(ကွမ်းခြံကုန်းမြို့နယ်၊ …… ကျေးရွာ)
............................................
ကွမ်းခြံကုန်းမြို့နယ်၊ …… ကျေးရွာအရှေ့ဘက် ဓနိတောအတွင်းတွင် ၁၈-၁၁-၂၀၁၁ ရက်က သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုဖို့ ကြံစည်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ မ…… (၃၆ နှစ်) သည် နံနက် ၃ နာရီခွဲခန့်တွင် တစ်ရွာတည်းနေ အသိမိတ်ဆွေ၏ မင်္ဂလာနေအိမ်၌ ဝိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် မင်္ဂလာဆောင်မဏ္ဍပ်ထဲတွင် အိပ်ပျော်နေသော သုံးနှစ်အရွယ် သမီးငယ်မှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ တစ်ရွာတည်းနေ …….. (၁၈ နှစ်) က စက်ဘီးဖြင့်ခေါ်ဆောင်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေရာ နံနက် ၇ နာရီအချိန်ခန့်တွင် အရှေ့ဘက် ဓနိတောအတွင်း အဆိုပါသမီးငယ်ခန္ဓာကိုယ်အောက်ပိုင်း အဝတ်အစားမဲ့လျက် ပါးစပ်မှ သွေးများထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် မိခင်ဖြစ်သူ မ……. က တိုင်တန်းခဲ့သဖြင့် လက်ခုပ်ကုန်းရဲစခန်းက (ပ) ၁၅/၁၁ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြည့်ဖြိုးအောင်အား ဖမ်းဆီးစစ်ဆေးရာ ၎င်းနှင့်အတူ လက်ခုပ်ကုန်းမြို့နယ်ကနေ …… (၂၄ နှစ်) တို့သည် သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားစဉ် အော်ဟစ်နေသဖြင့် ပါးစပ်ပိတ်လည်ပင်းညှစ်ရာမှ လက်လွန်ကာ သေဆုံးသွားကြောင်း ထွက်ဆိုခဲ့သည်။ ယင်းအမှုကို ဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြန်မာသတင်းဂျာနယ်
--
**From-မာဃလုလင်**

No comments:
Post a Comment