ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 1, 2011

သတိရတဲ့ ဖုန်းမြည်သံ

>
အဲဒီနေ့က ပေါင်းသင်းဆက်ဆံရေးအကြောင်းပြောနေရင်း ဆရာကသူနဲ့သူ့သူငယ်ချင်းအကြောင်းကို ပြောပြတယ်။ ဆရာက "အချိန်တော်တော်များများမှာ
ဆရာတို့က ဖုန်းကောက်ကိုင်ပြီးရင် ဘာပြောရမှန်းမသိ ဖြစ်သွားကြတယ်။ အဲဒီလိုနဲ့
နောက်တော့ သူ့ကို ဆရာသတိရရင် ဖုန်းကောက်ဆက်လိုက်တယ်။
ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။ နောက်တော့သူလည်း ဒီလိုပဲ...
ဆရာကို သူသတိရရင် ဖုန်းဆက်တယ်။ ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။
ဒါဟာ အကျင့်တစ်ခုလို အခုချိန်အထိ ဆရာတို့ ကျင့်သုံးနေကြသေးတယ်"လို့
ပြောပြပါတယ်။

ဆရာ့စကားကို နားထောင်ပြီး ကျွန်မစိတ်မှာ ခံစားမှုတစ်မျိုးကလှိုက်ထလာပြီး
ဖုန်းကိုကောက်ကိုင်မိရက်သား ဖြစ်သွားတယ်။ ပြီးတော့
အရင်ကအရမ်းကောင်းခဲ့ကြပြီး အခြေအနေကြောင့်
အနေဝေးသွားခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ကို ကောက်ဆက်လိုက်မိတယ်။
ကျွန်မတို့ဟာ ဆရာနဲ့သူ့သူငယ်ချင်းလို အပြန်အလှန်နားလည်မှု
ရှိချင်မှရှိနိုင်မယ်ဆိုတာကို ကျွန်မတွေးမိလို့ သူတို့ဆီကို
မက်ဆေ့တိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"ငါတို့ဆရာကပြောတယ်... တကယ်လို့ လူတစ်ယောက်ကို သတိရမိရင် သူ့ဖုန်းကို
နှစ်ချက်လောက်ပေးမြည်လိုက်ပါတဲ့"

သူတို့ဆီက မက်ဆေ့လေးတွေ ကျွန်မချက်ချင်းပြန်ရခဲ့တယ်။ မက်ဆေ့တွေကိုဖတ်ရင်း
သူတို့လည်း တစ်ခုခုခံစားသွားရပြီဆိုတာ ကျွန်မနားလည်လိုက်တယ်။ ကြည်နူးစိတ်နဲ့
ဖုန်းထဲက မက်ဆေ့တွေဆီကနေ ကျွန်မအကြည့်တွေ မခွာရက်အောင်ဖြစ်ခဲ့တယ်။

အကွာအဝေး... အကွာအဝေးဆိုတာ ကြီးလည်းမကြီး၊ ငယ်လည်းမငယ်တဲ့ အဟန့်အတားတစ်ခုပါ။
တစ်ချိန်တုန်းက ကျွန်မတို့ဟာ အတူဖက်ပြီး ငိုကောင်းငိုခဲ့ကြမယ်။ အတူသောက်စား
ပျော်မြူးခဲ့ကြမယ်။ မိုးလင်းပေါက် အတူဆော့ကစားခဲ့ကြမယ်။ ဘာမဆို
ပြောဆိုတိုင်ပင်ခဲ့ကြမယ်။ ဒါပေမဲ့ အခုအချိန်အခါမှာ ဘာပြောလို့ပြောရမှန်းမသိ
ဖြစ်ကြရတယ်။ အရင်ကရှိခဲ့ဖူးတဲ့ ခင်မင်ရင်းနှီးမှုတွေ မပြောင်းခဲ့လည်း
စိတ်ရဲ့အကွာအဝေးတွေက တဖြေးဖြေးဟလာခဲ့ကြတယ်။ အဲဒီကွာဟလာတဲ့နေရာမှာ
စိမ်းကားတဲ့ရနံ့တွေက ဖြည့်ဝင်ခဲ့တယ်။ အဲဒီလိုဖြစ်ဖို့ကို ကျွန်မတို့
မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ခက်ခဲခဲ့ကြတယ်။
ဒီလိုနဲ့ ခံစားချက်တွေက တဖြေးဖြေးထုံကျင်လာခဲ့တော့တယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူဆော့ကစားခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို သတိရမိတော့
ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ကို နှိပ်မယ့်ဆဲဆဲတခဏမှာ
ဘာပြောရရင်ကောင်းမလဲဆိုတဲ့ ခံစားချက်က တိုးဝင်လာတယ်။

ဒီလိုနဲ့ဖုန်းနံပါတ်ကိုဆက်နှိပ်မယ့်လက်က ရပ်တန့်သွားခဲ့တယ်။ ခင်မင်ရင်းနှီးမှု
တော်တော်များများက အချိန်ရဲ့တိုက်စားမှုကြောင့် ပိုပိုပြီးပါးလျားလာခဲ့တယ်။
နောက်ဆုံးကျန်ခဲ့မှာက ဟိုတုန်းကအမှတ်တရတွေနဲ့ သက်ပြင်းချသံတွေပဲဖြစ်တယ်။

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ နင့်မှာလည်း နင့်အလုပ်နဲ့၊
ငါ့မှာလည်း ငါ့အလုပ်နဲ့ အလုပ်တွေများခဲ့ကြတယ်။ အရင်လို
ရင်းရင်းနှီးနှီးနေရတဲ့အချိန်တွေ ကျွန်မတို့မှာ နည်းပါးလာခဲ့ကြတယ်။ လက်တွေ့ဘဝ၊
လက်ရှိအခြေအနေရဲ့ တိုက်စားမှုကြောင့် ခင်မင်ရင်းနှီးမှု
ခပ်ပါးပါးဖြစ်လာတဲ့အခါ ကျွန်မတို့ရရှိတဲ့
မွေးနေ့တောင်းဆုဟာလည်း တဖြေးဖြေးနည်းလာခဲ့တယ်။ ဒါပေမဲ့ တောင်းဆုနည်းလေ
ကျွန်မတို့ခံစားရလေ၊ စိတ်လှုပ်ရှားပျော်ရွှင်ရလေဖြစ်တယ်။ အချိန်ရဲ့တိုက်စားမှုကို
ခံနိုင်ရည်ရှိတဲ့ ခင်မင်ရင်းနှီးမှုက ပိုတန်ဖိုးရှိခဲ့လို့ဖြစ်တယ်။

လူ့ဘဝရဲ့အချိုးအဆစ်တိုင်းမှာ မတူတဲ့ခင်မင်ရင်းနှီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကလေးဘဝ ရွံ့တွေနဲ့ဆော့ကစားခဲ့တာ ဘေးအိမ်က ကျစ်ဆံမြီးနှစ်ခွကျစ်ထားတဲ့
ကောင်မလေးနဲ့ တစ်ကိုယ်လုံးညစ်ပတ်နေတဲ့ ကောင်လေးနဲ့ပါ။

သူငယ်တန်းဘဝ ဟစ်အော်ကခုန်ကြ၊ ကြိုးခုန်ကြနဲ့ လယ်တောမြက်ရိုင်းထဲ
ပြေးလွှားဆော့ကစားခဲ့တာ အပြစ်ကင်းဖြူစင်တဲ့ အတန်းဖော်သူငယ်ချင်းတွေပါ။

အလယ်တန်းဘဝ အတူစိတ်ကူးယဉ်၊ အတူဆန့်ကျင်ထကြွ၊ အတူရူးမိုက်ခဲ့တာ
အကျင့်စရိုက်တူတဲ့ ကျောင်းကသူငယ်ချင်းတွေပါ။

အထက်တန်းဘဝ အချင်းချင်းရင်ဖွင့်ကြ၊ အတူတူကြိုးစားကြ၊
စာဖိအားတွေကိုအတူတူအံတုခဲ့ကြတာ ကိုယ့်ကိုနားလည်ဂရုစိုက်ပေးတဲ့
ဘော်ဒါတွေပါ။

တက္ကသိုလ်ကျောင်းသားဘဝ အတူတူပျော်ပါး၊ စိတ်ကူးအိပ်မက်အတွက် အတူတူရုန်းကန်၊
ရှေ့ဆက်လမ်းအတွက် အတူတူဝေဝါးခဲ့တာ နိုင်ငံပေါင်းစုံကလာတဲ့
ကိုယ်နဲ့စိတ်ကူးအိပ်မက်တူတဲ့ သူငယ်ချင်းတွေပါ။

ကျောင်းပြီးလို့ အပြင်လောကရောက်တော့ အလုပ်အတွက် အတူကြိုးစားပျာများတဲ့၊
အလုပ်အခြေအနေတိုးတက်ဖို့ အတူကြိုးပမ်းခဲ့တာ မျက်နှာပေါ်မှာပင်ပန်းဒဏ်တွေ
ပြည့်နှက်နေပြီး ဘဝလှိုင်းကြားမှာ မြှုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့
လုပ်ဖော်ကိုင်ဖက်တွေပါ။

ရှည်လျားတဲ့ လူ့ဘဝလမ်းမပေါ်မှာ ကျွန်မတို့နံဘေးမှာ သူငယ်ချင်းတွေက
အမြဲအဖော်ပြုရှိနေခဲ့ပါတယ်။ ဒီသူငယ်ချင်းတွေက မတူတဲ့ဇာတ်ကောင်အဖြစ်နဲ့
အလှည့်ကျသရုပ်ဆောင်နေကြပါတယ်။ သူတို့နဲ့ ခွဲခွာရချိန်တိုင်း၊
စွန့်ခွာရချိန်တိုင်း ကျွန်မတို့မှာ ဝမ်းနည်းခြင်းတွေနဲ့ ကောင်းချီးမင်္ဂလာတွေ
ကျန်ရစ်ခဲ့တယ်။ လျစ်လျူရှုမိတိုင်း၊ နောက်ကိုပြန်လှည့်ကြည့်တိုင်း ကျွန်မတို့မှာ
ပူဆွေးနောင်တနဲ့ မျှော်လင့်ချက်တွေ ကျန်ရစ်ခဲ့တယ်။

"ငါတို့ရဲ့ခင်မင်မှု အဓွန့်ရှည်ပါစေ။ နှစ်ပေါင်းများစွာကြာမြဲပါစေ" လို့
ကျွန်မတို့ပြောတတ်ကြတယ်။ တကယ်ပဲ ခင်မင်မှုတွေက အချိန်ကိုကျော်ဖြစ်နိုင်တယ်။
အကွာအဝေးကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခင်မင်မှုကို
ကျွန်မတို့ကောင်းကောင်း တန်ဖိုးမထားခဲ့ရင် အချိန်ကိုကျော်ဖြတ်နိုင်သည့်တိုင်
ပါးလွှလွှစိတ်ဝိညာဉ်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သ
ူငယ်ချင်းတွေကို သတိရတဲ့အခါ သူ့ဖုန်းကိုကောက်ဆက်ပြီး မြည်သံနှစ်ချက်လောက်
ပေးလိုက်ပါ။ ကမ္ဘာ့ရဲ့ထောင့်တစ်နေရာက သူငယ်ချင်းတစ်ယောက်
သူ့ကိုသတိရနေတယ်ဆိုတဲ့အကြောင်း သူသိပါစေ။ ခင်မင်မှုတစ်ခုက ကမ္ဘာပျက်သုန်းတဲ့အထိ
သူ့အနားမှာရှိနေကြောင်း သူသိပါစေ။

တကယ်လို့ သူ့ကိုသတိရခဲ့ရင် သူ့ဖုန်းကို မြည်သံနှစ်ချက်ပေးလိုက်ပါ။
အပြန်အလှန်နားလည်မှုတစ်ခု၊ ဂရုစိုက်မှုတစ်ခုကိုထိန်းထားနိုင်တဲ့
ခင်မင်ရင်းနှီးမှုတစ်ခုနဲ့ အချိန်ကိုကျော်ဖြတ်၊ သေဆုံးခြင်းကို
ကျော်ဖြတ်ကြရအောင်။ အရာရာအားလုံး ပျက်သုန်းထိတိုင်အောင်ပေါ့............

(ဒီစာကိုဖတ်ပြီးရင် သင်သတိရတဲ့သူငယ်ချင်းတွေရဲ့ဖုန်းကို
မြည်သံနှစ်ချက်ပေးလိုက်ပါ.......)

မူရင်း --- http://www.xiaole8.com/youqingwz/8120.html

**နိုင်းနိုင်းစနေ ဘာသာပြန်သည်။**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)