တစ်နေ့ ဆေးရုံကို အဖွားအိုနှင့် အဖိုးအို ဇနီးမောင်နှံ ရောက်လာပါတယ်။ အဖွားအိုက အကျီအဟောင်းလေးနှင့် အဖိုးအိုရဲ့ ရင်ခွင်ထဲမှီရင်း လိုက်ပါလာပါတယ်။ အဖိုးအိုရဲ့ ရင်ခွင်ထဲက အဖွားအိုရဲ့ ပုံစံလေးက ကြောင်လေးတစ်ကောင်နှင့်တူနေသည်။ အဖိုးအိုရဲ့ ရင်ခွင်ထဲမှာ မှေးစက်ကာ ရောဂါအပြင်းထန်ခံစားနေရအလား ထင်ရအောင် ပျော့ခွေနေပါသည်။ တကယ်တမ်းတော့ အဖွားအိုမှာ ထွေထွေထူးထူး ပြောစရာ ကြီးမားတဲ့ ရောဂါ မတွေ့ရပါ။
အဖွားအိုရဲ့ လူနာခန်းထဲ ကျွန်မ သွားတဲ့ အခါတိုင်း အဖိုးအို ရှိတဲ့ အချိန်များ ဖြစ်သည်။ အဖိုးအို ရှိတဲ့ အခါတိုင်း သူမသည် အဖိုးအိုရဲ့လက်ပေါ်တွင် အားမရှိတဲ့ လူနာတစ်ဦးလိုပဲ ပျော့ခွေလျှက် တွေ့ရမြဲ ဖြစ်သည်။ သူမပြောနေကြ စကားမှာတော့ ဟိုနားနာတယ် ဒီနားနာတယ် ကျွန်မ ဘယ်နား စမ်းစမ်း နာတယ်လို့ဘဲ ပြောတက်ပါသည်။ "အင်း....အင်း" ဆိုပြီး အမြဲတမ်း ညဉ်းညူတတ်ပါသည်။ အဖွားအို ညဉ်းညူတဲ့ အခါတိုင်း အဖိုးအိုမှာ ပြာပြာသလဲ ခြေမကိုင်မိ လက်မကိုင်မိ ပြာယာခတ်ကာ အဖွားအိုကို ဖတ်ထားကာ "လင်လင်....လင်လင်..မနာတော့ဘူးနော်..သက်သာသွားမှာပါနော်. " အဖိုးအိုမှာ ခေါင်းလေးကို ပွတ်ပေးရင်း ချော့လေ့ရှိသည်။ အဖိုးအို ချော့လိုက်တော့မှာ သူမရဲ့ ညဉ်းညူသံက ရပ်သွားမြဲ ဖြစ်သည်။ အသက်တွေ ဒီလောက်ကြီးနေပြီဖြစ်သော အဖိုးအိုနဲ့ အဖွားအိုရဲ့ ဂရုစိုက်မှုလေးတွေက ကျွန်မတွက် ကြက်သီးထစရာများ ဖြစ်လေသည်။
ကျွန်မတို့ ဆေးရုံသည် တောင်တွေ ပတ်ပတ်လည်လည် ကာရံထားသောကြောင့် မကြာခဏ ဆိုသလို တောထဲက အကောင်လေးတွေ တွေ့ရတက်ပါသည်။ ရှဉ့်အကောင်လေးများ ကင်းလိပ်ချောလို အကောင်လေးများ ပြေလွားဆော့ကစားတာကို တွေ့ရမြဲ ဖြစ်သည်။ သူမကုတင်သည် ပြတင်းပေါက်နား ရှိသောကြောင့် မကြာခဏ ဆိုသလို အကောင်လေးများ ပြတင်းပေါက်နား ပြေလွားဆော့ကစားသော အခါ သူမသည် "လုံလုံ လုံလုံ ကြောက်တယ် ကြောက်တယ်" လို့ ချွဲပြစ်ပြစ် အသံလေးနှင့် အော်မြဲဖြစ်သည်။ အဖိုးအိုက အဖွားအို အော်သံကြားတိုင်း ရောက်ရာ အရပ်မှ အပြေးအလွား ပြေးလာကာ "လင်လင်...လင်လင်..မကြောက်နဲ့နော် လာပြီ " အမြဲနှစ်သိမ့် မြဲဖြစ်သည်။ အသက်တွေ ရလာတာတောင် တစ်ယောက်နှင့်တစ်ယောက်ကို ချစ်စနိုးခေါ်နေကြပုံကတော့ ကျွန်မတွက် ရုပ်ရှင်ကြည့်နေရလား အောင်မေ့မိပါသည်။
တစ်နေ့ ကျွန်မ အဖွားအို ကိုသွားကြည့်တဲ့အချိန် ရုတ်တရက် သူမ အခန်းက နှင့်တကွ လူသွားလမ်းက မီးများ ပျက်သွားသည်။ အဖွားအိုသည် အဖိုးအို ရင်ခွင်ထဲပြေးဝင်ကာ " လုံလုံ လုံလုံ မှောင်မဲနေရင် ကြောက်တယ် ကြောက်တယ်" လို့ တဖွဖွ ပြောနေပါသည်။ အဖိုးအိုကလဲ "လင်လင် လင်လင် စိတ်မပူနဲ့နော် လုံလုံဘေးနားမှာရှိရင် ဘာမှကြောက်စရာ မလိုဘူးနော်"ဆို ပြီး အဖွားအိုကို ဖတ်ထားရင်း ကျောလေးကို ပွတ်သတ်ပေးလေနေရဲ့။ တကယ်တမ်း အဖွားအို ချွဲနေမှန်း သိနေပါရဲ့ အဖိုးအိုက စိတ်ရှည်လက်ရှည် သူမကို အပြစ်မမြင် ချော့မြူနေတာကို ကျွန်မအတွက် အံအားသင့်ကာ အားကျမိပါသည်။ အဖွားအိုသည် တကယ်ရောဂါ မဖြစ်ကြောင်းသေခြာတာကတော့ အဖိုးအို မရှိတဲ့ အချိန်တွေဆိုရင် မှောင်နေတာကို ကြောက်တတ်တယ် ဆိုတဲ့ သူမက အိမ်သာထဲမှာ မီးမဖွင့်ပဲ သီချင်းဆိုနေတတ် ပါသည်။ တခါတလေ အကောင်လေးတွေကို ကြောက်တတ်တယ်ဆိုတဲ့ သူမက အကောင်လေးတွေကို ခြေထောက်နဲ့ လိုက်နင်းနေတာကို တွေ့လိုက်ရပါသည်။ မာယာဆိုတာ ဒါမျိုးလားလို့ ထင်မိပါသည်။
အသက်ရွယ်တွေ ရလာပေမယ့် အဖိုးအိုနဲ့ အဖွားအိုက နေ့ခင်းထမင်းစားပြီးချိန်တွေဆိုရင် လူနာခန်းရဲ့ ဝရန်တာလေးမှာ နှစ်ယောက်သားထိုင်လျှက် တစ်ယောက်ကို တစ်ယောက်မှီရင်း တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်းရင်း အပြင်ရဲ့ရူခင်းလေးတွေကိုကြည့်ရင်း စကားပြောလေ့ရှိပါသည်။ တနေ့ ကျွန်မ လူနာလာကြည့်ချိန် အဖိုးအိုက အဖွားအိုကို မေးနေတာကို ကြားလိုက်မိသည်။ "လင်လင် မနက်ဖြန် မွေးနေ့ ရောက်ပြီနော် ဒီနှစ်မွေးနေ့မှာရော ဘာလိုချင်လဲ" အဖွားအိုက ပြန်ပြောပါသည်။ "လုံလုံ ဘာပေးပေး အကုန်ကြိုက်တယ်..အလိုချင်ဆုံးကတော့ လုံလုံ အမြဲတမ်း အနားမှာရှိနေရင် ကျေနပ်ပါတယ်" ဒီတစ်ခါကတော့ ကျွန်မ ကြားလိုက်ရသည်ကို စိတ်ထဲမှာ ဟန်ဆောင်အပြောတွေ အလုပ်တွေ မျက်စိဆံပင်မွှေး ဆူးချင်စရာတွေလို့ မထင်မိတော့ပါ ။ အဖိုးအိုနှင့် အဖွားအိုရဲ့ အပြုမူလေးတွေကိုမြင်ရတာ များလာတဲ့ ကျွန်မ အတွက် မထူးဆန်တော့သလို သူတို့ကို ကြည့်ပြီးကြည်နူးမိပါသည်။
လုပ်ဖော်ကိုင်ဘက် သူနာပြု သူငယ်ချင်းတစ်ယောက် ပြောပြချက်အရ သူမ ကလေးမွေးပြီး နောက်ပိုင်း သူငယ်ချင်းရဲ့ယောင်္ကျားက သူမ မွေးနေ့တောင်မေ့လျှော့နေပါသည်။ ရည်စားဘဝလေးကလို ကြည်နူးမှုများ မရှိတော့သလို ရင်ခုန်စရာကောင်းသော အစီစဉ်လေးတွေတောင် မလုပ်ပေးတော့ပါ။ တခါတလေ သူမက ညမှောင်တဲ့ အချိန်တွေဆို ဟန်ဆောင်ကာ ချွဲကြည့်ပါသည်။ "ယောင်္ကျားရေ..မှောင်လိုက်တာ ကြောက်တယ်"လို့ ပြောတော့ "အပိုတွေက လုပ်ပြီ ငါမရှိလဲ မင်းဒီလိုနေလာတာ နှစ်တွေမနည်းတော့ဘူး ဘာခုမှ ကြောက်တာလဲ"တဲ့ ပြောပါသည်။ ကြည်နူးစရာ ညတစ်ညက သူမယောင်္ကျားရဲ့ အဖြေကြောင့် အကျည်တန်စွာ ကုန်ဆုံးသွားလေခဲ့သည်။ အိမ်ထောင်သည် ဘဝရောက်လာတော့ အရင်ကလို ကြည်နူးစရာ ရင်ခုန်စရာ မကောင်းတော့ဘူးလို့ သူငယ်ချင်းက သူမအကြာင်းလေးကို ပြောပြလေသည်။
သာယာကြည်နူးစရာ ရင်ခုန်စရာ ကောင်းတယ် ဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ တစ်ယောက်နှင့်တစ်ယောက် လက်တွဲကာ သက်ဆုံးတိုင် မပြောင်းလဲသော အပြုမှုလေးတွေနှင့် ကြင်နာယုယစွာ အသက်တွေ ကြီးသွားတဲ့ထိ တူတူလက်တွဲ သွားဖို့ပါ။ ဘာအခက်အခဲတွေပဲ ကြုံရကြုံရ တစ်ယောက်ပေါ်တစ်ယောက် မပြောင်းလဲတဲ့ ချစ်ခြင်းတွေနှင့် အတူတူ ချစ်ခဲ့စဉ်ကနေ အသက်တွေရလာတဲ့အထိ ကိုယ်ရဲ့ကလေး တစ်ယောက်လို ကြင်နာယုယ နေမယ်ဆိုရင် ပျော်ရွှင်စရာကောင်းသော ချိုမြိန်သော ထာဝရ လက်တွဲဖော် ဖြစ်လို့နေမှာ ဖြစ်ပါသည်။
အချစ်ကိုတိုင်းတာလို့မရသလို
နက်နဲသော အရာ
နောင်တဆိုတာ မရှိသလို
သက်ဆုံးတိုင်စွာဖြင့်..။
ps;သူငယ်ချင်းလေး တစ်ယောက်ပို့ပေးတဲ့ တရုတ်လိုရေးထားတဲ့ ဖော်ဝေါလ်မေးလ်လေးကို မြန်မာလို ဘာသာပြန်ဆို မိပါသည်။ လိုအပ်တာများတွေ့ရင်သင်ပြပေးနိုင်ပါတယ်ရှင်။
**မြတ်မွန်**

No comments:
Post a Comment