ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 18, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>

**ဗီယက်နမ်နိုင်ငံ၌ အထပ်မြင့်အမြွှာ အဆောက်အအုံမီးလောင်မှုဖြစ်ပွား**
(ဟနွိုင်း၊ ဒီဇင်ဘာ ၁၆)
အဆိုပါ အမြွှာအထပ်မြင့်အဆောက်အအုံမြေညီထပ်မှစတင်ကာ ယင်းနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ယင်းအအောက်အအုံများအတွင်း ဒါဇင် ပေါင်းများစွာသော ၀န်ထမ်းများ ပိတ်မိနေခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များရောက်ရှိလာပြီး မီးငြှိမ်းသတ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၆ နာရီ မိနစ် ၅၀ ၌ မီးငြှိမ်းသတ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၆ နာရီ မိနစ် ၅၀ ၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အမြွှာအထပ်မြင့်အဆောက်အအုံများအတွင်း ၀န်ထမ်း ၁၇ ဦးခန့်ပိတ်မိနေဆဲဖြစ်ရာ ယင်းနေ့ည ၇ နာရီခန့်၌ ပိတ်မိနေသူနှစ်ဦးအား ကယ်ထုတ်နိုင်ခဲ့သည်။ မီးလောင်မှုနှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသတင်း၌ ဖော်ပြသည်။ (အင်တာနက်)

**ကမ္ဘာ့အသေးငယ်ဆုံး ရေနွေးငွေ့အင်ဂျင်ထုတ်လုပ်**
(ဘာလင်၊ ဒီဇင်ဘာ ၁၆)
ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးရေနွေးငွေ့စွမ်းအင်သုံး အင်ဂျင်တစ်ခုကိုဂျာမနီသုတေသနပညာရှင်များက ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ သတင်းထုတ်ပြန်သည်။ ယင်းအင်ဂျင်ငယ်ကို လွန်ခဲ့သည့် ၁၉၅ နှစ်က သုတေသနပညာရှင် ရောဘတ်စတီရာလင်းထုတ်လုပ်ခဲ့သော မူလရေနွေးငွေ့သုံးအင်ဂျင်ပုံစံကို အခြေခံကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူလအင်ဂျင်အစိတ်အပိုင်းများအနက် အချို့တွင် လေဆာရောင်ခြည်တစ်ခုနှင့် ပစ္စတင်အစိတ်အပိုင်းများကို အစားထိုးပြောင်းလဲတပ်ဆင်ထား သည်။ အဆိုပါအင်ဂျင်ငယ်သည် ရေနွေးငွေ့အပူစွမ်းအင်မှ စက်လည်ပတ်မှုစွမ်းအားဖြစ်ပေါ်လာစေရန် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း အင်ဂျင်လည်ပတ်မှု ညင်သာစွာ ဖြစ်စေရေးအတွက် လိုအပ်ချက်များ ထက်မံဆောင်ရွက်ရမည်ဖြစ်သည်။ ရေနွေးငွေ့စွမ်းအင်ဖြင့် ပစ္စတင်များကို လှုပ်ရှားစေရန် တွန်းအားပေးမည်ဖြစ်ပြီး အဓိကအနေဖြင့် ဆလင်ဒါနှစ်ခုနှင့်ပစ္စတင်နှစ်ခုတို့ လှုပ်ရှားမှုများဖြင့် အင်ဂျင်ကိုလည်ပတ်စေမည်ဖြစ်သည်။ (အင်တာနက်)

**ရုရှားငါးဖမ်းသင်္ဘောရေခဲတောင်နှင့် ၀င်တိုက်သင်္ဘောသားများ အသက်ရှင်သန်ရေးကြိုးပမ်းခဲ့ရ**
(မော်စကို၊ ဒီဇင်ဘာ ၁၆)
ရေခဲဖုံးလွှမ်းရာ အန္တာတိက ရေပြင်တွင် ရုရှားငါးဖမ်းသင်္ဘောတစ်စင်း ဒီဇင်ဘာ ၁၆ ရက်က ရေခဲတောင်နှင့် ၀င်တိုက်မိ၍ သင်္ဘောနစ်မြုပ်မည့်အရေးကြုံနေရကာသင်္ဘောသားများ အသက်ကယ်လေသွင်းရော်ဘာလှေများ အသင့်ပြင်ထားရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များယင်းနေရာသို့ရောက်ရှိရန်မှာ အချိန် ငါးရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးစခန်း ၀န်ထမ်းများက ပြောကြားသည်။ နယူးဇီလန်နိုင်ငံအရှေ့တောင်ပိုင်း ရေမိုင် ၂၀၀၀ ခန့်အကွာ ကမ်းဦးရေတိမ်ပိုင်းတွင် ရေခဲတောင်နှင့် ၀င်တိုက်မိပြီးအနောက် သင်္ဘောမှာ ရေများဝင်ရောက်လာ၍ ဘေးအန္တရာယ်ကျရောက်မှု အချက်ပြသတင်းပေးပို့ခဲ့သည်။ ရုရှားအလံလွှင့် ယင်းငါးဖမ်းသင်္ဘောတွင် သင်္ဘောအမှုထမ်း ၃၂ ဦးလိုက်ပါပြီး ရှရှား ၁၅ ဦး၊ အင်ဒိုနီးရှား ၁၆ ဦးနှင့် ယူကရိန်းတစ်ဦးကို ဖြစ်ကြသည်။ ရေခဲတောင်နှင့် ၀င်တိုက်မိကာ ရေမျက်နှာပြင်အောက် ငါးပေခန့်တွင် သင်္ဘောကိုယ်ထည် ပေါက်သွားခဲ့ကာ သင်္ဘောမှာလည်း ၁၃ ဒီဂရီ တိမ်းစောင်းနေပြီဖြစ်သည်။ နောက်ဆုံးသတင်းအရ သင်္ဘောသားများသည် အသက်ကယ်လေသွင်း၊ ရော်ဘာဖောင်များ။ အသင့်အနေအထားပြင်ဆင်ထားကြောင်း သင်္ဘောသားများက သင်္ဘောကိုယ်ထည်အတွင်း ၀င်ရောက်လာသည့်ရေများကို စုပ်ထုတ်လျက်ရှိနေကြောင်း၊ နယူးဇီလန် ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုစင်တာက ပြောကြားသည်။(အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)