**ဒေးဗစ်ဘက်ခမ်း ဘယ်သွားမလဲ….**
(လန်ဒန်၊ နိုဝင်ဘာ ၂၈)
ဒေးဗစ်ဘက်ခမ်းအနေဖြင့် ဒီဇင်ဘာလအတွင်း ရာသီကုန်လှည့်လည်ကစားမည့် ပြိုင်ပွဲများအပြီး ပဲရစ်စိန့် ဂျာမိန်းကလပ် သို့မဟုတ် လော့စ်အိန်ဂျလိစ်ကလပ် ဂလက်ဆီ၌ ဆက်နေမည်ကို ဆုံးဖြတ်ချက်တစ်ရပ် ခိုင်ခိုင်မာမာ ချမှတ်ရတော့မည်ဖြစ်သည်။ ဘက်ခမ်းအား အီတလီ ကလပ်တစ်ခုနှင့် ဘရာဇီးကလပ်တစ်ခုတို့ကလည်းခေါ်ယူရန် စိတ်ဝင်စားနေသည်။ သို့သော် ပြင်သစ် သို့မဟုတ် အမေရိကန်၌ ဆက်နေမည်ကိုသာ စဉ်းစားပေးမည်ဟု ဆိုသည်။ အသက် ၃၆ နှစ်ရှိ ကွင်းလယ်ကစားသမားဘက်ခမ်းသည် ပီအက်စ်ဂျီနှင့်စာချုပ်ရန် အလုပ်သဘောအရ သဘောတူထားကြောင်း သတင်းများထွက်ပေါ်နေသည်။ ၄င်းအား စပါးနှင့် ကျူပီအာတို့ကလည်း ကမ်းလှမ်းထားသေးသည်။ သို့သော် ယူကေကိုပြန်ရန် မစဉ်းစားဟုဆိုသည်။ (အင်တာနက်)

**ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲရား ရာသီပိတ် တင်းနစ်ပြိုင်ပွဲ ဖလားဆွတ်ခူး**
(လန်ဒန်၊ နိုဝ်ဘာ ၂၈)
ကမ္ဘာကျော် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲရားသည် လန်ဒန်မြို့၌ ကျင်းပခဲ့သည့် ATP World Tour တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ်တင်းနစ်ကစားသမား ဂျိုဝီဖရက်တီဆွန်ဂါအား အနိုင်ရပြီးနောက် ရာသီပိတ်တင်းနစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်အအောင်မြင်ဆုံး တင်းနစ်ကစားသမား ဖြစ်လာသည်။
ဖက်ဒဲရားသည် တီဆွန်ဂါအား ၆-၃၊ ၆-၇ (၆-၈)၊ ၆-၃ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အချိန် ၂ နာရီနှင့် ၁၈ မိနစ်ကြာအောင် ကစားခဲ့ရသည်။ ဆွစ်ဇာလန် တင်းနစ်ကစားသမား ဖက်ဒဲရား၏ ယင်းပြိုင်ပွဲသည် အကြိမ်(၁၀၀)မြောက် ဗိုလ်လုပွဲဖြစ်သည်။ ၄င်းဖလားမှာ ဖက်ဒဲရား၏ အလုံး (၇၀)မြောက် ဖလားလည်းဖြစ်သည်။ ဖက်ဒဲရားသည်။ ၄င်းဖလားကို ခြောက်ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment