ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 21, 2011

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ကြမလဲ

>

ဘန်ဂျမင်ဖရန်ကလင် က ပြောဖူးပါတယ်။
” သင်က နှောင့်နှေးချင် နှောင့်နှေးလို့ရမယ်။ အချိန်ကတော့ ရပ်နေမှာမဟုတ်ဘူး ” တဲ့။
ခေတ်အဆက်အဆက်က ကျနော်တို့အားလုံးဟာ အချိန်ဆွဲခြင်းနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့်ကြပါဘူး။ ကျနော်တို့ဟာ ကိစ္စအတော်များများကို အချိန်ဆွဲထားတတ်ကြတယ်။ နောက်ဆုံး မဖြစ်မနေ လုပ်ရတော့မယ့်အချိန်ကျမှ လုပ်တတ်ကြတယ်။ အချိန်ဆွဲတယ်ဆိုတာ စကားလုံးကသာ ” ဆွဲ” တာ၊ အဓိပ္ပါယ်ကတော့ ဒီနေ့လုပ်ရမယ့်အလုပ်ကို နက်ဖြန်ကို “တွန်း” ပို့ လိုက်တာပါပဲ။
ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီးတစ်ယောက်အကြောင်းကို သတိရမိတယ်ဗျ။ တစ်နေ့မှာ သူက အိမ်အထပ်ခိုးလေးပေါ် တက်ကြည့်တယ်၊ အဲဒီမှာ သူ့ရဲ့ စစ်အတွင်းတုန်းက သုံးခဲ့တဲ့ ရှုံ့အိတ် အရှည်တစ်လုံးကို တွေ့လိုက်ရတယ်။ အိတ်ကိုဖွင့်လိုက်ပြီး စစ်ဝတ်စုံကို ထုတ်ဝတ်ကြည့်ဦးမှပဲလို့ စိတ်ကူးမိတယ်။ ၀တ်စုံဟာ အရင်ကထက် နည်းနည်းလေး ပိုကျပ်လာသလိုပဲ။ ဒါပေမဲ့ မှန်ထဲကို ကြည့်လိုက်တော့ သူ့ကိုယ်သူ စစ်သားတစ်ယောက်ပြန်ဖြစ်သွားသလို ခံစားလိုက်ရတယ်။
သူ့အိတ်ထောင်ကို စမ်းကြည့်လိုက်တဲ့အခါ အထဲမှာ တစ်ခုခုကိုစမ်းမိတယ်။ သူထုတ်ကြည့်လိုက်တော့ အဲဒါဟာ ပြေစာတစ်ခုဖြစ်နေတယ်။ အဲဒီပြေစာဟာ စစ်အတွင်းတုန်းက သူ့ ရှူးဖိနပ်တွေကို ပြင်ဖို့ ဆိုင်မှာ အပ်ခဲ့တဲ့ ပြေစာပဲ။ နှစ်ပေါင်းကို တော်တော်ကြာလှပါပြီ။ ဖိနပ်ပြင်ဆိုင်ကတော့ အခုထိ ရှိနေတုန်းပါပဲ။ ဒီတော့ သူ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းချင်တော့ အဲဒီဆိုင်မှာ သူ့ဖိနပ်တွေ ရှိနေတုန်းပဲ။
အခု ဆိုင်ကို ဖွင့်နေတာက ဆိုင်ရှင်ရဲ့ သားဖြစ်ပါတယ်။ သူက ပြေစာ စာရွက်ကို တွေးရခက်ခက်နဲ့ ကြည့်နေတယ်။ ” အင်း.. ကျနော် အနောက်ဖက်ကို တစ်ချက်သွားကြည့်လိုက်မယ်။ ဒါပေမဲ့ အရမ်းကို ကြာနေပြီဗျနော်” သူက စစ်ပြန်ကြီးကို ပြောလိုက်တယ်။
ငါးမိနစ်လောက်ကြာတော့ အဲဒီလူ ပြန်ထွက်လာတယ်။ ” ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူးဗျာ။ ဟောဒီမှာ ခင်ဗျားဖိနပ်တွေကို တွေ့တယ်ဗျ ”
အဲဒီနောက် သူက ဆက်ပြောလိုက်တယ်။
” လာမယ့် ဗုဒ္ဓဟူးနေ့ဆိုရင်တော့ ပြင်ပြီးပါပြီ ” တဲ့။
ကျနော့်ဆရာတစ်ယောက်က ဒီလိုပြောလေ့ရှိတယ်။ ” အင်္ဂလိပ်ဘာသာစကားမှာ ချမ်းသာမှုရဲ့ ကြောင်းတူသံကွဲ (synonym)ဟာ အဆောတလျင် ပြုလုပ်တတ်ခြင်းပဲ ” တဲ့။ ဒီတော့ ကျနော်တို့တတွေ ပိုပြီး ဖြစ်ထွန်းဖို့၊ ပိုပြီး စွမ်းဆောင်နိုင်ဖို့၊ ပိုပြီးထိရောက်ဖို့၊ ပိုပြီး အောင်မြင်ဖို့အတွက် အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကျော်လွှားနိုင်ဖို့လိုအပ်ပါတယ်။

ဒါဆို ကျနော်တို့တွေ ဘာကြောင့် အချိန်ဆွဲကြသလဲ။ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။

အလုပ်တစ်ခုဟာ နှစ်သက်ဖွယ်မကောင်းဘူးလို့ ထင်တဲ့အခါ၊ ဒါမှမဟုတ် အဲဒီအလုပ်က စိတ်ဖိစီးမှုများတဲ့အခါ
-ဘာမှန်းမသိတဲ့အရာကို ကြောက်တာ
-ပြောင်းလဲရမှာကို ကြောက်တာ
-ဒါမှမဟုတ် ခြောက်ပြစ်ကင်း စင်းလုံးချောဖြစ်ချင်တာ (Perfectionism)
-ရှုံးနိမ့်မှာကို ကြောက်တာ

-ဒါမှမဟုတ် အလုပ်တွေဟာ စုစုစည်းစည်းမဖြစ်လို့၊ပရမ်းပတာဖြစ်နေလို့လည်း ဖြစ်နိုင်တာပါပဲ။
ဒါပေမဲ့ အကြောင်းချက်က ဘာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အတူတူပါပဲ။ အလုပ်ပြီးဖို့ကန့်သတ်ထားတဲ့ နောက်ဆုံးအချိန်ကို ရောက်တော့မယ်ဆိုတာနဲ့ စိတ်ဖိစီးမှုတွေ များလာတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်ရှိသလို ခံစားရတယ်။ တခြားသူတွေရဲ့အမြင်မှာလည်း ကျနော်တို့ဟာ မကောင်းတော့ဘူး။
အရေးအကြီးဆုံးကတော့၊ ကျနော်တို့ဟာ အများအားဖြင့် ကျနော်တို့အတွက် အရေးကြီးတဲ့အလုပ်တွေ၊ ကျနော်တို့ကို ကြီးပွားချမ်းသာစေမယ့်အလုပ်တွေကို အချိန်ရွှေ့ထားတတ်ကြတယ်။ ဒီလိုမျိုးအလုပ်တွေပေါ့ ။
-အရောင်းအ၀ယ် ဖုန်းcall တွေ ခေါ်တာ
-အရေးကြီးတဲ့အစည်းအဝေးအတွက် ဒါမှမဟုတ် Presentation တစ်ခုအတွက် ပြင်ဆင်တာ
-စာမေးပွဲအတွက် လေ့လာတာ … အဲဒါမျိုးတွေပေါ့။
အဆောတလျင်လုပ်တတ်ခြင်းဟာ ချမ်းသာမှုရဲ့ ကြောင်းတူသံကွဲ (synonym)ဖြစ်တယ်ဆိုတာ ကျနော် ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့သူတွေဟာ ပိုပြီး အလုပ်လုပ်နိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ကြလို့ပါပဲ။ သူတို့ဟာ အလုပ်တွေကို ပိုပြီး စုစုစည်းစည်းရှိကြတယ်။ အလုပ်မှာ ကျွမ်းကျင်ကြတယ်။ ပြီးတော့ သူတို့ မနှစ်သက်တဲ့အရာတွေကိုပါ လုပ်နိုင်ကြတယ်။
ဟုတ်ပါပြီ။ ဒါဆို ဆေးနည်းက ဘာလဲ။
ဟောဒီမှာ အကြံဥာဏ်တစ်ချို့ရှိပါတယ်။
- ကျနော်တို့ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေခံရတဲ့အခါ၊ ရှောင်ပြေးဖို့မကြိုးစားပဲ အဲဒီအလုပ်ကို ကိုယ်လုပ်နိုင်တဲ့ အလုပ်သေးသေးလေးတွေဖြစ်အောင် ခွဲခြမ်းလိုက်ပါ။ ပရောဂျက် အကြီးကြီးတစ်ခုခုကို ပရောဂျက်အသေးလေး ၁၀ ခုဖြစ်အောင် ခွဲလိုက်ပါ။ ဒါဆို ကျနော်တို့ဟာ တစ်ခုချင်းစီကို မပင်မပန်းနဲ့ လုပ်နိုင်ပါလိမ့်မယ်။
-တကယ်လို့ ကျနော်တို့ဟာ ပင်ပန်းမှာကို ကြောက်တယ်ဆိုရင် အဲဒီအလုပ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချီးမြှင့်မယ်လို့ ကတိပေးထားပါ။ ကျနော် စာ ၁၀ ပုဒ်ကျက်ပြီးတိုင်း ကျနော့်အကြိုက်ဆုံး ကိတ်မုန့်တစ်လုံး စားပါတယ်။
-ကျနော်တို့ဟာ တောက်လျှောက် အချိန်ဆွဲနေဦးမယ်ဆိုရင် ကျနော်တို့ကို တစ်ချိန်လုံးကြည့်ပြီး သတိပေးနေနိုင်မယ့်သူတစ်ယောက်ကိုသာ ရှာထားလိုက်ပါ။

Ref: How To Overcome Procrastination by Ty Bennett

**Hlyan Htet Oo**
For More Happiness & Life Success Tips, Go To www.yourlifesuccess.blog.com .
--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)