ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 26, 2011

အနင်းခံရွက်ကြွေ

>
'ကျွန်မအခု ကလေးမွေးတော့မယ်။ မိန်းကလေးတော့ မဖြစ်စေချင်ဘူး။ ကျွန်မလို မခံစားစေချင်လို့ပါ'' ယခုဇာတ်လမ်းသည် ဂျပန်နိုင်ငံသို့ ရောင်းစားခြင်းခံလိုက်ရသော ထိုင်းနိုင်ငံသူ 'နု' ဆိုသည့် မိန်းကလေးတစ်ဦး၏ ဇာတ်လမ်းဖြစ်ပါသည်။

နုကို ငယ်စဉ်ကပင် မိဘများက ဆွေမျိုးနီးစပ်တော်သူ တစ်ဦး၏အိမ်သို့ ပို့ထားခြင်းခံရသည်။ မူလတန်း စာလောက်သာတတ်ပြီး ဆွေမျိုးများအိမ်တွင် အခိုင်းအစေဘဝနှင့် သူ့ဘဝသူကျောင်းရရှာသည်။
အပျိုပေါက်အရွယ်သို့ ရောက်လာချိန်တွင် နုကိုအိမ်ရှင်၏သားဖြစ်သူက ဟိုကိုင်သည်ကိုင်လုပ်လာပြီး နောက်ဆုံးအလိုမတူ အဓမ္မကျင့်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။
တစ်ခါတစ်ရံ အိမ်ရှင်သားက သူစိမ်းတစ်ယောက်ထံပို့ပြီး ရောင်းစားခံရသေးသည်။ အိမ်ရှင် သူ့မိဘများကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် နှုတ်ပိတ် နေခဲ့ရသည်။
နောက်တော့ သူ့အလိုကိုလိုက်ပြီး သူခိုင်းတာလုပ်နေရ မည့်အတူတူ ထွက်ပြေးရန် ဆုံးဖြတ်လိုက် သည်။ နုတစ်ယောက် ဘန်ကောက်သို့ရောက်ချိန်တွင် အသက် ၁၅ နှစ်သာရှိသေးသည်။ ဘန်ကောက်တွင် ရပ်တည်ရသည့်ဘဝကမလွယ်ပါ။ နောက်ဆုံးပြည့်တန်ဆာဘဝနှင့်ပင် ရပ်တည်ရ သော်လည်း အကာအကွယ်ပေးမည့်သူများမရှိလျှင် လုပ်စားရန်မပြောနှင့် လှုပ်ရှား၍ပင် မရနိုင်လောက်အောင် ဖြစ်လာသည်။
တစ်နေ့ ဆံပင်ညှပ်သည့်သူငယ်ချင်းတစ်ဦးက ပြည်ပတွင် အလုပ်ကောင်းကြောင်း၊ စားဖို့ နေဖို့ ဘာမှ ပူစရာ မလိုကြောင်း ပြောလာသည်။ ထိုင်းနိုင်ငံမှ အမျိုးသမီးများ ဂျပန် နိုင်ငံတွင် အလုပ်သွားလုပ်ပြီး ချမ်းချမ်းသာသာနှင့် ပြန်လာရသည့်ဇာတ်လမ်းများကို နုတစ်ယောက် စတင်ကြားလိုက်ရသည်။ သူငယ်ချင်းဖြစ်သူက ဂျပန်နိုင်ငံနှင့် အဆက်အသွယ်လုပ်ပေးမည့် ပွဲစားတစ်ယောက်နှင့် ဆက်သွယ် ပေးမည် ဟုပြောသဖြင့် နုလည်း ခေါင်းညိတ်လိုက်မိသည်။
ပွဲစားနှင့်တွေ့သောအခါ ဂျပန်နိုင်ငံ အရက်ဘားဆိုင်တွင် စားပွဲထိုးလုပ်ရမည်ဖြစ်ကြောင်း၊ တစ်လ အမေရိကန်ဒေါ်လာ ၂ဝဝ ခန့်ရမည်ဖြစ်ကြောင်း၊ ခေါ်ရာသို့ လိုက် မလိုက် စာချုပ်မရှိကြောင်း၊ အပို ဝင်ငွေကို ခေါ်ရာနောက်လိုက်ပြီး ရှာနိုင်ကြောင်း နုကိုပြောပြသည်။
နောက်ဆုံး နုတစ်ယောက် ဂျပန်နိုင်ငံသို့သွားရန် လက်ခံလိုက်သည်။ နိုင်ငံခြားထွက်ရန်အတွက် ကုန်ကျစရိတ်များကို ယခု ပေးစရာမလိုသေး၊ ဂျပန်ရောက်ပြီး လစာစတင်ရရှိသည့်အချိန်မှ ပေးချေရမည်ဆိုသည့် စကားကြောင့်ဖြစ်သည်။
နုအတွက် ပွဲစားက ပြည်ပထွက်ခွင့် စာရွက်စာတမ်းများနှင့် ပတ်စ်ပို့လိုက်လုပ်ပေးသည်မှာ နှစ်ပတ်ခန့် သာကြာသည်။ ဘန်ကောက်လေဆိပ်သို့ရောက်ချိန်မှစပြီး နုကို ထိုင်းမိသားစု တစ်စုက တိုက်ရိုက် ညွှန်ကြားချက်တွေပေးပြီး သူတို့ပြောသည့်အတိုင်း နေထိုင် လုပ်ကိုင်ရတော့သည်။ နုသည် ထို မိသားစုဝင်တစ်ဦးအဖြစ် သရုပ်ဆောင်ပြရသည်။
ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ရောက်ချိန်တွင် အဖေအတုက လူဝင်မှုကြီးကြပ်ရေးတွင် ရှင်းစရာ ရှိသည်များကို သွားရှင်းပြီး လေဆိပ်မှအထွက်တွင် နုထံမှပတ်စ်ပို့ကို သိမ်းထားလိုက်သည်။ ခရီးဆောင်သေတ္တာများကိုထုတ်ပြီးချိန်တွင် အတူပါလာသည့် အမျိုးသမီးသည် ကလေးနှစ်ယောက်နှင့် အတူ တစ်နေရာသို့ထွက်သွားသည်။ အဖေအတုကလည်း နုကို ဂျပန်တစ်ဦး၏လက်ထဲသို့ သွားအပ် လိုက်သည်။
ထိုဂျပန်ထံတွင် လက်ရှိအလုပ်လုပ်နေသည့် ထိုင်းအမျိုးသမီး သုံးဦးရှိသည်။ အဖေ အတုက နုကိုပေးသည့် ကြိုတင်ငွေ ဂျပန်ယန်း သုံးသောင်းကို ပွဲစားကိုပေးရန်ဆိုပြီး ပြန်ယူသွားပြီး နုကို ထားခဲ့ကာ ပျောက်သွားတော့သည်။ နောက်မှ နုကို ဂျပန်နိုင်ငံသို့ ခရီးသွား တိုးရစ်ဗီဇာ ဖြင့်ခေါ်လာပြီး၊ ပတ်စ်ပို့ကလည်း အခြားသူတစ်ဦး၏ဓာတ်ပုံနေရာတွင် သူ့ဓာတ်ပုံကိုကပ်ပြီး အတုဖြင့် ခေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
နုကို ရှင်ဂျုကုအရပ်ရှိ ကာရာအိုကေဘားဆိုင်သို့ တက္ကဆီဖြင့်ခေါ်သွားသည်။ ဆိုင်ပိုင်ရှင်သည် ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံသူတစ်ယောက်ကို လက်ထပ်ထားသည်။ ဆိုင်ရှင်က ကိုယ်ခန္ဓာ ပေါ်တွင် ဆေးမင်ကြောင်ရှိသည့် သူနှင့် အမာရွတ် သို့မဟုတ် အမှတ်ကြီးများရှိသည့်သူကို လက်မခံ ကြောင်းနှင့် ဆိုင်နောက်ဘက်ရှိ အခန်းငယ်လေးတစ်ခုအတွင်း အဝတ်အစားများ ချွတ်ပြရမည်ဟု ပြောသည်။ ဆိုင်ရှင်သည် နုကို အပြန်ပြန်အလှန်လှန်စစ်ဆေးပြီး အစမ်းသဘောဟုဆိုကာ နုနှင့် တစ်ရေးအိပ်လိုက်သေးသည်။ သူ့စမ်းသပ်မှုအောက်တွင် နုသည် အသားတွေတစ်စစီကြွေသွားပြီ လားဟု ထင်မှတ်မှားလိုက်မိသည်။
ထို့နောက် HIV/AIDS ရှိမရှိ သွေးစစ်ခိုင်းသည်။ ထို့နောက် ဘားဆိုင်တွင် တိုက်ရိုက် အလုပ်ခန့် လိုက်သည်။ အကယ်၍ ဆိုင်ရှင်ကစစ်ဆေး၍ အလိုမကျလျှင်သော်လည်းကောင်း၊ HIV Positive ရှိနေလျှင်သော်လည်းကောင်း ဘားဆိုင်နောက်ခန်းတွင် ယခုထက်အဆင့်နိမ့်သည့်အလုပ်ကို လုပ်ရပြီး လုပ်ခလည်းနည်းသည်။
လုပ်ဖော်ကိုင်ဘက် မိန်းကလေးတွေထွက်သွားသောအခါ ဆိုင်ရှင်၏မိန်းမ ''မာမာစံ'' က နုတွင် ပွဲစားကိုပေးရန် အကြွေး တစ်သိန်းရှိသည်ဟု ပြောပြသည်။ ထိုအကြွေးများအပြင် နေထိုင်ခနှင့် စားသောက်ခများကိုလည်း အကြွေးအဖြစ် မှတ်ထားမည်ဟုဆိုသည်။
အကြွေးဆပ်နေရသည့် ကာလတွင် ဖောက်သည်က လာခေါ်ပါက မာမာစံထံသို့သာ တိုက်ရိုက် ငွေပေးချေရသည်။ မာမီကြီးက နုကို ထွက်မပြေးရန်၊ ထွက်ပြေးပါက ဂျပန်ယာကူဇာဂိုဏ်းက ပြန်ဖမ်းခေါ်လာမည်။ သေလုမြောပါး အရိုက်ခံရမည့်အပြင် အခြားဘားတစ်ခုသို့ ရောင်းစားခြင်းလည်း ခံရမည်ဟုပြောသည်။ ထိုမျှနှင့်မပြီး လက်ရှိ အကြွေးထက် နှစ်ဆတက်သွားလိမ့်မည်ဟု ပြောထားသည်။
နုလည်း အကောင်းဆုံးနည်းသည် ထွက်မပြေးဘဲ ဖောက်သည်များများလက်ခံ၊ အကြွေးမြန်မြန် ကျေရန်သာဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဖောက်သည်များက တစ်ခါတစ်ရံပေးသည့် ဘောက်ဆူးငွေလေးများသာ တိတ်တဆိတ်လက်ခံခဲ့ရရှာသည်။
နုနေသည့်အိမ်တွင် အသက် ၁၄ နှစ်မှ ၃ဝ ကြား မိန်းကလေး ၃ဝ ခန့်ရှိသည်။ အများစုသည် ဂျပန်သို့ထွက် မလာမီကတည်းက ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာအဖြစ်လုပ် စားခဲ့ကြသူများဖြစ်သည်။ သူတို့သည် အပြင်ထွက်ပြီး ကိုယ်ပိုင်ရှာစားဖို့ စိတ်ကူးမရှိကြ။ အကြွေးတွေပတ်လည်ဝိုင်းနေပြီး ဤအိမ်တွင်ခြေချုပ်မိနေကြသည့်သူများဖြစ်ကြသည်။
အချို့ဆိုလျှင် သူတို့ကိုပြည့်တန်ဆာအဖြစ် ရောင်းချသွားခြင်းခံလိုက်ရပြီး ဤဘဝတွင် သေသည့်အထိ ရုန်းကန်ရတော့မည်ဆိုသည်ကိုပင် မသိ။ သူတို့သည် မာမာစံထားသည့် ဘားနှင့်မနီးမဝေး။ ဤအိမ်ခန်းကျဉ်းကျဉ်းလေးထဲတွင် ခွေးတိုး ဝက်ဝင် သဘောနှင့် နေကြရရှာသည်။
ပြူတင်းပေါက်မှ ပြူတစ်ပြူတစ်မလုပ်ကြရန် အမြဲသတိပေးထားသည်။

ရဲတွေက ပတ်လည် လျှောက်နေသဖြင့် အဖမ်းခံရမည်ဟု မပြတ်ပြောနေသည်။ ဂျပန်နိုင်ငံသည်
အလွန်အေးသည့် နိုင်ငံဖြစ်သည်။ သို့သော်နုတို့အားလုံးတွင် အပူပေးစက်တွေ ရေနွေးတွေမရှိ။ တစ်ယောက်လျှင် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ ခြေအိတ်တစ်စုံသာပေးထားသည်။ အိပ်တော့လည်း အားလုံး ကြမ်းပေါ်တွင် ဒီအတိုင်းအိပ်ကြရသည်။

အချိန်နှင့်ရေကိုချွေတာပါဆိုပြီး အားလုံးကိုစုကာ ရေချိုးကြရသည်။ ထမင်းနှင့်ဟင်းကို အလှည့်ကျ ချက်ကြရသည်။ တစ်နေ့လာ ကြက်ဥကြော်၊ ကြက်ဥပြုတ်သာဖြစ်သည်။ တစ်ခါတစ်လေ အသီးအရွက်ကျော်စားကြရသည်။ ဆိုင်ရှိ အလုပ်သမား များနှင့်လည်း တိုက်ရိုက်ဆက် သွယ်ခွင့်မရှိ။ စာတွေလာပြန်တော့လည်း ဆင်ဆာနှင့်တိုးပြီး ရချင်မှ ရတတ်သည်။
နုသည် တစ်ညလျှင် ဖောက်သည် သုံးယောက်မှ လေးယောက်အထိ လက်ခံရသည်။ ဖောက်သည် များမှာ အသက် ၄ဝ ကျော်အရွယ် ဂျပန်များဖြစ်ကြသည်။ လာသမျှ ဖောက်သည်ကို ငြင်းဆန်ခွင့်မရှိ။ အချို့ခပ်ငယ်ငယ်များဆိုလျှင် အတော်လေးရိုင်းစိုင်းကြမ်းတမ်းတတ်ကြသည်။
သူတို့က ထိုင်း နိုင်ငံမှ လာသည့် နုတို့လိုအမျိုးသမီးတွေကို ဂျပန်နိုင်ငံ၏ လိင်ကျွန်များအဖြစ်သာ သဘောထားကြသည်။ တစ်ခါတစ်ရံ စိတ်မပါသဖြင့် ခပ်တောင့်တောင့်ကြီးများနေမိလိုက်လျှင် သူတို့ ခါးပတ်များ၊ တုတ်ကောက်များဖြင့် သွေးထွက်သည်အထိ ရိုက်နှက်တတ်သေးသည်။
တစ်ခါတစ်ရံ ဖောက်သည်များနှင့်လိုက်သွားသည့် အမျိုးသမီးလေးများသည် သွေးရူးသွေးတမ်းဖြစ်ကာ ထိတ်လန့်ပြီး ပြန်လာတတ်ကြသည်။ ကိုယ်ပေါ်တွင် ဒဏ်ရာတွေ အပြည့်နှင့်ပြန်လာသည့်သူတို့ကို မာမာစံက နှစ်သိမ့်လိမ့်မည်ဟူ၍မထင်လိုက်ပါနှင့်။ နင်တို့သောက်သုံးမကျလို့ ဖောက်သည်က အလိုမကျတာဆိုပြီး ထပ်ရိုက်သေးသည်။ အကယ်၍ ဖောက်သည်ကို ပြန်ခံပြောသည်၊ ဂျစ်ကန်ကန် ပြန်ဆက်ဆံသည်ဟု အတိုင်ခံရပြန်လျှင်လည်း သေလုမြောပါး အရိုက်ခံရတတ်သည်။
သူတို့သည် ဖောက်သည်များနှင့် လိင်ဆက်ဆံခြင်းမပြုမီ နာကျင်မှုသက်သာစေရန် ဆေးများ သောက်ကြရသည်။ အမျိုးသမီးများအနေဖြင့် ရာသီလာချိန်သာမက၊ နေမကောင်းသည့် ကာလများ တွင်ပါ မနားကြရပေ။ မာမာစံက နုတို့ကို မပြတ်သတိပေးနေသည်ကတော့ လိင်မဆက်ဆံမီ ဖောက်သည်ကို ကွန်ဒုံးသုံးခိုင်းရန်ဖြစ်သည်။
ကွန်ဒုံးသုံးခိုင်းလျှင် အချို့ကလက်ခံကြသော်လည်း၊ အချို့ကရန်ရှာကြသည်။ ဖောက်သည်က မသုံးချင်ကြောင်း အမူအယာပြလာလျှင်လည်း လက်ခံလိုက်ကြရသည်သာဖြစ်သည်။ မာမာစံကလည်း ဖောက်သည်ကို ကွန်ဒုံးသုံးရန် အတင်းအကြပ်ပြောလေ့မရှိ။ သူတို့သည် မာမာစံကပေးသည့်ဆေးကို တစ်နေ့တစ်လုံးသောက်ကြရသည်။ သန္ဓေတားဆေးဖြစ်သည်။
ဘားဆိုင်မှ မိန်းကလေးအားလုံး အတွက် ကလေးဖျက်ချခြင်းဆိုသည့်အလုပ်သည် ဘားနောက်ခန်းထဲတွင် အလွယ်လေး ကိစ္စပြီးနိုင် သည်။ ကိုယ်ဝန်ရှိလာကြောင်း မာမာစံ သိသွားလို့ကတော့ ဒေါသူပုန်ထသွားမည်ဖြစ်သည်။ ပြီးလျှင် ဆရာဝန်ခေါ်ပြီးပြမည်။ သူတို့စရိတ်ထဲထည့်ပေါင်းပြီး အကြွေးစာရင်းမှတ်မည်။
သူတို့သည် STDS/AIDS တွေကို မကောင်းဘူးဆိုတာ လောက်ကလွဲပြီး ဘာမျှမသိ။ ကိုယ်ဝန်ရှိသည့်သူမှာ ဘားခန်းနောက်တွင် ဆရာဝန်လက်စွမ်းပြတာ ခံလိုက်ရပါက မတ်တပ် မရပ်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။ သူတို့တစ်တွေအဖို့ အခြားခံစားကြရသည့် ဝေဒနာများမှာ ဗိုက်နာခြင်း၊ အဖျားတက်ခြင်း၊ ထိခိုက်ဒဏ်ရာရလာခြင်း၊ စိတ်ကစင့်ကလျှားဖြစ်လာခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဖောက်ပြန်ခြင်းများ ဖြစ်လာပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေသည်အထိ ဖြစ်လာကြသည်။
ဖိနှိပ်ချုပ်ချယ်မှု တွေအောက်တွင် လှုပ်ရှားနေကြရသဖြင့် စိတ်သိပ်မရှည်တတ်ကြ။ သို့ဖြစ်ရာ ထစ်ကနည်းဖြစ်လိုက်လျှင် အချင်းချင်းရိုက်နှက်ချင်၊ အော်ဟစ်ချင်သည်အထိ ဖြစ်လာကြသည်။ သို့သော် ဘဝတူချင်းဖြစ်နေပြန်သဖြင့် အချင်းချင်းရိုင်းပင်းပြီး ဖြစ်အောင်နေကြရပြန်သည်။
မိန်းကလေးတစ်ယောက်ဆိုလျှင် စိတ်ဓာတ်ကျပြီး ကိုယ့်လက်ကောက်ဝတ်ကို ပုလင်းကွဲစဖြင့်ဖြတ်ကာ သေကြောင်းကြံသည်။ သို့သော်ဒဏ်ရာကသိပ်ပြီးမနက်သဖြင့် အသက်သေလောက်အောင်မဖြစ်ပေ။ သူ့အခြေအနေက ထိန်းမနိုင်သိမ်းမရ အတော်လေးဆိုးလှသည်။ နောက်ဆုံး ဖောက်သည်လည်း မရတော့ဘဲ ဘားဆိုင်တွင်စားပွဲထိုးကာ အကြွေးဆပ်ရင်း ဘဝကိုကုန်လွန်ရတော့မည်ဖြစ်သည်။
ဘေးနားရှိတိုက်မှ မိန်းကလေးတစ်ဦးကမူ တိုက်ပေါ်မှ ခုန်ချပြီး သေကြောင်းကြံသည်။ သူကျတော့ ပွဲချင်းပြီးသွားသည်။
တစ်ခါတစ်ရံ ရဲများက ဗီဇာကုန်လွန်ပြီး ရှောင်တိန်းနေသူများကို လာရှာတတ်သည်။ သို့သော် ဆိုင်ရှင်တွင်လည်း ရဲသတင်းပေးများရှိသဖြင့် ထိုသို့လာရှာမည်ကို ကြိုသိပြီး ရှောင်ခိုင်းထားတတ် သည်။ နုတို့လို အိုဗာစတေးဖြင့်နေသူများကို ဆိုင်ရှင်က ဘတ်စ်ကားအပျက်များထားသည့်နေရာတွင် လည်းကောင်း၊ အနီးရှိတည်းခိုခန်းတစ်ခုတွင်လည်းကောင်း ပုန်းခိုင်းထားတတ်သည်။ ရဲလာလျှင် ဗီဇာရှိသူတွေကို တန်းစီထုတ်ပြထားတတ်သည်။ ရဲကလည်း လာဘ်ယူပြီး ပြန်သွားတတ်သည်က များသည်။
ဘားဆိုင်တွင် မိန်းကလေး ၃ဝ လောက်ရှိသည်။ နှစ်ယောက်သာ သူတို့ဖောက်သည်တွေက ကူညီသဖြင့် လွတ်သွားဖူးသည်။ ကျန်နှစ်ယောက်မှာ ရဲကဖမ်းမိပြီး ဆိုင်သို့ပြန်ပို့သဖြင့် သေလုမြောပါး အရိုက်ခံလိုက်ရသည်။ မာမာစံကတော့ လွတ်သွားသည့်မိန်းကလေးနှစ်ယောက်အား တစ်နေရာတွင် သတ်ပစ်လိုက်ပြီဟုပြောသည်။
နုတို့လိုမိန်းကလေးတွေအားလုံး၏ စိတ်ကူးယဉ်အိပ်မက်သည် လွတ်မြောက်ထွက်ပြေးရေးဖြစ်သည်။ တစ်ခါတစ်ရံဆုံမိကြလျှင် လွတ်မြောက်ရေးအတွက် အကြံအစည်တွေ ချမှတ်ကြသော်လည်း နောက်ဆုံး ကြောက်ရွံ့လွန်းသဖြင့် ပျက်သွားရသည်ကများသည်။
အချို့ကထိုင်းသံရုံးသို့သွားပြီး ခိုလှုံခွင့်တောင်းရန် စိတ်ကူးကြသည်။ သို့သော် သံရုံးကအရာရှိများသည် ထိုသို့တရား မဝင်လာရောက်နေထိုင်သူများကို ဆံပင်တွေဖြတ်ပြီး ထောင်ထဲ ပို့တတ်သည်ဟု ပြောသဖြင့် မလှုပ်ဝံ့ကြတော့။
အချို့မိန်းကလေးများသည် အကြွေးကိုကျေအောင်ဆပ်ပြီး ဘားဆိုင်မှထွက်ကာ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ကြသည်။ ထိုမိန်းကလေးများမှာလည်း မကြာမီရဲကပြန်အဖမ်းခံရပြီး ဒဏ်ရိုက်၊ ထောင်ချသည့်အပြင် ထိုင်းနိုင်ငံသို့ ပြန်မပို့မချင်း မုဒိမ်းအကျင့်ခံရဖို့သေချာသလောက်ဖြစ်သည်။
ဆိုင်ရှင်က အပြစ်မရှိအပြစ်ရှာ၊ အကျင့်ပျက်ရဲတွေက ခြိမ်းခြောက် မုဒိမ်းကျင့်၊ ဖောက်သည်တွေက လူမဆန်စွာ နှိပ်စက်ကျင့်ကြံကြသော်လည်း သူတို့ကို အရေးယူအပြစ်ပေးမည့်သူတွေမရှိ။
တစ်နေ့တွင် ထိုင်းစားသောက်ဆိုင်တစ်ဆိုင်၌ စာတစ်စောင်ကပ်ထားသည်ကို နုမြင်လိုက်ရသည်။ စာတွင် ''အကူအညီလိုနေသလား။ ဒီဖုန်းနံပါတ်လေးကိုသာဆက်လိုက်ပါ'' ဟူ၍ဖြစ်သည်။ နုလည်း စိတ်ကူးပေါက်ပြီး ထိုဖုန်းနံပါတ်အတိုင်း ဆက်လိုက်ရာတွင် ဂျပန်နိုင်ငံမှ သီလရှင်တစ်ပါးဖြစ်နေသည်။
နုက သူ့အကြောင်းကို သီလရှင်အားပြောပြပြီးလျှင် ထိုင်းနိုင်ငံသို့ပြန်ပို့ပေးပါရန် မေတ္တာရပ်ခံ လိုက်သည်။ သီလရှင်ကြီး၏ ကျေးဇူးကြောင့် နုသည်ထိုင်းနိုင်ငံသို့ပြန်ရောက်လာပြီး NGO တစ်ယောက်နှင့် ဆက်သွယ်မိသည်။ ငါးနှစ်ခန့် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားပြီးမှ နုထံတွင်ပါလာသည့် ငွေမှာ ထိုင်းဘတ်ငွေ သုံးသောင်းခန့်သာဖြစ်သည်။
အမျိုးသမီးများဘဝသည် ပညာလည်းတတ်၊ ဘဝလုံခြုံမှုအတွက် သင့်တင့်လျှောက်ပတ်သည့် လုပ်ငန်းနှင့် ဝင်ငွေလေးရှိမှသာ ပြည့်တန်ဆာဘဝသို့ အလွယ်ရောက်မသွားနိုင်မည်ဖြစ်သည်။
ပြည့်တန်ဆာဘဝသည် ရုန်းမထွက်နိုင်သည့် ဘဝသေမဟုတ်ပါ။ နု ယခုပြန်လည်စတင်နေရသည့် ဘဝလေးတစ်ခု အတွင်းသို့ လူတိုင်းပြန်လည်ဝင်ရောက်နိုင်ပါသည်။ ရဲတွေက ရဲအလုပ်ကို တကယ်လုပ်လျှင် မာမာစံလိုလူမျိုးတွေက နုတို့လိုအမျိုးသမီးများနှင့် လုပ်စားနိုင်ခွင့်ရှိပါမည်လော။ ရဲတွေက လာဘ်စားပြီး ကိုယ်တိုင်လည်းဝင်ကာနွှဲနေသည့်ပွဲတွင် မိန်းကလေးတိုင်း၏ဘဝသည့် အပြည့်အဝ လုံခြုံမှုရှိနိုင်မည်မဟုတ်ပေ။
ဂျပန်နိုင်ငံတွင် မုန်းစရာကောင်းသည်က နုတို့လိုနိုင်ငံခြားသူတွေအတွက် အာမခံချက်မရှိခြင်း ဖြစ်သည်။ ဘဝက မိန်းမပျက်ဘဝဖြစ်နေပြီး ရှက်စရာ ရွံစရာမည်မျှကောင်းသည်ဆိုစေ ရွေးချယ်စရာ လမ်းက အတိတ်မှာမပေးခဲ့။ ထိုင်းမှ အကြံအဖန်ဖြင့်ရောက်လာသည့် မိန်းကလေးတိုင်းကို သူတို့က ပြည့်တန်ဆာလုပ်စားရန်ရောက်လာကြသည် လိင်ကုန်သည် များဟူ၍သာ စိတ်ထဲတွင် စွဲမှတ်ထားကြ သည်။

ဂျပန်နိုင်ငံရောက် ရောင်းစားခြင်းခံလိုက်ရသည့် ထိုင်းမိန်းကလေးတွေ၏ဘဝသည် ရွက်ခြောက်လေး တွေပမာ ဖြစ်ခဲ့ရရှာသည်။ ညအသင်္ချေတွင် လေဝေ့တိုင်းမြောပါနေကြရသည့် သစ်ရွက်ခြောက် လေးတွေမှာ နင်းချင်သူနင်းစေဘ၀ရောက်ကြရရှာသည်။ မကြွေသည့်ဘဝကိုမျှော်လင့်မိသော်လည်း ဘဝကြမ်းတွင် မနွမ်းရေးသည် ကုသိုလ်ကံအပေါ် ပုံချလိုက်ရုံသာ။
ဘဝကိုမည်မျှအသစ်ကပြန်စသည်ဆိုစေ ပြည့်တန်ဆာကို မင်းသမီးတစ်ပါးလို မည်သူမျှ ပြန်မြင်ကြမည်မဟုတ်ပေ။ ဘဝတူရွက်ခြောက်တွေချင်းကတော့ စာနာခြင်းများစွာဖြင့် နားလည် ပေးနိုင်သော်လည်း ကြွေခဲ့ပြီလေ။

**တင်ညွန့်**

--စတုထ္ထလှိုင်း
Posted By လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)