ကြောင်တစ်ကောင်သည်ကြွက်ကိုလိုက်ဖမ်းနေသည်။ကြွက်သည်အသက်လုပြေးရင်းတွင်းတစ်တွင်းသို့ဝင်ပြီးခိုအောင်းလိုက်သည်။
ခဏအကြာတွင်ခွေးအူသံများကြားရသည်။ကြောင်မရှိနိုင်လောက်တော့ဘူးဟုထင်မှတ်ပြီးကြွက်သည်အပြင်သို့ထွက်လာသည်။
ထိုစဉ်ကြောင်ကကြွက်ကိုဖမ်းကိုက်လိုက်သည်။ကြွက်ကအသက်မသေမီကြောင်ကိုမေးလိုက်သည်။
"စောစောတုန်းကခွေးသံကြားတယ်ဘာကြောင့်မင်းဒီမှာရှိနေသေးတာလဲ" ဟုမေးရာ

ကြောင်ဖြေလိုက်ပုံက "ဟေ့ကောင်...ကြွက်.ခုခေတ်မှာစကား၂မျိုးမတတ်ရင်ရှာစားလို့မရဘူးကွ"တဲ့။။
--
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment