ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 21, 2011

လုပ်ငန်းခွင် အတွင်း ဖြစ်လေ့ ဖြစ်ထ ရှိသော အမှားများ

>
လူတော်တော်များများဟာ သူတို့ရဲ့အလုပ်ထဲမှာ နောင်တရ ၀မ်းနည်းနေမယ့်
ကိစ္စတစ်ချို့ကို လုပ်ဆောင်ခဲ့ကြ ဖူးပါတယ်။ သူတို့ဟာ ဒီအကြောင်းကို
ပြန်တွေးတိုင်း တနုံ့နုံ့ခံစား ကြရပါတယ်။ ဒီလို အပြုအမူတွေကို
မြင်သားနဲ့ဖြစ်စေ၊ မမြင်သာတဲ့ နည်းနဲ့ဖြစ်စေ ပြုမူလုပ်ဆောင် တတ်ကြပြီး
ဒါတွေဟာ ရှောင်မယ်ဆိုရင် ရှောင်လို့ရတဲ့ အမှားတွေဖြစ်ပါတယ်။ ဒီလို
အမှားမျိုးတွေက သင့်အလုပ်ရဲ့ဂုဏ်သိက္ခာကို လျော့ပါး သွားစေတာအပြင်
နောက်ဆက်တွဲ ဆိုးကျိုးများ အများအပြား ဖြစ်လာနိုင်တာကြောင့်
ရှောင်ရှားသင့်ပါတယ်။ တခါတရံ မိမိရဲ့ လုပ်ရပ်ကြောင့် မိမိနဲ့
ပါတ်သက်ဆက်နွယ်တဲ့ ပါတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်ပါတယ်။ လုပ်ငန်းခွင်
အတွင်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အလေ့အကျင့်တွေကတော့

(၁) စဉ်းလဲ ကောက်ကျစ်ပြီး မရိုးသားတဲ့ အပြုအမူများ
- ဒါကလည်း လုပ်ငန်းခွင်ထဲမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အပြုအမူမျိုး
ဖြစ်ပါတယ်။ အသစ်ဝင်တဲ့ ၀န်ထမ်းကို လက်ရှိဝန်ထမ်းနှင့် ပူးတွဲ့
တာဝန်ချထားခြင်း လုပ်ငန်းတူ တစ်ခုကို ပူးတွဲတာဝန်ပေးခြင်း များတွင်
ပိုမို ဖြစ်လေ့ရှိသည်။

စဉ်းလဲ ကောက်ကျစ်တဲ့ အပြုအမူ သို့တည်းမဟုတ်
ရိုးသားမှု မရှိတဲ့ လုပ်ဆောင်မှုတွေဟာ ပထမဦးဆုံး အကြိမ်မှာ
တစ်စုံတစ်ယောက်က ဖြစ်စေ၊ အခြားလူများက ဖြစ်စေ တွေ့မြင်ချင်မှ
တွေ့မြင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုမျိုး ပြုမူ လုပ်ဆောင်မှုတွေကို
တစ်ဖြည်းဖြည်းနဲ့ အခြားလူတွေက ရိပ်စားမိ၊ တွေ့မြင်မိလာမှာ အသေအချာပါပဲ။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိဘူးဟု ဆိုကြသလို မရိုးသားတဲ့ အပြုအမူတွေ
ကိုလည်း ကြာကြာဖုံးကွယ်လို့မရနိုင်ပါဘူး။ တကယ်လို့များ အဲဒီလို
ကိုယ့်ရဲ့မရိုးမသား ပြုမူ လုပ်ဆောင်မှု တစ်ခုကို လက်ပူးလက်ကြပ်
အမိခံလိုက်ရပြီဆိုရင်တော့ ငြင်းဆိုနေခြင်း မရှိဘဲ ရဲရဲဝင့်ဝင့်
ဝန်ခံပြီး မိမိလုပ်ရပ် အတွက် တာဝန်ယူဖို့လိုအပ်ပါတယ်။

(၂) တရားမ၀င် လုပ်ဆောင်မှုများ

- ကိုယ့်ကုမ္ပဏီရဲ့ ပြိုင်ဘက် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေ
သူငယ်ချင်း တစ်ယောက်ကို အရေးကြီး လျှို့ဝှက် သတင်း အချက် အလက်တွေ
ခိုးယူပေးခြင်းနှင့် နည်းပညာများ ခိုးယူပေးခြင်း

(၃) အလုပ်ချိန် အတွင်း အလုပ်ခွင်၌ ရှိမနေခြင်းနှင့် လုပ်ငန်းချိန်တွင်
ကိုယ်ရေးကိုယ်တာ ကိစ္စများ ဆောင်ရွက်ခြင်း
- ၀န်ထမ်း တော်တော်များများသည် ရုံးတက်ချိန် နောက်ကျခြင်း နေ့လယ်စာကို
အချိန်ကြာကြာယူပြီး စားသုံးတတ်ခြင်း နှင့် သို့တည်းမဟုတ် အလုပ်တွေကို
တက်သုတ်နှင်ကာ အပြီးသတ်ပြီး ရုံးကနေ အချိန်စော၍ အလုပ်ဆင်းခြင်း များကို
တစ်ခုမဟုတ်တစ်ခု ပြုလုပ် တတ်ကြပါတယ်။

ဒါ့အပြင် အလုပ်ကိစ္စ နှင့် ခရီးထွက်
ရာတွင် ကိုယ်ရေး ကိုယ်တာ ကိစ္စ သို့မဟုတ် အပန်းဖြေ တဲ့အနေနဲ့ ဖြစ်ဖြစ်
ခရီးထွက်ခြင်းများကို အလုပ်ကိစ္စ သွားသလို သတ်မှတ်လိုက်ခြင်း
ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ မကြာခဏ အပြင်ထွက်ခြင်း ရုံးချိန်အတွင်း ကိုယ်ရေး
ကိုယ်တာ ကိစ္စများ ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် မသက်ဆိုင်သော ဧည့်သည်များ
အလာများခြင်း ဒါတွေဟာ ရှောင်ရမယ့် အပြုအမူတွေပဲဖြစ်ပါတယ်။

(၄) လုပ်ငန်းခွင်အတွင်း လူမှုရေး ရှုပ်ထွေးမှုများ
- အလုပ်ခွင်အတွင်း အလုပ်ကစ္စနှင့် ကျား၊ မ လူမှုရေး ရှုပ်ထွေးမှုများ
ကိစ္စနှစ်ခုဟာ ရောယှက်လို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

သင့်ရဲ့အိမ်ထောင်ရှိဘော့စ် သို့မဟုတ် အထက်အရာရှိ ဖြစ်စေ၊ အိမ်ထောင်မရှိ ဘော့စ် သို့မဟုတ်
အထက်အရာရှိ တို့နဲ့ဖြစ်စေ ဖောက်ပြန်တဲ့ ဆက်ဆံမှု သို့မဟုတ် လူမှုရေး
ရှုပ်ထွေးမှုပြုလုပ် တာတွေဟာ သင့်ရဲ့အလုပ်ကိုသာမက သင့်ရဲ့ ဂုဏ်သိက္ခာကိုပါ
ထိခိုက်ပါလိမ့်မယ်။ ဒါအပြင် ၀န်ထမ်းအချင်းချင်း လူမှုရေး
ရှုပ်ထွေးမှုများသည်လည်း ရှောင်ရှားသင့်သည့် အချက်များ ဖြစ်ပါသည်။

(၅) ပရော်ဖက်ရှင်နယ် မပီသတဲ့ ပုံရိပ်နဲ့ဝတ်စားဆင်ယင်မှု
-ယူနီဖောင်း ပေးတဲ့ ရုံးတွေမှာတော့ ဒီအချက်က မရှိနိုင်ပါဘူး။ နိုင်ငံ
တော်တော် များများမှာတော့ အလုပ်ခွင်အတွင်း ၀တ်စားဆင်ယင်မှု ဆိုင်ရာ
သတ်မှတ် ပြဌာန်းချက်တွေဟာ များမကြာမီ နှစ်များအတွင်း တင်းတင်းကျပ်ကျပ်
မရှိတော့ဘဲ ဖြေလျော့ ပေးလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ ၀တ်စား
ဆင်ယင်မှုတွေကိုတော့ ဆင်ခြင်သင့်ပါတယ်။
- ရှူးဖိနပ်မှလွဲ၍ စကတ်တိုတွေ၊ အကျီင်္တွေ၊ ဘောင်းဘီတွေကို သားရေထည်နဲ့
ချုပ်လုပ်ဝတ်ဆင်တာမျိုး၊

- လုံခြုံမှု မရှိသည့် အများအမြင်တွင် မသင့်တော်သည့် အ၀တ်အစားမျိုး ၀တ်ဆင်ခြင်း
- ရေမွှေး သို့ အမွေးနံ့သာများ အလွန်အကျွံ ဆွတ်ဖျန်းမှု
- ညစ်ပတ်တွန့်ကြေနေတဲ့ အ၀တ်အစားများ
မနက်ခင်း ရုံးသွားခါနီးတိုင်း အလုပ်ခွင် သွားမည့်လူတိုင်းဟာ ကိုယ့်ရဲ့
ဝတ်စားဆင်ယင်မှုကို စစ်ဆေး သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဒါအပြင်
မိမိလုပ်ကိုင်ရမည့် လုပ်ငန်းသဘာဝ ၊ မိမိရဲ့ ရာထူးအဆင့်အတန်း နဲ့
လိုက်လျှောညီထွေ ရှိတဲ့ အ၀တ်အစား မျိုး ဖြစ်သင့်ပါတယ်။ သင်၏
ဝတ်စားဆင်ယင်မှုသည် တစ်ဖက်သားအား စော်ကားသည့် သဘောမျိုး မသက်ရောက်
စေသင့်ပါ။ သင်၏ ၀တ်စားဆင်ယင်မှုသည်လည်း သင့်၏ ဂုဏ်သိက္ခာကို အထောက်အကူ
ပြုပါသည်။

(၆) ကုမ္ပဏီအတွင်း ဖော်လံဖားမှု
- ကုမ္ပဏီတိုင်းမှာ ဖော်လံဖား တစ်ယောက်တော့ ရှိပါတယ်။ သူတို့ရဲ့
နှုတ်ဖျားဟာ စီမံအုပ်ချုပ်သူရဲ့အကြိုက် လိုက်ပြောဖို့ အဆင်သင့်
အမြဲရှိနေတတ်ပါတယ်။ ဒီလို အထက်လူကြီးရဲ့ အကြိုက် လိုက်ပြောဖို့
ဖြစ်စေရတာကတော့ ဒီလို လူတွေကတော့ ဒီလိုလူတွေမှာ ဒီလို ပြောဆိုပြမှုအပြင်
အခြားပြစရာ အရည်အသွေး မရှိလို့ဘဲဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့
ရရှိလုပ်ကိုင်နေတဲ့ ရာထူးတာဝန်နဲ့ မထိုက်တန်တဲ့ လူတွေဖြစ်ပြီး လုပ်ဖော်
ကိုင်ဖက်တွေကို အသုံးချပြီး အလုပ်လုပ်နေတဲ့ သူတွေဖြစ်ပါတယ်။ သင်ဟာ
အဲဒီလို ဖော်လံဖားတဲ့သူ ဖြစ်နေပြီလား။ ဒီလိုဖြစ်နေပြီဆိုရင် သင့်ရဲ့
ကောင်းမွန်တဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သင့်ကိုယ်သင် ပြောင်းလဲ
ယူရတော့မှာဖြစ်ပါတယ်။ ဒါမှမဟုတ် သင်အလုပ်လုပ်နေတဲ့ ကုမ္ပဏီအတွင်းမှာ
ဖော်လံဖားတဲ့သူတွေ များနေပြီလား။ ဒီလို များနေပြီဆိုရင်တော့
အဲဒီကုမ္ပဏီကနေ ပြောင်းဖို့လိုအပ်နေပါပြီ။ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းတဲ့
လူတွေ၊ လုပ်ဖော် ကိုင်ဖက်တွေရှိတဲ့ နေရာဝန်းကျင်မှာပဲ ကောင်းတဲ့
အကျင့်စရိုက်တွေဟာ ရှင်သန်နိုင်မှာပါ။

(၇) ကုမ္ပဏီဧည့်ခံပွဲများတွင် ဟော့ရမ်းမှု
-မန်နေဂျာအဆင့်ရှိတဲ့ လူတွေအားလုံးဟာ ကုမ္ပဏီက စီစဉ်ပြုလုပ်တဲ့
ဧည့်ခံပွဲတွေ၊ အခြား အခမ်းအနား အစီအစဉ် တွေကို မလွဲမသွေ တက်ရောက်ကြရဖို့
ရှိပါတယ်။ ဖောက်သည်တွေ ပါဝင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီလို ဧည့်ခံပွဲတွေမှာ
ဧည့်ခံတဲ့ အဖျော်ယမကာများကို အလွန်အကျွံ သောက်သုံးပြီး ရှုမကောင်း၊
မြင်မကောင်း ဖြစ်ရတာမျိုး မလုပ်မိဖို့ လိုပါတယ်။ အလုပ်ခွင်ထဲမှာမှ
မဟုတ်တာ ဆိုပေမယ့်သင်ဟာ အလုပ်ကိစ္စနဲ့တက်ရောက်နေတာ ဖြစ်တယ်ဆိုတာ မမေ့အပ်ဘဲ
က္ကန္ဒြသိက္ခာနဲ့ ပြုမူရမှာ ဖြစ်ပါတယ်။ အခုခေတ်မှာ ဆိုရင်တော့
မိန်းကလေးများပါ အထူး သတိထားသင့်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။

(၈) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမှုများ နှင့် လိမ်လည်မှုများ
ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ရုံးကနေ ရုံးသုံးစာရေး ကိရိယာတွေဖြစ်တဲ့
စာရွက်၊ ပင်အပ်၊ ဘောပင်တွေ အိမ်သယ်တဲ့ ကိစ္စမျိုးလောက်ကို မဆိုလိုခြင်ပါ။
မတော်မလျော် ကုန်ကျစရိတ်တွေ လိမ်လည်ချဲ့ကား တင်ပြတောင်းဆိုတာ မျိုးတွေဟာ
ရှောင်ကြဉ်ရမယ့် အပြုအမူတွေဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ သင့်ရဲ့အလုပ်
ဂုဏ်သိက္ခာကို ပွန်းပဲ့ထိခိုက်စေတာ အမှန်ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ
ကိစ္စနဲ့ဖြစ်ဖြစ်၊ အပန်းဖြေတဲ့ အနေနဲ့ ဖြစ်ဖြစ် ခရီးထွက်တဲ့အခါ ရုံးကိစ္စ၊
အလုပ်ကိစ္စသွားသလို သတ်မှတ်လိုက်ပြီး စရိတ်ကနေ ပြန်ထုတ်ယူတာ
မျိုးတွေကတော့ အဆိုးဆုံးဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား
လုပ်မှုနဲ့ လိမ်လည်မှုများဟာ လုပ်ငန်းအဖွဲ့ အစည်းတိုင်းမှာ အဖြစ်အများဆုံး
ကိစ္စတွေပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်း အတွင်းရှိ မည့်သည့်ဌာနတွင် မဆို
ဖြစ်နိုင်သည့် အလားအလာ ရှိပါသည်။

အထက်ဖော်ပြပါအချက် အချက်များဟာ ရှောင်မယ်ဆိုရင် ရှောင်လို့ရတဲ့ အချက်တွေ
ဖြစ်ပါတယ်။ ဒီလို ပြုမူတာတွေဟာ သင့်ဘ၀တာ အလုပ်အကိုင်ရဲ့ ဂုဏ်သိက္ခာကို
လျော့ကျစေတဲ့ အပြင် သင့်မိသားစုနှင့် သင့်ပါတ်ဝန်းကျင်ကိုပါ
ထိခိုက်နိုင်တဲ့အတွက် ရှောင်နိုင်ဖို့ ကြိုးစားပါလို့ အကြံပြုလိုပါတယ်။

(စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်းမှ ပြန်လည်မျှဝေပေးသည်.....)

**ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)