ပီတာ တစ်ယောက် တော်တော်လေး ဒေါသထွက်နေပါတယ်။
သူ့စိတ်ထဲမှာ သူ့ဝန်ထမ်းတွေက သူ့အပေါ် အရေးမစိုက်ဘူးလို့လည်း ထင်နေပါတယ်။
ဒီတော့ နဂါးမှန်းသိအောင် အမောက် ထောင်ဦးမယ်ဟဲ့လို့တွေးရင်း
ဆိုင်းဘုတ်တွေ ရောင်းတဲ့ဆိုင်က 'ငါသည် ဘော့စ်'ဆိုတဲ့ ဆိုင်းဘုတ်ကို ၀ယ်ပြီး သူ့ရဲ့အခန်းတံခါးဝမှာ ကပ်ထားလိုက်ပါတယ်။
အဲဒီနောက် နေ့လယ်စာစားရာ ကနေ ပြန်လာတော့ သူ့ဆိုင်းဘုတ် ရဲ့ အောက်ဘက်မှာ စာရွက်တစ်ရွက်ကို တိပ်နဲ့ကပ်ထားတာ တွေ့လို့ ဖတ်ကြည့်လိုက်တော့ အခုလို ရေးထားတာကို တွေ့လိုက်ရပါတယ်။
"မိန်းမဖုန်းဆက်သည်။ သူ့ဆိုင်းဘုတ် ပြန်ပေးပါဟုပြောသည်" တဲ့။

**ရတနာထွန်း**
(အားလုံးနားနားနေနေ အပန်းဖြေရန်
မြန်မာတိုင်း(မ်)
မှပြန်လည်ဖော်ပြပေးထားပါသည်။ )
**BADBOY**

No comments:
Post a Comment