မင်္ဂလာပါခင်ဗျား။ ။ ထိုင်းနိုင်ငံတ၀ှမ်းရှိ(အထူးသဖြင့်-ပထုန်ဌာနီ၊ အယုဒ္ဓယ၊ နွမ်ထဘူရီ၊ မဟာချိုင် စတဲ့ဒေသတွေက) မဲဆောက်ကိုပြန်လာပြီးနေထိုင်နေကြတဲ့ ရေဘေးဒဏ်ခံရသူ (၆၇)ဦးတို့အတွက် ပညာရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)က မြန်မာပြည်သားများအရေးပူ:တွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ပထ၀ီလမ်းညွှန်ကိုရယူကာရိက္ခာအချို့ကူညီထောက်ပံ့မှုကို ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။ (အရင် နိုဝင်ဘာလ ၃ ရက်နေ့တုန်းကလည်း ADRA အဖွဲ့နဲ့ JACBA တို့ဟာ ရေဘေးဒဏ်ခံရသူ ၆၀ ဦးကို အခုလိုဘဲကွင်းဆင်းကူညီထောက်ပံ့ပေးခဲ့ပါတယ်။)
ဒီကနေ့မှာတော့ FED က ထိုင်းနိုင်ငံတ၀ှမ်းရေဘေးဒဏ်ခံရသူ (၆၇) ဦးတို့အတွက် (ဆန်၊ ဆီ၊ အချို့မှုန့်၊ ငါးသေတ္တာ၊မာမား၊ အခြေခံအိမ်သုံးဆေးအချို့) ပါဝင်ပြီး ကိုယ်တိုင်ကွင်းဆင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ကွင်းဆင်းလှူဒါန်းမှုကတော့ မဲဆောက်မြို့အနောက်မြောက်ဘက်က ဘန့် ဆောင်ခွဲရပ်ကွက်ကြီးအတွင်းက (ဆောင်ခွဲဆောင်၊ ဆောင်ခွဲနိမ်၊ ဘန့်ဆောင်ခွဲ) ရပ်ကွက်ငယ်တွေအပြင် နွားဈေးပိုင်း၊ ယူကလစ်တန်းအမှတ်(၁)အပိုင်း၊ အောက်နွားဈျေးပိုင်း၊ မဲဆောက်မြူနီစပါယ်အမှိုက်ပုံကြီးအနီးထိပါမကျန် ကွင်းဆင်းဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ဟောဒီဓာတ်ပုံတွေက သင့်ကိုပြောပြပါလိမ့်မယ်။
**ပေးသူကပေး--- ယူသူကယူရယ်နဲ့**
**ဘန်ကောက်မှာ မုနော်လုပ်တယ်ဆိုတဲ့ ညီမ ၂ ယောက်လေ**
**မဲဆောက်အမှိုက်ပုံကြီးအနီး၊ အထည်ချုပ်စက်ရုံတန်းလျားက မမနဲ့ညီမတို့တစ်သိုက်**
**မဲဆောက်နွားဈေးကြီး အနီးမှာဆိုရင်ဖြင့်**
သတင်း-သောင်ရင်းနဂါး

No comments:
Post a Comment