆက်ကြောင့် ရေနီမြောင်းကြီး ကောင်းကောင်းဆက်မစီးနိုင်ခဲ့ပါ။

**ကာကွယ်သင့်သော အိမ်ရှေ့မြောင်း**

အထက်မှာပြောသလို ကိုယ်ထူကိုယ်ထ (ကိုယ်ထင်ရာလုပ်) အိမ်ရှေ့မြောင်းတွေ ဖောက်ခဲ့တာကြောင့် ရပ်ကွက်အိမ်ရှေ့မြောင်းစနစ်ဟာ “မုဆိုးမ မြောင်း” လို့ ခေါ်ရလောက်အောင် ပျက်စီးခဲ့ပါပြီ ..

“လမ်းပေါ်ရေလျှံခြင်းအစ .. အိမ်ရှေ့မြောင်းက” လို့ ဆိုရလောက်တာကြောင့် .. မိမိ အိမ်ရှေ့မြောင်းထဲကို အမှိုက်ပစ်ခြင်း၊ ရပ်ကွက်ထဲက အားတိုင်းမွေးလေးများ အုတ်ခဲကျိုးများ ပစ်ချခြင်း၊ မြောင်းထဲဆင်းပြီး အပျော် (ဒေါင်းမြီးငါး) ငါးဖမ်းခြင်းတွေကို တားမြစ်ရပါမယ် ..

အိမ်ရှေ့မြောင်းရေလျှံကာ “မြောင်းဖုံး” တွေ မြောပါသွားလေ့ရှိတာကြောင့် အိမ်ကိုလာလည်တဲ့ဧည့်သည်၊ ညဖက် မူးရူး ဂလေရိုက်ပြန်လာတဲ့ အိမ်သား၊ မနက်ဖက် အိပ်ချင်မူးတူး ပဲပြုတ်ထ၀ယ်တဲ့ အိမ်ရှင်မတွေ မြောင်းထဲပြုတ်ကျ တတ်တာကြောင့် ဆေးခန်းပြေးရတဲ့ အလုပ်တွေ ပိုလာတဲ့အပြင် အသက်အန္တရာယ်တွေကိုပါ ထိခိုက်လေ့ ရှိပါတယ် ..

(ခွေး ၀ပ်စရာနေရာပင် မကျန်တော့သော ခြံဝင်း)

“ဒေါင်းမြီးငါး” (ချေးစားငါး) မျိုးစိတ်တွေဟာ ခြင်တွေ ဖြစ်ပွားစေနိုင်တဲ့ ပိုးလောက်လန်းတွေကို စားသောက်ပေးတဲ့အတွက် သူတို့မျိုးတုန်းသွားလို့ မဖြစ်ပါဘူး။ အဲ့ဒီအတွက် ဆိုင်ကယ်ပြင်ဆိုင်၊ ကားဝပ်ရှော့တွေက စက်ဆီတွေ မြောင်းထဲ သွန်ချခြင်းကနေလည်း တားမြစ်ရပါမယ် ..

ပြီးတော့ မြောင်းတွေဘေးနဲ့ မြောင်းအောက်ခြေက “တီကောင်” တွေဟာ လမ်းကြိုလမ်းကြား လျှောက်သွားနေတဲ့ “ဘဲ၊ မန်ဒါလီ” အုပ်တွေ အသက်ရှင်ဖို့ ထမင်းလုတ်တွေပါ။ စက်ဆီတွေကြောင့် တီကောင်တို့ရဲ့ ဂေဟစနစ်ကြီး ပျက်သုန်းသွားရင် အိမ်အောက်မှာ တနိုင်မွေးထားတဲ့ ကြက်၊ ဘဲ၊ မန်ဒါလီတွေ မျိုးတုန်းသွားနိုင်ပါတယ် ..

ဒီစက်ဆီတွေ မြောင်းငယ်လေးတွေကတဆင့် မြောင်းကြီးတွေကိုစီးဆင်း၊ အဲ့မြောင်းကြီးတွေကဆင့် ကန်တွေထဲကို ရောက်သွားရင် ကန်ထဲက “ဒိုက်အောင်း ငါး” တွေရဲ့ ရှင်သန်မှုကို ထိခိုက်နိုင်ပါတယ်။ အဲ့ ငါးတွေကို ဖမ်းပြီး ဟင်းလုပ်နေရတဲ့ အိမ်ယာမဲ့များရဲ့ ဟင်းခွက် အနာဂတ်ကလည်း မတွေးဝံ့စရာပါ ..

နောက်တစ်ခါ .. မြောင်းတွေ ရေလျှံလို့ အိမ်တွေအောက်ထဲထိ (ကြမ်းခင်း ရေကျော်တဲ့အထိ) ရေတွေဝင်လာတဲ့အတွက် အိမ်အောက်တွေ၊ လှေခါးခုံအောက်တွေမှာ လာကပ်အိပ်တဲ့ ရပ်ကွက်ထဲက “ခွေးလေခွေးလွင့်” တွေရဲ့ အရိပ်အာဝါသပျောက်ရပါတယ်။ ဒီခွေးတွေဟာ ရပ်ကွက်ထဲ လူစိမ်းဝင်ရင် လိပ်ခေါင်းထွက်မတတ်ဟောင်တဲ့ အတွက် အလွန်အားကိုးရတဲ့ သတ္တ၀ါတွေပါ။ သူတို့ ရပ်ကွက်ကို စွန့်ခွာသွားရင် ရပ်ကွက်လုံခြုံရေးက ခေါင်းခဲစရာပါ ..

(အိမ်ရှေ့မြောင်းများ ပျောက်လေသည်)
.......................................................
မြောင်းကြီး၊ မြောင်းငယ်တွေထဲကို အမှိုက်တွေပစ်ရာကနေ တံတားနိမ့်တွေအောက်မှာ အမှိုက်တွေက စုပုံ၊ အဲ့ကတဆင့် “ဗေဒါပင်” တွေ ပေါက်ဖွားရာက မြောင်းကြီးတွေ ပိတ်ရပါတယ်။ အဲ့တော့ “ငါတို့ မြောင်းတွေပေါ် တံတားနိမ့် မထိုးရ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မြောင်းဖြတ် တံတားတွေကို မြှင့်တင်ဖို့လည်း အရေးကြီးပါတယ် ..

မြောင်းငယ်လေးတွေ ရေလျှံရာကနေ ရေတွေ မစီးနိုင်တဲ့အတွက် “မြောင်းအထက်ဘက်” ရေသန့်တဲ့ နေရာတွေမှာလည်း ရေတွေ လျှံရပါတယ်။ အဲ့ဒီအခါမှာ အဲ့ဒီမြောင်းတွေမှာ အ၀တ်လျှော်ရတဲ့ ခ၀ါသည်တွေ၊ ဖင်တုံးလုံးနဲ့ရေကူးကြတဲ့ ကလေးတွေ၊ ရေဆင်းစိမ်တဲ့ ကျွဲနွားတွေရဲ့ နေထိုင်မှု ပုံစံကို အကြီးအကျယ်ထိခိုက်ရပါတော့တယ် ..

နောက်ထပ် အကျိုးဆက် အနေနဲ့ မိုးရွာပြီး ရေတက်ရင် အထက်ဖက် (ပုသိမ်ကြီးဖက်က) ဘဲခြံတွေကို ရေမြုပ်တဲ့အတွက် ဘဲချေးတွေ ရေသန့်တဲ့ မြောင်းတွေထဲစီးဝင်ပြီး ကျန်းမာရေးနဲ့ အနံ့အသက်ကို ဆိုးရွားစေပါတယ် ..

(မြစ်ဆုံလော လမ်းဆုံလော)
..........................................

ငါးမွေးမြူရေးကန်တွေ ရေလျှံတဲ့အတွက်လည်း ငါးတွေ လွတ်ထွက်ကုန်ပြီး ငါးမွေးသူတွေရဲ့ စီးပွားရေးကို အလွန်ထိခိုက်စေပါတယ် ..

ဒီအကျိုးဆက်တွေ အားလုံးဟာ မိမိ အိမ်ရှေ့က မြောင်း ပျက်စီးခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပါ .. ဒါ့ကြောင့် ..

“အချိန်မနှောင်းခင် .. အိမ်ရှေ့မြောင်းကို .. ကယ်တင်ကြပါစို့ ..”

ဖိုတိုခရတ်ဒစ်တူ ။ ။ ပါကျဲ .

** ဝေသာလီ မိုးမောင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)