ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 1, 2011

သင်နဲ့တိုက်ဆိုင်လား...????????

>
**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၁ လုံးပါသူများ**
အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၂ လုံးပါသူများ**
(၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။ မှန်မှန်ကန်ကန် အရည်အချင်းကိုသုံးပါက အလွန်အကျိုးရှိ၏။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၃ လုံးပါသူများ**
စကားလုံး၊ စာအရေးအသားသုံးသပ်မှု ကျွမ်းကျင်သော အရည်အချင်းရှိ၏ ။ လက်ခံစိတ်ဝင်စားနိုင်အောင် ရေးနိုင်၏ ။ စာရေးဆရာ၊ သတင်းစာဆရာများသည် ဤဂဏန်းရှင်များဖြစ်ကြ၏ ။ အချို့မှာ စကားပြော အလွန်ညံ့ခြင်း၊ မထိန်းမသိမ်း တတွတ်တွတ်ပြောတတ်သူများ တွေ့ရတတ်၏။ အခြေခံအားဖြင့် ဥာဏ်ကောင်းသူများ၊ ပျော်ရွှင်စွာနေတတ်သူများဖြစ်၏ ။ အထူးသဖြင့် မိမိနှင့် ဘ၀တူသူကိုသာ ပေါင်းသင့်၏ ။ ။

၎ လုံးအထက် / ရုပ်ရောစိတ်ပါလုပ်တတ်ခြင်း၊ အနားမယူတတ်ခြင်း၊ အတွေးမြန်ဆန်ခြင်း၊ ပြုမူအောင်ရွက်ချက်များ၊ မြန်ဆန်ခြင်းကြောင့် သူတစ်ပါး၏ အထင်လွဲခြင်းကို ခံရလေံရှိ၏ ။ (၁) ငါးလုံးအတွဲသည် အကြမ်းဖက်မှုကို လိုလား၏ ။ (၁) ဂဏန်းတွဲများသည် အစားမှား၍ အဆိပ်ဖြစ်တတ်၏ ။ စိတ်ထွက်ပေါက်တစ်ခုရှာထားလျှင် အောင်မြင်တတ်၏။ ရှာမထားလျှင် တစ်ကိုယ်ကောင်း ဆန်သူများ ဖြစ်သွားတတ်၏ ။ ပြင်ပ ဆက်ဆံရေး ညံ့တတ်၏ စိတ်လိုက်မာန်ပါနှင့် လုပ်လျှင် အောင်မြင်တတ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2) ဂဏန်း ၁ လုံးပါသူများ**
လူတစ်ယောက်ကိုတွေ့လျှင် ထိုသူ၏ အခြေအနေမှန်ကိုသိအောင် စဉ်းစားနိုင်သူဖြစ်ခြင်း၊ မရိုးသားမှုကို ချက်ချင်းဖမ်းနိုင်သူဖြစ်၏ ။ ခံစားမှုပြင်းထန်၍ သမထအာရုံရရှိထားသူများဖြစ်တတ်၏ ။ စိတ်ကို ထိန်းချုပ်မှသာလျှင် ရုပ်ကိုမထိခိုက်နိုင်ဘဲ ရှိပေလိမ့်မည်။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2)ဂဏန်း 2 လုံးပါသူများ**
အလွန်မြင့်သော အာရုံခံစားမှု ၊ သမထအာရုံနိုးကြားမှုများရှိ၏ ။ သမထအာရုံသည်သူတို့အတက်လည်းကောင်း၊ သူတစ်ပါးအတွက်လည်းကောင်း လွန်စွာအသုံးဝင်၏ ။ သူ၏အကျိုးကို ဆောင်ရွက်ပေးနေသူကိုပင်လျှင် သံသယရှိနေတတ်၏ ။ ၎င်းတို့၏ အပြုအမူများသည် အနီးကပ်နေသူများကို ထိခိုက်စေ၏ ။ သူတစ်ပါး၏ ပြဿနာတွင်ဝင်မပါရ ။ ပါလျှင် ရှင်းမရဖြစ်သွားတတ်၏ ။ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (2)ဂဏန်း ၃ လုံး နှင့်အထက်ပါသူများ**
ဘ၀၌ ရှုပ်ထွေးစေနိုင်ခြင်း၊ စိတ်မထိန်းနိုင် လုပ်လိုက်သောကြောင့် ကံဆိုးမိုးမှောင်ကျစေနိုင်၏ ။ စိတ်လိုက်မာန်ပါမလုပ်ရန် သတိပြုသင့်၏ ။ နှလုံးသားထိ မခံစားမိစေရန် အထူးလေ့ကျင့်ထားသင့်၏ ။

အထီးကျန်သမားများဖြစ်သွားတတ်၏ ။ ခံစားမှုပြင်းထန်သောကြောင့် ရုပ်ထိခိုက်နိုင်စေ၏ ။ အကြံပေးလိုသည်မှာ ဂီတကို လိုက်စားသင့်၏ ။ သို့မသာလျှင် ထွက်ပေါက်တစ်ခု ရရှိပေလိမ့်မည်။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၁ လုံးပါသူများ**
စိတ်ကူးအလွန်ကောင်းသူဖြစ်၏ ။ လက်တွ့အကောင်အထည်ဖော်ခဲ၏ ။ နေ့စဉ်လူနေမှုအခက်အခဲကို ရင်ဆိုင်နိုင်သူများ ၊ အကောင်းမြင်သမားများ၊ စိတ်ဓာတ်ကြံ့ခိုင်သူများ၊ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံသူကို ဘ၀တစ်လျှောက်လုံး စောင့်ရှောက်သွားသူဖြစ်၏ ။ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၂ လုံးပါသူများ**
သူတစ်ပါးနှင့်မတူအောင်နေတတ်၏ ။ လူအများနှင့်ဆိုင်သော အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်သွားတတ်ကြ၏ ။ အတွေးကို စကားလုံးနှင့်ဖော်ပြရာ၌ အလွန် ကောင်း၏ ။ စာရေးကောင်း၏ ။ လူမှုဆက်ဆံရေးတွင် တစ်ခါတရံ၌ အခက်အခဲရှိကြောင်း သဘောပေါက်သင့်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (3)ဂဏန်း ၃ လုံးပါသူများ**
စိတ်ဓာတ်အားကောင်းသော်လည်း စိတ်ကူးရေလျင်ကြောတွင် နစ်မျောနေခြင်းမဖြစ်စေရန် သတိထားသင့် ၏ ။ ဗဟုသုတစုဆောင်းခြင်း၊ မိမိကိုယ်ကို အထင်ကြီးနေတတ်ခြင်း၊ စိတ်ကူးနှင့်ရူးနေတတ်သူများလည်းဖြစ်တတ်၏ ။ ကောင်းကင်ဆန်နေသူဖြစ်၏ ။ အကောင်းဆုံးမှာ ကောင်းကင်မှမြေကြီးသို့ အမြန်ဆင်းရန်ဖြစ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၁ လုံးပါသူများ**
လွန်စွာစည်းရုံးကောင်းသူဖြစ်၍ သူ့အနားတွင် လူများ ပတ်ပတ်လည်နေတတ်၏ ။ သူတစ်ပါး၏ အကြံကို လည်း လက်ခံတတ်၏ ။ လက်မှုပညာ ကျွမ်းကျင်၏ ။ ဂီတဓာတ်ခံပါရမီရှိ၏ ။ စိတ်ဓာတ်စိတ်ကောင်းရှိ၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၂ လုံးပါသူများ**
စည်းရုံးသိမ်းသွင်းနိုင်သော အရည်အချင်းရှိ၏ ။ အလုပ်တစ်ခုကိုစပြီးလျှင် ပြီးဆုံးအောင်လုပ်တတ်၏ ။ ၀ါသနာ ကြောင့်ပဲလုပ်လုပ်၊ အလုပ်သဘောပဲလုပ်လုပ် လက်မြောက်ကြသူများဖြစ်၏ ။ အနုပညာ၊ ပန်းပု၊ အိုးအလှ၊ ငွေထည်၊ သတ္တုလုပ်ငန်းလုပ်သူများအဖြစ်တွေ့ရ၏ ။ သူတို့နှင့်ဆက်ဆံရာတွင် တိတိကျကျလုပ်သင့်၏ ။ သူတို့ဘ၀တွင် အကြပ်အတည်းနှင့်နေခဲ့ကြရ၏ ။ မသပ်မရပ်ဝတ်ဆင်လျှင် မတိကျသူဟု သတ်မှတ်ရမည်။ ၎င်းတို့အား ဖိနှိပ်ရန်ခက်ခဲ၏။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (4)ဂဏန်း ၃ လုံးပါသူများ**
စည်းရုံးရေးကောင်းများဖြစ်၏ ။ မည်သည့်အလုပ်ကိုဖြစ်စေ လုပ်လျှင် လက်မြောက်သည်။ သို့ရာတွင် ထိုအလုပ်ကို လုပ်ခဲ၏ ။ လက်မှုပညာ၊ ဂီတအရာ၌ ကျွမ်းကျင်၏ ။ ဘ၀တွင် ထွက်ပေါက်အဖြစ် အနုယုဘဂီတကို လိုက် စားသင့်၏ ။ သို့မဟုတ်ပါက ခက်ထန်ကြမ်းတမ်းမည်။ စိတ်အားထက် ရုပ်အားကောင်းသူများဖြစ်၏ ။ ရှေးခေတ်က ကျေး ကျွန်းများကို ရိုက်နှက်ခိုင်းစေသူများ slave driver ဖြစ်ကြ၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၁ လုံးပါသူများ**
အားလုံးနှင့် သင့်မြတ်၏ ။ သူများ အလုပ်နှစ်ဆလုပ်နိုင်အောင် တွန်းပို့နိုင်၏။ လွတ်လပ်မှုကိုမြတ်နိုး၏ ။ အိမ်တွင်းရေးမသာယာမှုများ ကြုံမည်။ သူတစ်ပါး၏ ပြဿနာကို ဖြေရှင်းနိုင်သော်လည်း မိမိပြဿနာကို မဖြေရှင်းနိုင် သော ဂဏန်းပိုင်ရှင်ဖြစ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၂ လုံးပါသူများ**
( ၅ ) လုံးသမား၏ နှစ်ဆဖြစ်၏ ။ အရက်သေစာ၊ ဆေးစွဲတတ်ခြင်း၊ ကာမဂုဏ် လိုက်စားတတ်သည်။ စိတ်ပေါ့လက်ပေါ့နေတတ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (5)ဂဏန်း ၃လုံးပါသူများ**
ချူပ်ကိုက်ရန် အလွန်ခက်၏ ။ ဦးဆောင်သောသူလည်း ဖြစ်၏ ။ လိုချင်သောအရာကို ရအောင်ယူနိုင်၏ ။ ရေရှည်အတွက်သာ စဉ်းစားသင့်၏ ။ ခက်ခဲသောအလုပ်ကြီးကို လွယ် လွယ်ကူကူလုပ်နိုင်၏ ။ နဂိုအချစ်ထက အပိုအချစ်ကို ရှာတတ်၏ ။ အချစ်နှင့် အန္တရာယ်ကို ကြုံ တွေ့ရလေ့ရှိ၏ ။ အများ အားဖြင့် လူမုန်းများ၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း ၁ လုံးပါသူများ**
ပတ်ဝန်းကျင်နှင့် မိမိအိမ်ကို မြတ်နိုးတတ်သူများ၊ မိသားစုတာဝန်ကို ကျေပွန်သူများ၊ ကလေးနှင့် အသက် ကြီးရွယ်အိုးသူများအား တောင့်ရှောက်တတ်ကြ၏ ။ ၎င်းတို့အဖို့ အိမ်တွင်းရေး ပြဿနာများသည် ဒုက္ခတွေ့လှပြီဖြစ်၏ ။ မိဘအုပ်ထိန်းသူကောင်းများဖြစ်တတ်၏ ။ နောက်ဆုံး၌ အထီးကျန်များဖြစ်သွားတတ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း 2 လုံးပါသူများ**
အလွန်ချုပ်ချယ် သောမိဘမှမွေးဖွားလာပြီး ကိုယ်တိုင်မိဘဖြစ်သောအခါ သားသမီးကို ချုပ်ချယ်မည်။ သို့ရာတွင် မိသားစုနှင့် ဆန့်ကျင် ဘက်ဖြစ်၍ ထွက်ခွာသွားရတတ်၏ ။ ဘ၀နေနည်းထိုင် နည်းနှင့် ပတ်သက်၍ မသိသူများဖြစ်၏ ။ စိတ်အလိုလိုက်မှု ကြောင့် ရုပ်ခန္ဓာဒုက္ခရောက်တတ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (6)ဂဏန်း ၃ လုံးပါသူများ**
စိုးရိမ်စိတ်လွန်၍ ဒုက္ခတွေ့တတ်၏ ။ အဆိုးဘက် တွေးတတ်၏ ။ မလိုအပ်ဘဲ ပြဿနာရှာတတ်၏ ။ ၀ါသနာပါရာ လုပ်ငန်းကို လုပ်သင့်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၁ လုံးပါသူများ**
အစတေးခံသူများဖြစ်၏ ။ ပြဿနာကြုံတွေ့လျှင် ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံထားပါ။ ဘ၀အတွ့ အကြုံ များသည် ။ အတွေ့အကြုံများသည် ၎င်းတို့၏ ဆရာသမားများဖြစ်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၂ လုံးပါသူများ**
ဘ၀အခက်အခဲ မည်မျှကြီးမားသည် ဖြစ်စေ ဖြေရှင်းနိုင်မည်။ အတွင်းဓာတ်ခံ မနောစွမ်းအားကောင်း၏ ။ အခြေအနေကို အကွက်ရိုက်၍ အသုံးချတတ်၏ ။ ထို့ကြောင့် ရွှေသော့ကိုင်ထားသကဲ့သို့ အရာရာကို ဖွင့်နိုင်၏ ။ ဂီတဓာတ်ခံပါသူများဖြစ်သည်။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (7)ဂဏန်း ၃ လုံးပါသူများ**
တိုးတက်ဖြစ် ထွန်းမည်။ လောကီပညာကို အထူးစိတ်ဝင်းစား၏ ။ ကောင်းစွာစိတ်ကို ထိန်းသိမ်း၍ လိုက်စားပါက ပေါက်မြောက်သွား နိုင်သည်။ တစ်ခါတရံ၌ စိတ်ဓာတ်ကျသွားတတ်၏ ။ ထိန်းသိမ်းပါ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၁ လုံးပါသူများ**
သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ နေထိုင်တတ်ကြသူများဖြစ်၏ ။ အလုပ်ကို ပြီးဆုံးအောင် မလုပ်ဘဲ ထွက်သွားတတ်ကြ၏ ။ ထို့ကြောင့် ( ၈ ) တစ်လုံးသမားကို Rolling Stone ဟုခေါ်သည်။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၂ လုံးပါသူများ**
သူတစ်ပါးနှင့် ဆက် ဆံရာ၌ အာဏာသံမပါရန် ဂရုစိုက်ပါလေ ။ သူတစ်ပါးကို အယုံအကြည်နည်းသူများဖြစ်၏ ပတ်ဝန်းကျင်အပြောင်းအလဲ လွန်စွာလိုလား၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (8)ဂဏန်း ၃ လုံးပါသူများ**
လွန်စွာရှားပါးသော ဂဏန်းတွဲဖြစ်၏ ။ ငယ်စဉ်က ဘ၀အပြောင်းအလဲများ၍ လူလတ်ပိုင်း တွင် တည်တည်ငြိမ်ငြိမ်ဖြစ်သွားတတ်သည်။ ငွေရှာသောလောကတွင် အောင်မြင်သူဖြစ်၏ ။ မှန်မှန်ကန်ကန်ဘ၀တွင် လျှောက်သွားလျှင် အောင်မြင်နိုင်မည်။ ငြိမ်းချမ်းမှုကိုရရန် ခက်ခဲလှ၏ ။ အထူးဂရုစိုက်ပါ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၁ လုံးပါသူများ**
အသစ်အဆန်းများ ရှာဖွေတတ်၏ ။ ရုပ်အားသန့်၏ ။ စိတ်အားဖြည့်လိုက်လျှင် အလွန်ထူးချွန်မည်။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၂ လုံးပါသူများ**

လွန်စွာကြီးမားသော စိတ်စွမ်းအားရှိသူများ၊ တစ်စုံတစ်ရာကို ထားခဲ့နိုင်မည့်သူများ၊ ပညာရှိများ၊ ဒဿနဆရာ များ ဖြစ်တတ်၏ ။ မည်သည့်အရာကို မည်သို့ဖြစ်မည်ကို မေးခွန်းထုတ်လေ့ရှိ၏ ။ အလွှာပေါင်းစုံမှလူများနှင့် ဆက်ဆံ တတ်၏ ။ စိတ်အားကို ချုပ်သုံးရသောကြောင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်သင့်၏ ။

**သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (9)ဂဏန်း ၃ လုံးပါသူများ**
စိတ်စွမ်းအင်ကောင်း၏ ။ သို့သော် အလွန်ဆူပူ သောင်းကြမ်း တတ်သည်။ အံ့သြလောက်အောင် စိတ်ဓာတ်နှင့် ပတ်သက်၍ ခိုင်မာပြင်းထန်သူ များဖြစ်သည်။

** Thiri Yadanar Soe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)