**အီတလီိစူပါဖလားချန်ပီယံ အေစီမီလန် ..အီတလီစူပါဖလား (၆) ကြိမ်မြောက် ဆွတ်ခူး**
(ပေကျင်း၊ သြဂုတ် ၇)
အီတလီစူပါဖလားဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့်ဘောလုံးရာသီ၌ စီးရီးအေချန်ပီယံ အေစီမီလန်အသင်းနှင့် အီတလီစူပါဖလား လက်ရှိချန်ပီယံအင်တာမီလန်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ငှက်သိုက်ပုံအိုလံပစ်အားကမားကွင်း၌ သြဂုတ် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အေစီမီလန်က နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အီတလီစူပါဖလား (၆) ကြိမ်မြောက်ဆွတ်ခူးရရှိသွားပြီ ဖြစ်သည်။ (အင်တာနက်)

**ဆန်းဒါးလန်းအသင်း ဘယ်လာမီကိုခေါ်ယူနိုင်ရေးကြိုးပမ်း**
(ဒါဟန်၊ သြဂုတ် ၇)
ယခုနှစ် ကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် လက်သွက်နေသည့် ဆန်းဒါးလန်းအသင်းသည် မန်စီးတီးအသင်းတိုက်စစ်မှူး ဘယ်လာမီကို ခေါ်ယူရန်ကြိုးပမ်းလျက်ရှိကြောင်း သတင်းတစ်ရပ်ကဆိုသည်။ အသက် (၃၂) နှစ်အရွယ် ဘယ်လာမီသည် နည်းပြမန်စီနီနှင့်အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် နှစ်က ကာဒစ်စီးတီးအသင်းသို့ အငှားချခဲ့ခြင်းခံခဲ့ရသည်။ ဆန်းဒါးလန်းနည်းပြ စတိဘရုစ်က မိမိတို့အသင်းအတွက် ဘယ်တောင်ပံကစားသမားတစ်ဦး လိုအပ်နေကြောင်း။သို့သော် မိမိတို့ထံတွင် ဘယ်တောင်ပံ ကစားသမားမရှိ၍ မဟုတ်ကြောင်း၊ လက်ရှိကစားသမားများထက် ပိုမိုကောင်းမွန်စွာကစားနိုင်သည့် ကစားသမားတစ်ယောက်လိုအပ်နေ၍ ဖြစ်ကြောင်း၊ ယခု မိမိတို့၏အဓိကပစ်မှတ်မှာ မန်စီးတီးကစားသမား ဘယ်လာမီပင်ဖြစ်ကြောင်း၊ ၄င်းသည် ဘယ်တောင်ပံတွင်သာမက တိုက်စစ်နေရာတွင်ပါ ကစားနိုင်၍ ခေါ်ယူလိုခြင်းဖြစ်ကြောင်း၊ ၄င်းသည် ဘယ်တောင်ပံတွင်သာမက တိုက်စစ်နေရာတွင်ပါ ကစားနိုင်၍ ခေါ်ယူလိုခြင်းဖြစ်ကြောင်း ပြောကြားသည်။ (The Sun)
**စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ**

No comments:
Post a Comment