ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 27, 2011

မိန်းကလေးများ အသဲကွဲတတ်သည်

>
အချစ်ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ ချစ်သူသေဆုံးခြင်း စသည်စသည် အကြောင်းကြောင်းတို့ကြောင့် လူတို့မှာ အသဲကွဲခြင်းဟုခေါ်သော စိတ်နှလုံးထိခိုက်ခြင်းဝေဒနာကို ခံစားရသည်ဖြစ်ခါ၊ ထိုထိုသော ရောဂါဘယ ကိုခံစားရသူအပေါင်းတွင် မိန်းကလေးများက ပိုမိုပြီး အထိခိုက်ဆုံးဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်နေ့ထုတ် Daliy Mail သတင်းစာပါ သတင်း တစ်ပုဒ်က ဆိုတယ်ပေါ့ သပ္ပုရိသ သူတော်စင်အပေါင်းတို့။

အမေရိကန်နိုင်ငံ အာကင်းဆတ် တက္ကကသိုလ်မှ ဒေါက်တာအဘီရှက်ဒက်ရှ်မက်၏ လေ့လာတွေ့ ရှိချက်မှာတော့ လူသားတွေဟာ ပျော်ရွှင်မှု့ကြောင့်ဖြစ်စေ၊ စိတ်နှလုံးထိခိုက်မှု့ ကိစ္စကြောင့် ဖြစ် စေ စိတ်ကို အထူးလှုံ့ဆော်သော ကိစ္စနှင့်ကြုံသောအခါ လူ့နှလုံးကို အတိုင်းအတာတခုထိ ထိခိုက် ဒဏ်ရာရတတ်ပြီး နှလုံးရောဂါရသည်အထိဖြစ်တတ်တယ်လို့ ဆိုလေငဲ့၊ သို့ကလို ခံစားရသော လူသားတို့အနက်မှ သုံးတောင်ဝတ်မိန်းမသားများမှာ နှလုံးရောဂါအဖြစ်ဆုံးပါတဲ့ ဗျာတို့ရယ်။

ဆက်လက်ပြီး ဒေါက်တာအဘီရှက်က စိတ်မကောင်းစရာနှင့်ကြုံရသောအခါ စိတ်ဖိစီးမှု့ဒဏ်ကို ဖြစ်စေသော အဒရီလင်နှင့် အခြားဟော်မုန်း များသည် ပမာဏ အများအပြားထွက်လာတတ်သည်၊ ထို့သောထွက်လာသော ဟိုမုန်းများက နှလုံး၏ သွေးတွန်းထုတ်ရာ အခန်းကို ရုတ်ချည်းဖောင်း တတ်လာစေ၍၊ ပုံမှန်လည်ပတ်နေကျ စည်းချက်ကို ပျက်စေပြီး၊ ထိုသို့ပျက်သွားခြင်းကို နှလုံးရှော့ခ် ဖြစ်ခြင်းဟု ဆိုကြောင်း၊ အလွန်စိတ်ထိခိုက်စရာ နှင့်ကြုံရပါက ဟိုမုန်းများ ဆောင့်တက်ပြီး ထိုသို့ ရှော့ဖြစ်တက်တယ်လို့လည်း ဆိုလေရဲ့။

အထက်ပါ နှလုံးရှော့ဖြစ်ခြင်း ဝေဒနာ (တနည်း) အသဲကွဲခြင်းကို ဗြိတိန်နိုင်ငံ တစ်ဝန်း ဆေးရုံတစ် ထောင်ကျော်မှာ စစ်တမ်းကောက်လိုက်တဲ့အခါ ဝေဒနာရှင် ၆၂၂၉ဦးအနက် အတောင်နှစ်ဆယ် ၀တ်မင်းယောကျာင်္းများရဲ့ပါဝင်မှု့က ၆၇၁ဦးသာ ရှိတယ်လို့ဆိုပါတယ်၊ အမျိုးသမီးများဟာ အမျိုး သားများထက် နှလုံးဖောက်ပြန်နိုင်ချေဟာ ၉.၅ ဆခန့် များပြားတယ်လို့ ဆိုချေတယ်ပေါ့ဗျာတို့ ရယ်။

သို့ကလို အထိမခံ ရွှေပုဂံကဲ့သို့ ထိလွယ်ရှလွယ်ရှိချေ လှစွာသော အနှီအမျိုးသမီးထု ကြီးကို နှလုံးကွဲအောင် ပြုမှုနိုင်သော လူသားများမှာ ကိုကိုငွေတို့ကဲ့သို့သော ချစ်သူကြင်သူ ယောကျာင်္း များကသာ ပြုလုပ်နိုင်တယ်လို့လဲ ကိုကိုငွေ စေ့ငုရသော ရိုက်တာသတင်းတရပ်မှာလည်း ဖော်ပြ တာကို ဖတ်မှတ်လိုက်သေးပေတော့၊ အကြင် သတို့သားတို့က မိမိရဲ့ ချစ်သူကြင်သူကို အဘယ့် ကြောင့် နှလုံးကွဲအောင်ပြုချေဘိသနည်း။ အကြင်သတို့သမီးကလည်း မိမိကိုချစ်ခင်တဲ့ သတို့သားလောင်က နှလုံးကွဲလောက်အောင် ဘယ်လိုပြစ်မှု့တွေ ကျူးလွန်ဘိသတုန်း။

ချစ်သူစုံတွဲဆိုတာ စိတ်ညစ်စရာ စိတ်ဆိုးစရာ ရံဖန်ရံခါ ရှိပေလိမ့်မပေါ့ ၊ ငိုအောင်မလုပ်နဲ့လေ ငိုအောင် လုပ်ပြီးရင်လည်း ဟိုမောင်က ပြန်ချော့ချေပေါ့ ၊ ခုတော့ဟုတ်ပေါင်ဗျာတို့ရယ် သတို့သမီး လောင်း၊ သတို့သားလောင်းတို့ကလည်း အိုင်မြင်တိုင်း ခြေဆေး၊ ချုံကွယ်ကွယ်တိုင်း ရှုးရှုးပေါက် နေတော့ကား မကြာမခဏဆိုသလို အင်တာနက်ဆိုင်မှာ ငိုသံတွေ ရှိုက်သံတွေကြားရသပေါ့။ ငိုသံ ရှိုက်သံတွေက အရေးမကြီးဘူးဗျာတို့ ကိုယ့်လုံးလ ပယောဂကြောင့်မယ်မင်းကြီးမလေး များခင်မျာ နှလုံးကွဲသွားလျှင်ရင်ဖြင့် ပါဏာတိပါတာ ဖြစ်မယ်မဟုတ်ပါလား၊ ဘယ်နှာကြောင့်လဲကိုကိုငွေလို့ မေးခဲ့ရင် မိန်းကလေးတွေက ယောကျာင်္းလေးများထက် အသဲကွဲလွယ်ကူကြောင်းပါ သပ္ပုရိသနွယ် ၀င်သူတော်စင် အပေါင်းတို့ လေ။

ဘလော့စာရှု့သူများ ဗဟုသုတ ကုံလုံကြွယ်ဝပါစေကြောင်း ငွေလမင်းတို့ဆုမွန်တောင်းပါတယ်၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ (ရှင်)……။

**ငွေလမင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)