
Van Gogh's Room at Arles (link)
အမှောင်တွေ ချည်းပါပဲကွယ်..
ဒီလောကထဲမှာလေ..
အမှောင်တွေချည်းပါပဲကွယ်..
ရှိရှိသမျှ..
နေအဖွဲ့အစည်းတွေအားလုံး
ကျိန်စာ အသင့်ခံထားလိုက်ရတဲ့
မှောင်မိုက်ခြင်းမျိုးပေါ့ကွယ်..
အလင်းရောင်ကို ချစ်တတ်လိုက်လို့..
ငါ့မှာလေ..
ကိုယ့်ကိုယ်ကို မီးရှို့ရ..
ကိုယ့်ကိုယ်ကို မီးလောင်ရ..
ကိုယ့်ကိုယ်ကို မီးသတ်ကားခေါ်ရ..
ကိုယ့်ကိုယ်ကို မီးငြိမ်းရ..
အို.. ဘုရားသခင်ရေ..
အသင်တောင်မှ ဒီလောကထဲ
မြေတစ်ကွက် မပိုင်ခဲ့သွားပါဘူးကွယ်..
အစကတော့..
ငါ ဒီအရပ်ကို လာမိတာ..
ငါ ချစ်တဲ့ လူတွေအတွက်ပေါ့..
ငါ.. လူတွေကို မုန်းတတ်ဖို့ မဟုတ်ဘူး..
ငါမုန်းတဲ့ လူတွေကို ငါ့ကိုယ်ငါ အစာလုပ်
လှူဖို့လည်း မဟုတ်ဘူး..
ဒီနေ့တော့
မြင့်မိုးအောင် ကောင်းမြတ်ခြင်းတရားကို
ဘာကြောင့် နှုတ်ဆက်ချင်သလဲဆိုတာကို သိလိုက်တဲ့နေ့..
ဗင်းဆင့်ဗင်ဂိုး.. သေနတ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့နေ့..
ဆိုကရေးတီး ကြိုးပေးခံရတဲ့နေ့..
သောမတ်မိုး.. သေဒဏ်ကျတဲ့နေ့..
သူငယ်ချင်း..
နင်.. ငါ့ရင်ကို မမြင်ဘူးမဟုတ်လား..
ခိုင်းနှိုင်းပြရရင်..
နင်ပြောခဲ့ဖူးသလိုပါပဲ
ငါ အခုခံစားနေရတာက
စာဖတ်နာထားတဲ့ သူတစ်ယောက်ရဲ့
ကောက်ကျစ်မှု ခံထားရသလိုမျိုး
ပေါ့ပေါ့ပါးပါးနဲ့.. လေးလေးပင်ပင်ရှိတယ်..
ချစ်သူရေ.. ငါက သူခိုးကွဲ့...
သူခိုးမှ.. သူများနိုင်ငံထဲ ခိုးဝင်တဲ့ သူခိုး..
နောက်ပြီး ဒီထက်ဆိုးတာက
ဗုဒ္ဓဟောတဲ့ ကရုဏာတရားကို
အကြောက်လွန်လွန်းလို့ ရှောင်ပြေးနေရတဲ့ ဘဝ
ငါ့ကြောင့် တစ်ခြားသူ မနာကျင်စေချင်ဘူးကွယ်..
ဒါကြောင့် တစ်ပါးသူတွေ ပိုနာကျင်ကုန်တယ်..
ငါက အရိပ်နေနေအခတ်ချိုးချိုးလူစားတော့ မဟုတ်ပါဘူး..
သူက ငါ့အကျင့်ကိုသိလို့
အခတ်အလက်တွေ အားလုံး ကြွေပေးရှာတာပါ..
ညကတော့ အိပ်မက်ထဲမှာ
သေနတ်တစ်လက်ရတယ်..
ဗင်းဆင့်လို ငါသေကြောင်းမကြံလိုက်မိဘူး..
ငါ.. သူများတွေကို လိုက်လိုက်ပစ်တယ်..
ဒါပေမဲ့ ဘာကြောင့်မှန်းမသိပါဘူးကွယ်..
ကျည်ဆန်တွေက လည်လည်ထွက်ပြီး
ငါ့ကိုငါပဲ ပြန်ပြန်မှန်ကုန်တယ်..
တော်ပါပြီကွယ်..
နင်ပူလောင်ကုန်ပါ့မယ်
နင်လည်း အထီးကျန်ခြင်းတွေ
ခံစားနေရတယ် မဟုတ်လား..
စိတ်မပူပါနဲ့
ဒီနေ့တော့ ငါသေကြောင်းမကြံသေးပါဘူး.. သူငယ်ချင်းရဲ့..
ဒုက္ခဆိုတာဟာ အမှန်တော့
အခု ငါ့အရှေ့မှာချထားတဲ့
အရက်နဲ့တူတယ်..
အရင်ကငါလည်း တစ်ခွက်သောက်ရင် မူးတယ်
နောက်တော့ တစ်စိတ်သောက်ရင် မူးတယ်
နောက် တစ်ပိုင်းသောက်မှ မူးတယ်
အခုတော့ ဘယ်လောက်ဖြစ်ဖြစ် စိမ်သောက်နိုင်နေပါပြီ..
ငါ့မှာလေ.. ငါ့မှာလေ..
ခံစားတတ်ဖို့..
ပန်းချီတွေဆွဲဖို့..
ကဗျာတွေဖွဲ့ဖို့..
နောက်ဆုံး.. ငါ..
ကိုယ်ချင်းစာတရား ရှိဖို့..
ဒုက္ခတွေ အများကြီးလိုတယ်.. ဘုရားသခင်ရဲ့..
ဒုက္ခတွေ အများကြီးလိုတယ်.. ချစ်သူရဲ့..
ဒုက္ခတွေ အများကြီးလိုတယ်.. သူငယ်ချင်းရဲ့..။ ။
Posted by သော်ဇင်စိုး

Van Gogh's Room at Arles (link)
အမှောင်တွေ ချည်းပါပဲကွယ်..
ဒီလောကထဲမှာလေ..
အမှောင်တွေချည်းပါပဲကွယ်..
ရှိရှိသမျှ..
နေအဖွဲ့အစည်းတွေအားလုံး
ကျိန်စာ အသင့်ခံထားလိုက်ရတဲ့
မှောင်မိုက်ခြင်းမျိုးပေါ့ကွယ်..
အလင်းရောင်ကို ချစ်တတ်လိုက်လို့..
ငါ့မှာလေ..
ကိုယ့်ကိုယ်ကို မီးရှို့ရ..
ကိုယ့်ကိုယ်ကို မီးလောင်ရ..
ကိုယ့်ကိုယ်ကို မီးသတ်ကားခေါ်ရ..
ကိုယ့်ကိုယ်ကို မီးငြိမ်းရ..
အို.. ဘုရားသခင်ရေ..
အသင်တောင်မှ ဒီလောကထဲ
မြေတစ်ကွက် မပိုင်ခဲ့သွားပါဘူးကွယ်..
အစကတော့..
ငါ ဒီအရပ်ကို လာမိတာ..
ငါ ချစ်တဲ့ လူတွေအတွက်ပေါ့..
ငါ.. လူတွေကို မုန်းတတ်ဖို့ မဟုတ်ဘူး..
ငါမုန်းတဲ့ လူတွေကို ငါ့ကိုယ်ငါ အစာလုပ်
လှူဖို့လည်း မဟုတ်ဘူး..
ဒီနေ့တော့
မြင့်မိုးအောင် ကောင်းမြတ်ခြင်းတရားကို
ဘာကြောင့် နှုတ်ဆက်ချင်သလဲဆိုတာကို သိလိုက်တဲ့နေ့..
ဗင်းဆင့်ဗင်ဂိုး.. သေနတ်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့နေ့..
ဆိုကရေးတီး ကြိုးပေးခံရတဲ့နေ့..
သောမတ်မိုး.. သေဒဏ်ကျတဲ့နေ့..
သူငယ်ချင်း..
နင်.. ငါ့ရင်ကို မမြင်ဘူးမဟုတ်လား..
ခိုင်းနှိုင်းပြရရင်..
နင်ပြောခဲ့ဖူးသလိုပါပဲ
ငါ အခုခံစားနေရတာက
စာဖတ်နာထားတဲ့ သူတစ်ယောက်ရဲ့
ကောက်ကျစ်မှု ခံထားရသလိုမျိုး
ပေါ့ပေါ့ပါးပါးနဲ့.. လေးလေးပင်ပင်ရှိတယ်..
ချစ်သူရေ.. ငါက သူခိုးကွဲ့...
သူခိုးမှ.. သူများနိုင်ငံထဲ ခိုးဝင်တဲ့ သူခိုး..
နောက်ပြီး ဒီထက်ဆိုးတာက
ဗုဒ္ဓဟောတဲ့ ကရုဏာတရားကို
အကြောက်လွန်လွန်းလို့ ရှောင်ပြေးနေရတဲ့ ဘဝ
ငါ့ကြောင့် တစ်ခြားသူ မနာကျင်စေချင်ဘူးကွယ်..
ဒါကြောင့် တစ်ပါးသူတွေ ပိုနာကျင်ကုန်တယ်..
ငါက အရိပ်နေနေအခတ်ချိုးချိုးလူစားတော့ မဟုတ်ပါဘူး..
သူက ငါ့အကျင့်ကိုသိလို့
အခတ်အလက်တွေ အားလုံး ကြွေပေးရှာတာပါ..
ညကတော့ အိပ်မက်ထဲမှာ
သေနတ်တစ်လက်ရတယ်..
ဗင်းဆင့်လို ငါသေကြောင်းမကြံလိုက်မိဘူး..
ငါ.. သူများတွေကို လိုက်လိုက်ပစ်တယ်..
ဒါပေမဲ့ ဘာကြောင့်မှန်းမသိပါဘူးကွယ်..
ကျည်ဆန်တွေက လည်လည်ထွက်ပြီး
ငါ့ကိုငါပဲ ပြန်ပြန်မှန်ကုန်တယ်..
တော်ပါပြီကွယ်..
နင်ပူလောင်ကုန်ပါ့မယ်
နင်လည်း အထီးကျန်ခြင်းတွေ
ခံစားနေရတယ် မဟုတ်လား..
စိတ်မပူပါနဲ့
ဒီနေ့တော့ ငါသေကြောင်းမကြံသေးပါဘူး.. သူငယ်ချင်းရဲ့..
ဒုက္ခဆိုတာဟာ အမှန်တော့
အခု ငါ့အရှေ့မှာချထားတဲ့
အရက်နဲ့တူတယ်..
အရင်ကငါလည်း တစ်ခွက်သောက်ရင် မူးတယ်
နောက်တော့ တစ်စိတ်သောက်ရင် မူးတယ်
နောက် တစ်ပိုင်းသောက်မှ မူးတယ်
အခုတော့ ဘယ်လောက်ဖြစ်ဖြစ် စိမ်သောက်နိုင်နေပါပြီ..
ငါ့မှာလေ.. ငါ့မှာလေ..
ခံစားတတ်ဖို့..
ပန်းချီတွေဆွဲဖို့..
ကဗျာတွေဖွဲ့ဖို့..
နောက်ဆုံး.. ငါ..
ကိုယ်ချင်းစာတရား ရှိဖို့..
ဒုက္ခတွေ အများကြီးလိုတယ်.. ဘုရားသခင်ရဲ့..
ဒုက္ခတွေ အများကြီးလိုတယ်.. ချစ်သူရဲ့..
ဒုက္ခတွေ အများကြီးလိုတယ်.. သူငယ်ချင်းရဲ့..။ ။
Posted by သော်ဇင်စိုး
No comments:
Post a Comment