ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 17, 2011

နွံနစ်လေသော ရွှေသမင်...

>
ငါသည်...

ကိုယ့်ကိုကိုယ် လူကောင်းဟုထင်နေသော်ငြား...
ငါ၏ စိတ်၌ ကောင်းမှုတို့ ၏ အနှစ်သာရနှင့် ပြည့်နေသည်ဆိုသော်ငြား...

နှုတ်မှ ထွက်သော ငါ၏ စကားများကား...အခါသမယ၌ အလွန်တရာ ပြောင်တင်းလွန်းလှပေရာ
ထို စကားတို့ အောက်ဝယ် ငါ၏ စိတ်ကောင်းရှိခြင်းဟူသော ဂုဏ်ဒြပ်ကား လွင့်ပျယ်လေသတည်း။

ငါ၌ နှစ်ခွသော စိတ်တို့ သည် အစဉ်ရှိပေရကား..... ပန်းကလေးကဲ့သို
့နူးညံ့နေတတ်သော ငါ၏ နှလုံးသားသည် အချို့ အချို့ သော အချိန်၌ သံမဏိ
အသွင်ဆောင်လေ၏ ။

တိရစ္ဆာန်တို့ အား အလွန်တရာ သနားကြင်နာတတ်သော ငါသည်.... ငါ၏အစွန်းရောက်
သနားကြင်နာမှုအား ကမ်းကုန်စွာလှသော ရက်စက်မှုတို့ မှ တမင်ဖန်တီးရှာဖွေ
ခဲ့လေ၏။

ငါ၌ ဟန်ဆောင်မှုသည် အမှန်ပင်ဖြစ်သလို ငါ၏ မှန်ကန်မှုများသည်လည်း ဟန်ဆောင်မှုပင်ဖြစ်၏ ။

တရားမျှတမှုကိုလိုလား သော ငါသည် အတ္တမရှိဟုဆိုသော်ငြား ဤစာ၌ ငါသုံးနေသော
"ငါ" ပေါင်းကား မနည်းပြီ။

ဘုရားသခင်အား ငိုယိုကာ တိုင်တည်ခဲ့သော ငါ...
ငါ၏ အိမ်မက်တို့ ပျက်စီးပျောက်ကွယ်သော ထိုအချိန် ထိုအခိုက်အတန့် ၌
တုတ်တုတ်မျှမလှုပ် ပြုံး၍ပင်နေနေ သေးသည်မှာ အဘယ်ကြောင့်ဟု ငါ၌ အဖြေရှာမရ။

အောင်မြင်မှုသည်လည်းကောင်း ကျရှုံးမှုသည် လည်းကောင်း ငါ၌ အတူတူပင်ဖြစ်ချေ၏ ။
ပျော်ရွှင်မှုဟူသည်ကား စင်စစ် ငါ၏ အာရုံတွင် ၀မ်းနည်းမှုတို့ ၏ ရှေ့ပြေးသဖွယ်ဖြစ်၏ ။

ဤသို့ နှစ်ခွဖြစ်သော ငါ၏ စိတ်အစဉ်၍ သေးနုပ်သော အသင်မိန်းမသားကား
အစဉ်စိုးမိုးလျက်ရှိပေရာ
ငါ၏ အာရုံ၌ အသင်မိန်းမသားကား ကောင်းကင်ကို ဖြည့်သော မိုးသဖွယ်...ငါ၏
ကိုယ်တွင်း၌ လည်ပတ်သော ငါ၏ သွေးသဖွယ် လွှမ်းမိုးနေပေ၏ ။

အသင်၏ သေးနုပ်မှုသည်ကား ငါ၏ သေးနုပ်သော အမြင်နှင့်
အံဝင်ပေရာ...သေးနုပ်မှုသည် ယူဇရာတစ်ရာမျှသော ကြီးမားခြင်းသို့ ပြောင်းချေ၏

စင်စစ် ငါကား...ဘ၀၏ ရခဲသော ပျော်ရွှင်မှုတို့ အား အသင်ကဲ့သို
့အလားသဏ္ဍာန်တူသော မိန်းမသားထံ ၀ကွက်အပ်ခဲ့ ချေရာ ဗလာနတ္တိဖြင့် ဤလောက၌
ငါကျန်ရစ်နေသည်မှာ ဧကန်အမှန်ပင် ဖြစ်၏ ။

ငါ၏ ပျော့ညံ့သော စိတ်သည် အခါအားလျော်စွာ မာလာလေ့ရှိရာ
သနားကြင်နာမှုအလျင်းမရှိခြင်းအဆင့်သို့ ရောက် ရှိသွားပေ၏ ။
ထိုမှ တစ်ဖန် ငါသည် အလွန်နူးညံ့သူအဖြစ်သို့ တစ်ဖန် ပြန်လည် ဆင်းသက်၏ ။

ငါ၌ မရှိသော ပျော်ရွှင်မှုအား အခြားသူများထံ မည်သို့ ပေးအံ့နည်းဟု
စဉ်းစားရာ...ငါသည် အခြားသော သက်ရှိများအတွက် ပျော်ရွှင်မှုဟူသော
စိတ်ခံစားမှုကို ဖန်တီးနိုင်စွမ်းရှိရာ၏ ဟု ယုံကြည်မိ၏ ။

ဤသို့ ဖြင့် ငါသည် ...
ငါ၌ မရှိသော အရာကို အခြားသူတို့ အား ပေး၍...
ငါ၏ တန်ဖိုးနည်းဘ၀အား မြှင့်တင်လျက်ရှိပေသည်...........

စိတ်သည် ငါ၏ မဟာရန်သူ ဖြစ်၏ ။
ထို့ အတူ စိတ်သည်ပင် ငါ၏ မဟာမိတ်ဖက် ပင်ဖြစ်၏ ။
ငါသည် ငါ၏ စိတ်အား အထိန်းအချုပ်အတွင်းသို့ အကြိမ်ပေါင်းများစွာ သွပ်သွင်းရာ...
စိတ်သည် နောက်ဆုံး၌ ပြင်းစွာသော အဟုန်ဖြင့် လွတ်ထွက် ၏ ။

ရက်လပေါင်းများစွာ ငါ၏ ပျံ့ ကြဲလွင့်ပျံနေသာ စိတ်အပိုင်းအစများကို
ငါလိုက်လံ စုဆောင်းရာ
ငါ၌ ခံစားမှုတို့  ကင်းမဲ့ကုန်၏ ။

ငါ၏ အတွေးတို့ သည် နွံတွင်နစ်သော သမင်ပမာ ဤမိန်းမသားထံ၌ နစ်၏ ။
ရုန်းကန်သော အမှုကို ပြုမိတိုင်း ငါသည် ပို၍သာ နစ်မြုပ်နေခြင်းဖြစ်မှန်း
သတိပြုမိချိန်တွင် ငါသည်.....

အောက်ခြေသို့ နစ်မြုပ်စေ၏ ။
ငါ၏ ခြေဖျားသည်...အခြေကို ထောက်မိသည်နှင့်တပြိုင်နက် ကြီးစွာသော
အရှိန်ဖြင့် ငါခုန်ထွက် ၏ ။

လွတ်ငြိမ်းချမ်းသာမှု၌ ငါပျော်မွေ့ သင့်သော်ငြား ငါသည် အမူအရာကင်းမဲ့စွာ
နွံကို ကျောခိုင်း၍ ဆက်လျှောက်လေသည်။

အရှေ့၌ရှိသော မြူမှုန်တို့ ကား ငါ၏ ဦးတည်ရာကို ဖုံးကွယ်၏ ။

ငါကား....နွံနစ်ဖူးသော
ရွှေသမင်တည်း....................................................................

**Written By : ဝေယံ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)