တော်လှန်ခြင်း အမှန်တရားကိုက
မြင့်မြတ်တဲ့ ခံယူချက်တွေ ယူဆောင်လာခြင်းပေမို့
အမှောင် ကန့်လန်ကာကို သူရဲကောင်းလက်နဲ့ ဆွဲဖွင့်ခဲ့
ဘ၀ကို ရဲရဲကြီး စွန့်လွှတ်ပေးဆပ်ပြီး ၊ သစ္စာသွေးများလဲ စွေးစွေးနီသူ..။
ဆောင်းနှင်းတွေလို ပူလောင် ခြောက်သွေ့ခြင်းကို အသွင်ပြောင်း
နေရောင်ခြည် အလင်းတန်းလို အမှောင်နေ့များအား လွတ်မြောက်စေဖို့
ယူဆောင်လာတဲ့အတွေးအခေါ်များ အားကောင်းမောင်းသန်
မနက်ဖြန်ကို အလင်းပြပြီး တက်ကြွစေခဲ့သူ...။
မကောင်းတဲ့ သတင်း ၊တိတ်ဆိတ်ငြိမ်သက်ခြင်းခြင်းကိုဖြိုခွဲ
ငြိမ်းချမ်းရေးလရောင်ဟာ စစ်လမိုက်ညပေါ်မှာ လဲကျ
အနီး အဝေး ခွပ်ဒေါင်းတွေတောင် မျက်ရည်ကျ
တစ်ဘ၀လုံး ရင်းနှီးပြီး အမှတ်တရ ဒဏ်ရာများပဲ ယူဆောင်သွားသူ..။
တော်လှန်ရေးသူရဲကောင်း ကြယ်တစ်ပွင့်
အချိန်မတန်ခင်ကြွေလွင့်လို့ ရင်နင့်မိတယ် အမှန်..
.ရဲရင့်တဲ့ စိတ်ဓာတ် အမွေ ၊ အမိမြေကို ပေးဆပ်ခဲ့ ၊
အနာဂတ်နေ့ရက်တွေ မဲမှောင် နေလဲ
အာဇာနည် ကြယ်တစ်ပွင့် သမိုင်း၊
အမိမြေကောင်းကင်မှာ ထာဝရ လင်းလက် တောက်ပထင်ကျန်ခဲ့ပြီပဲ....။
**အောင်ခိုင်မြင့်**
ကိုမောင်မောင်စိုး တစ်ယောက်လူ့လောထဲက ရုတ်တရက်နုတ်ဆက်ခွဲခွာသွားတော့မိသားစုနှင့်အတူ ထပ်တူထပ်မျှအထူးကြေကွဲ ၀မ်းနည်းရပါတယ်..့တော်လှန်ရေးရဲဘော် သူငယ်ချင်း ကို နှုတ်ဆက်ဂုဏ်ပြုရင်း....ကောင်းရာသုဂတိလားပါစေ။......

No comments:
Post a Comment