ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 1, 2011

လူထုကျန်းမာရေး(Zincဇင့်)

>
**Public Health**

ဇင့်ဆိုတာ…။

ကျွန်မတို့ ပုံမှန်စားသောက်နေတဲ့အစားအစာတွေထဲမှာ ဇင့်ပါတယ်၊ မပါဘူးဆိုတာကို ဂရုတစိုက်ရှိတဲ့သူဟာ နည်းပါတယ်။ အသားတွေကို စားကြတယ်။ အရွက်တွေကို စားကြပါတယ်။ အဲဒီအထဲမှာ ဇင့်ပါသလား၊ မပါဘူးလား၊ သူက ဘယ်လို အလုပ်တွေကို လုပ်ပေးတာလဲဆိုတာကို တိတိကျကျ သိတဲ့သူဟာ တကယ့်ကို နည်းပါတယ်။ တကယ်တော့ ဇင့်ဟာ တခြား ဗီတာမင်တွေ၊ သတ္တုဓါတ်တွေလိုပဲ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တမျိုးဖြစ်ပြီး တချို့အစားအစာတွေမှာ သဘာဝအတိုင်း ပါရှိတတ်ပါတယ်။ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ်ရပ်တည်မှုအတွက် ထောက်ပံ့ ပေးနေတဲ့ အဓိက အဖွဲ့အစည်းထဲမှာ ဇင့်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။

ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေ ပုံမှန်လည်ပတ်ဖို့ အလုပ်လုပ်ပေးနေတဲ့ ချေဖျက် အင်ဇိုင်း ၁၀ဝ ရဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ ကိုယ်ခံ စွမ်းအားအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ ပိုကောင်းစေဖို့၊ ပရိုတင်းတွေကို ထုတ်လုပ်ဖို့၊ အနာကျက်စေဖို့၊ ဗီဇအမျှင်တွေ ထုတ်လုပ်ဖို့၊ ဆဲလ်ကွဲပွားဖို့ အတွက်လည်း အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်သည်၊ ဖွံ့ဖြိုးကြီးထွားခါစများ၊ အရွယ်ရောက်ပြီးတဲ့သူတွေမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ကို အထောက်အကူ ပေးပါတယ်။ ဒါ့အပြင်အနံ့၊ အရသာကို ခံစားနိုင်တဲ့ အာရုံတွေအတွက်လည်း ဇင့်ကို လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ကို သိုလှောင်သိမ်းဆည်းထားဖို့ သတ်သတ်မှတ်မှတ် အဖွဲ့အစည်းမရှိတာကြောင့်သူ့ကို နေ့တိုင်းစားပေးဖို့ လိုအပ်ပါတယ်။

လူတစ်ယောက်အတွက် ဇင့်အပါအဝင် တခြား အာဟာရဓါတ်တွေကို ဘယ်လို အချိုးအစားနဲ့ စားသုံးရမလဲ ဆိုတာကို သတ်မှတ်ချက်ရှိပါတယ်။ ယောကျာ်း၊ မိန်းမ၊ အသက်အရွယ်၊ ကျန်းမာရေးလိုအပ်မှုတွေ အရ စားသုံးပေးရမယ့် ပမာဏတွေဟာ ကွာခြားမှုတွေ ရှိနေတတ်ပါတယ်။ ပုံမှန်ဆိုရင်တော့ လူတိုင်းလိုလို (၉၇ – ၉၈ %)မှာ ဇင့်ဟာ ပုံမှန် ရှိနေတတ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဇင့်ကို ကရုကမာတွေ၊ ခရုတွေ၊ ဂုံးတွေမှာ သူ့ကို ပေါပေါများများတွေ့ရပါတယ်။ ဒါပေမယ့် နီရဲတဲ့အသားတွေ၊ အဆီ၊ အရေခွံမပါတဲ့ အသားတွေမှာ ဇငု့်က အများဆုံးပါတယ်လို့ ဆိုကြပါတယ်။ ပဲ၊ အခွံမာသီးတွေ၊ ပင်လယ်စာ တချို့၊ ကောက်ပဲသီးနှံ၊ နို့နဲ့ နို့ထွက် အစားအစာတွေဆီမှာလည်း ဇင့်ကို တွေ့ရပါတယ်။ ဒါပေမယ့် ကောက်ပဲသီးနှံတွေမှာပါတဲ့ Phytates က ဇင့်ကိုပေါင်းကာ စုပ်ယူမှုကို ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ဇင့်ဟာ အစားအစာ တော်တော်များများကနေ ရတယ် ဆိုပေမယ့် အပင်အနှံကရတဲ့ ဇင့်ဟာ အသားတွေက ရတာ လောက်တော့ အလုပ် မလုပ်နိုင်ပါဘူး။

အဲဒီလိုမျိုးအစားအသောက်တွေကနေရတာနဲ့ မလုံလောက်တော့လို့ ထပ်မံဖြည့်စွက်ရတော့မယ်ဆိုရင်လည်း လိုအပ်တဲ့ ဇင့်ဓါတ်တွေကို Zinc gluconate, Zinc sulfate, Zinc acetate စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝယ်လို့ရနိုင်ပါတယ်။ အဲ့ဒီမှာ သူတို့ကို ထုတ်လုပ်ထားတဲ့ ပုံစံကို လိုက်ပြီး ပါဝင်မှု အချိုးအစားတွေ က ပြောင်းလဲသွားပါတယ်။ ဥပမာအနေနဲ့ ပြောရရင် Zinc sulfate ပုံစံနဲ့ ထုတ်လုပ်ထားရင် ဇင့်ပါဝင်မှုက ၂၃ ရာခိုင်နှုန်းရှိတာကြောင့် ၂၂၀ မီလီဂရမ်ရှိတဲ့ Zinc sulfate မှာ ဇင့်က ၅၀ မီလီဂရမ်လောက်အထိ ပါဝင်တတ်ပါတယ်။ ဇင့်ကို အအေးမိတာကို သက်သာစေတဲ့ဆေးတွေ၊ တခြားအားဆေးတွေမှာပါ ထည့်သုံး ကြပါတယ်။

ငုံဆေးများ၊ ဂျယ်လီ၊ နှာခေါင်းအတွင်း ဖျန်းဆေးတွေအနေနဲ့လည်း သုံးစွဲကြပါတယ်။ ဒါပေမယ့် ဇင့်ပါဝင်တဲ့ နှာခေါင်းတွင်းဖျန်းဆေးရည်တွေကို အသုံးပြုတာ များသွားရင်တော့ အနံ့ကို အာရုံခံနိုင်တဲ့အစွမ်းလျော့ကျသွားတတ်တာကြောင့် သူတို့ကို ဖျန်းဆေးအနေနဲ့ အသုံးပြုတာကို ဟန့်တားကြပါတယ်။ ကျန်းမာရေးအခြေအနေတချို့ကြောင့်ကလွဲရင် ကျွန်မတို့အနားပတ်ဝန်းကျင်မှာ ဇင့်ဓါတ်ချို့တဲ့တယ်ဆိုတာဟာ အတော်ကို ဖြစ်ခဲပါတယ်။

(က) ဇင့်ဓါတ်ချို့တဲ့နိုင်သူများ

**အစာအိမ်နှင့် အူလမ်းကြောင်းအပါအဝင် တခြားရောဂါ ရှိနေသူများ**

အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်ထားတဲ့သူတွေ၊ အူမရောင်ရမ်းပြီး အနာဖြစ်နေတဲ့သူတွေ၊ အူနဲ့ ပတ်သက်တဲ့ တခြားရောဂါရှိတဲ့သူတွေမှာ ဇင့်ဟာ ချို့တဲ့နေ တတ်ပါတယ်။ ဒီလိုရောဂါတွေဟာ ဇင့်စုပ်ယူမှုကို နည်းသွားစေသလို အူလမ်းကြောင်းကနေလည်း ဇင့်ကို ဆုံးရှုံးသွားစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကနေလည်း အပြင်ကို စွန့်ထုတ်ပစ်တတ်တာကြောင့် သတိထားရပါသေးတယ်။ အစာအာဟာရကို ကောင်းစွာ မစုပ်ယူနိုင်တဲ့ ရောဂါရှိသူ၊ နာတာရှည် အသည်းရောဂါ၊ သွေးဆဲလ်နဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ အပါအဝင် နာတာရှည် ရောဂါခံစားနေရတဲ့သူတွေမှာ ဇင့်ဓါတ်ချို့တဲ့မှုကို တွေ့နိုင်ပါတယ်။ ကြာရှည် ဝမ်းပျက်နေတဲ့သူတွေမှာလည်း ဇင့်ဓါတ်ချို့တဲ့ဖို့ အခွင့်အလမ်းတွေ များနေပါတယ်။

**သက်သက်လွတ်စားသူများ**

အသီးအရွက်ကရတဲ့ ဇင့်ရဲ့ အလုပ်လုပ်နိုင်တဲ့အာနိသင်ဟာ အသားပါတဲ့ အစားအစာတွေကရတဲ့ ဇင့်ထက် နည်းနေပါတယ်။ အသားဓါတ်မှာ အလုပ်မြန်မြန်လုပ်နိုင်တဲ့ ဇင့်ဓါတ်ပါဝင်မှု များပြီး ခန္ဓာကိုယ်ကနေ စုပ်ယူမှုလည်း များပါတယ်။ ဒါ့အပြင် သက်သက်လွတ်စားတဲ့သူတွေဟာ ကောက်ပဲသီးနှံတွေကို အစားများပါတယ်။ အဲဒီ အစားအသောက် တွေထဲမှာ ပါဝင်တဲ့ Phytates ဟာ ဇင့်ကို သွားပြီးတော့ ပေါင်းကာ စုပ်ယူမှုကို အဟန့်အတားဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သက်သက်လွတ် စားတဲ့သူတွေဟာ တခြားသူတွေထက် ဇင့်ကို ၅၀ ရာခိုင်နှုန်းလောက်ကို ပိုပြီး လိုအပ်နေတတ်ပါတယ်။ Phytates ကြောင့်ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ဇင့်ဆုံးရှုံးမှုကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ ပဲ၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်တွေကို မချက်ပြုတ်ခင် နာရီပေါင်းများစွာ စိမ်ထားဖို့ လိုအပ်ပါတယ်။

**ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်မိခင်**

အရင်တည်းက ဇင့်ဓါတ်နည်းနည်းသာရှိနေတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဇင့်ဓါတ်ချို့တဲ့မှု က ပိုသိသာလာပါတယ်။ သန္ဓေသားရဲ့ ဖွံ့ဖြိုး တိုးတက်မှုအလိုက် ဇင့်ကို လိုအပ်နေတာကြောင့် မိခင်လောင်းတွေဟာ ဇင့်ကို များများစားပေးဖို့လိုပါတယ်။ ဒီလိုပါပဲ၊ နို့တိုက်မိခင်တွေမှာလည်း သိုလှောင်ထားတဲ့ ဇင့်တွေကို ထုတ်ယူ သုံးစွဲရတာကြောင့် တခြား အမျိုးသမီးတွေထက်စာရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ ဇင့်ကို ပိုပြီး စားသုံးပေးရပါတယ်။

**နို့ဖြတ်လိုက်သော ကလေးများ**

ကလေးအတွက် လုံလောက်တဲ့ ဇင့်ဓါတ်ကို ကလေးအသက် ၄-၆ လ လောက်အထိ မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက် ၇ – ၁၂ လ အရွယ်ရောက် ရင်တော့ မိခင်နို့တခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကလေးတွေ တနေ့တာ လိုအပ်နေတဲ့ ၂ မီလီဂရမ်ကို မိခင်နို့က မပေးနိုင်တော့ပါဘူး။ ဒါကြောင့် နို့တိုက် တာအပြင် ကလေးတွေကို ကျွေးနေတဲ့ ဖြည့်စွက်အာဟာရတွေထဲမှာ ဇင့်ဓါတ်ပါတာတွေကို ထည့်ကျွေးဖို့ လိုပါတယ်။ ဖြည့်စွက် ဇင့်ဟာ ကလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အားပေးတာကြောင့် ကြီးထွားဖို့ လိုအပ်နေတဲ့ကလေးတွေမှာပါ အသုံးပြု ပေးသင့်ပါတယ်။

**အရက်သောက်သူများ**

အရက်သောက်သူတွေထဲမှာ ၃၀ – ၅၀ ရာခိုင်နှုန်းဟာ ဇင့်ဓါတ်ချို့တဲ့နေတတ်ပါတယ်။ အရက် ဒါမှမဟုတ် အရက်ပါဝင်တဲ့ အဖျော်ယမကာတွေမှာပါဝင်တဲ့ Ethanol ဟာ အူလမ်းကြောင်းကနေ ဇင့်စုပ်ယူမှုကို နည်းစေပြီး ဆီးလမ်း ကြောင်းကနေ အပြင်ကို ထွက်သွားတာကိုတော့ များစေပါတယ်။ တခြား အာဟာရ စုပ်ယူမှုတွေ ကိုလည်း နည်းပါးစေတာ ကြောင့် ဇင့်အပါအဝင် အာဟာရဓါတ်တော်တော်များများ ချို့တဲ့နေတတ်ပါတယ်။

(ခ) ဇင့်နှင့် ကျန်းမာရေး

ခန္ဓာကိုယ်ကို ကာကွယ်သော လုပ်ဆောင်မှုများ

ဇင့်ပမာဏနည်းနည်းလေးပဲ ချို့တဲ့ နေတဲ့သူတွေမှာတောင် ဝင်ရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ် ပေးမယ့် သွေးဖြူဥတွေရဲ့ လုပ်ဆောင်မှု ဟာ လျော့ပါးနေတတ်ပါတယ်။ သွေးဖြူဆဲလ်တွေထဲက ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အလုပ်လုပ်ပေးမယ့် T-lymphocytes တွေဖြစ်ပေါ်ဖို့၊ အလုပ် လုပ်အောင် လှုံ့ဆော်ပေးဖို့အတွက် ဇင့်ကို လိုအပ်နေပါတယ်။ ဇင့်နည်းနေတဲ့အချိန်မှာ ဒီလို လုပ်ဆောင်မှုတွေဟာ ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကိုယ်ခံ စွမ်းအားကို ပြန်လည် ထိန်းထားဖို့အတွက်ဆိုရင် ဇင့်ကို ထပ်မံဖြည့်စွက်ပေးဖို့ လိုအပ်နေပါတယ်။ ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေ ကူးစက်ရောဂါ ခံစားနေရတဲ့ အချိန်တွေ၊ အဆုတ်ရောင် အဆုတ်ပွတာတွေကို ခံစားနေရတဲ့အချိန်မှာ ရင် ဇင့်ကို မဖြစ်မနေအရေးပါတဲ့ အာဟာရပါပဲ။

**အနာကျက်စေခြင်း**

ဇင့်ဟာ အရေပြားတွေ၊ အကျိလွှာတွေရဲ့ တည်မြဲမှုကို ထိန်းထားနိုင်ပါတယ်။ ခြေထောက်မှာ နာတာရှည် အနာ ရှိနေတဲ့သူတွေမှာဆိုရင် ဇင့်ရဲ့ ဇီဝဖြစ်ပျက်မှုဟာ ပုံမှန် မဟုတ်တော့ဘဲ သွေးထဲမှာလည်း ဇင့်ပမာဏက လျော့ကျနေပါတယ်။ ဒါကြောင့် အရေပြားနဲ့ပတ်သက်တဲ့ဝေဒနာခံစားနေရတဲ့သူတွေဟာ ဇင့်ပါတာတွေ ကို ဖြည့်စွက်စားပေးရပါတယ်။ ဇင့် ပုံစံ အမျိုးမျိုးရှိတဲ့ အထဲက Zinc sulfate က အနာကျက်စေတဲ့နေရာမှာ ပိုပြီးတော့ အသုံးဝင်တယ်လို့ ဆိုကြပါတယ်။

**ဝမ်းလျှောခြင်း**

ကလေးတွေ ရုတ်တရက် အသက်သေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာ ရုတ်တရက် ဝမ်းလျှောခြင်းလည်း ပါဝင်ပါတယ်။ ဇင့်ချို့တဲ့မှုဟာ ကိုယ်ခံစွမ်းအားရဲ့ တုံ့ပြန်မှုကိုပြောင်းလဲမှုဖြစ်စေကာ ဝမ်းလျှောတာလိုမျိုး ကူးစက် ရောဂါတွေကို အလွယ်တကူခံစားရစေပါတယ်။ ဇင့်ဟာ ဝမ်းသွားတဲ့ ကာလနဲ့ ပြင်းအားကိုပါ လျော့ ချပေးနိုင်တာကြောင့် ကလေးတွေမှာ ဝမ်းလျှောတာကို ကာကွယ်ဖို့အတွက်သာမက ကုသဖို့အတွက်ပါ သုံးစွဲကြပါတယ်။

အအေးမိခြင်း

ဇင့်ဟာ အအေးမိတဲ့ လက္ခဏာတွေကို သက်သာစေသလို အအေးမိဝေဒနာခံစားရမှုကိုလည်း လျော့ပါး စေပါတယ်။ ဗိုင်းရပ်တွေလာရောက်တွယ်ကပ်တာတွေ၊ မျိုးပွားတာတွေကို တိုက်ရိုက်ဟန့်တားပေးကာ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ ဇင့်နဲ့ပတ်သက်ပြီး အမျိုးမျိုးပြောနေကြပေမယ့် သူဟာ တချို့ အခြေအနေတွေအတွက် အတော့ကို အသုံးတည့်နေပါတယ်။ လည်ချောင်းနာတာ၊ ပါးစပ်နာတာမျိုးအတွက်လည်း ဇင့်က ကူညီပေးနိုင်ပါတယ်။ သူ့ကို ငုံဆေးပြား အနေနဲ့သုံးစွဲရင် ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ြွကက်သားနာကျင်ခြင်းတို့လိုမျိုး အအေးမိတဲ့ လက္ခဏာတွေပါ လျော့ပါးသွားပါတယ်။

**အသက်အရွယ်ကြောင့် အမြင်အာရုံ ပျက်စီးခြင်း**

ဇင့်နဲ့တခြား ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ အသက်အရွယ်နဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ macular ပျက်စီးတာ၊ မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးတာ ကို လျော့နည်းစေပြီး အမြင်အာရုံ ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။ Beta carotene, vitamin C, and vitamin E တို့နဲ့အတူ ဇင့်ကို ဖြည့်စွက်စားပေးတာဟာ မျက်စိမှုန်တဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ ဇင့်ဟာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ပြသနာတွေကို အပြီးတိုင် မပျောက်ကင်းနိုင်စေပေမယ့် ဆက်ဆိုး လာတာကိုတော့ လျော့ချပေးနိုင်ပါတယ်။

(ဂ) ဇင့်ဓါတ်ချို့တဲ့ခြင်း နှင့် လွန်ကဲခြင်း

ဇင့်ချို့တဲ့နေတဲ့ အချိန်မှာ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးသွားတာ၊ အစားစားချင်စိတ် လျော့ပါးသွားတာ၊ ကိုယ်ခံစွမ်းအားအဖွဲ့အစည်းကြီးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းလျှောလွယ်ခြင်း၊ ပန်းသေ ပန်းညှိုးခြင်း၊ အမျိုးသားတွေမှာ လိင်စိတ် နည်းပါးသွားခြင်း၊ မျက်လုံး၊ အရေပြားတွေမှာ အနာဖြစ်ခြင်းကို တွေ့ကြုံရ တတ်ပါတယ်။ တချို့သူတွေမှာကျတော့ ကိုယ်အလေးချိန်ကျလာခြင်း၊ အနာကျက်နှေးလာခြင်း၊ အရသာ ခံနိုင်စွမ်း လျော့နည်းလာခြင်း၊ ဥာဏ်ရည်ဥာဏ်သွေးထိုင်းမှိုင်းလာခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

ဒီလို လက္ခဏာတွေဟာ အကြောင်းအရာ တိတိကျကျ မရှိဘဲနဲ့ ပေါ်ပေါက်လာပြီး တခြား ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့လည်း ဆက်စပ်နေပါသေးတယ်။ ဒါကြောင့် အပေါ်က လက္ခဏာတွေ ပြလာတဲ့အချိန်မှာ တခြား ရောဂါ တမျိုးမျိုးကြောင့်လား၊ ဇင့် ချို့တဲ့မှုကြောင့်လား ဆိုတာကို သေသေချာချာ ရောဂါရှာဖွေဖို့ လိုအပ်ပါတယ်။ ဇင့်ဓါတ် ဖြည့်စွက်ပေးဖို့ လိုအပ်လားဆိုတဲ့အခြေအနေကို တိုင်းတာတဲ့နေရာမှာ ချို့တဲ့မှု ဖြစ်စေတဲ့ အကြောင်းအရာတွေ ဥပမာ အစာအာဟာရ လုံလုံလောက်လောက် မစားတာ၊ အရက်သောက်တာ၊ အစာချေဖျက်မှုနဲ့ ဆိုင်တဲ့ ပြဿနာရှိတာတွေကို ထည့်တွက်ဖို့ လိုအပ်သလို ကလေးတွမှာ ဖွံ့ဖြိုးကြီးထွားမှု နှေးနေတဲ့ အခြေအနေတွေ ကိုပါ ထည့်စဉ်းစားရပါတယ်။

ဇင့်တွေ များသွားတဲ့အတွက်ကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်ဟာ ရုတ်တရက်ပေါ်ပေါက်လာနိုင်သလို အချိန်ကာလ ကြာမြင့်တဲ့ အချိန်မှာ လည်း ပေါ်ပေါက် တတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုအချိန်မှာ ပျို့အန်ခြင်း၊ အစား စားလိုစိတ် လျော့နည်းသွားခြင်း၊ ဝမ်းဗိုက်ြွကက် တက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ တချို့သူတွေမှာ ကျတော့ ဇင့်ပမာဏအများကြီးကို သုံးပြီးလို့ မိနစ် ၃၀ အတွင်းမှာပဲ ပြင်းပြင်းထန်ထန်အန်တတ်ပါတယ်။ သံဓါတ် စုပ်ယူမှု ပြောင်းလဲသွားခြင်း၊ ကိုယ်ခံစွမ်းအား အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေ နည်းသွားခြင်း၊ ခန္ဓာကိုယ်ကို အထောက်အကူ ပြုပေးတဲ့အဆီဓါတ်တွေ high-density lipoproteins လျော့နည်းသွားခြင်းတို့ကိုခံစားရတတ်ပါတယ်။

(င) ဓါတ်ပြုမှုများ

ကျွန်မတို့တွေဟာ ဇင့်အပါဝင် ဖြည့်စွက်အားဆေးတွေကို တခြားဆေးတွေနဲ့ ဓါတ်မပြုနိုင်ကြဘူးလို့ ထင်မှတ် ထားကြပြီး အဆင်ပြေသလိုသာ သောက်တတ်ကြ ပါ တယ်။ တကယ်တော့ ဇင့်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေဟာ တခြား ဆေးတွေလိုပဲ အပြန်အလှန်ဓါတ်ပြုမှုတွေ ရှိနေတတ်ပါတယ်။

**Antibiotics ပဋီဇီဝ ပိုးသတ်ဆေးများ**

Ciprofloxacin လိုမျိုး quinolone antibiotics အုပ်စုဝင်ပိုးသတ်ဆေးတွေ၊ Tetracycline တို့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဇင့်နဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒီဓါတ်ပြုမှုတွေကြောင့် ဇင့်ရော၊ ပိုးသတ်ဆေးရော ၂ ခုစလုံးရဲ့ စုပ်ယူမှုဟာ လျော့နည်းသွားပါတယ်။ ဒီပြဿနာကို လျော့ချဖို့အတွက် အကောင်းဆုံးအဖြေကတော့ ဇင့်သောက်ပြီးလို့ ၄-၆ နာရီ၊ ဇင့်မသောက်ခင် ၂ နာရီလောက် ခွာပြီးတော့သာ ပိုးသတ်ဆေးကို သောက်သင့်ပါတယ်။

Penicillamine

ဇင့်ဟာ လေးဘက်နာကြောင့် အဆစ်အမြစ်တွေ ရောင်ကိုက်တာကို ကုသဖို့အတွက် သုံးစွဲတဲ့ ဒီဆေးရဲ့ စုပ်ယူမှုနဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒီလို ဓါတ်ပြုမှု ကိုလျော့ချနိုင်ဖို့အတွက်ဆိုရင် Penicillamine မသောက်ခင် ဒါမှမဟုတ် သောက်ပြီးလို့ ၂ နာရီလောက်ကြာတော့မှသာ ဇင့်ပါတဲ့ဆေး ကို သောက်သင့်ပါတယ်။

ဆီးဆေးများ

Chlorthalidone, Hydrochlorothiazide တို့လို ဆီးဆေးတွေနဲ့ တွဲသောက်တဲ့အခါမှာ ဇင့်ကို ပိုပြီး ဆုံးရှုံးနိုင်ပါတယ်။ ဒီဆေးတွေဟာ ဇင့်ကို ဆီးထဲကနေ အပြင်ကို ထွက်သွားစေတာကြောင့် ပုံမှန်စွန့်ပစ်နေကြ ပမာဏထက် ၆၀ ရာခိုင်နှုန်းလောက် ပိုပြီး ဆုံးရှုံးသွားပါ Thiazide diuretics လိုဆေးမျိုးကို ကြာရှည်စွဲ သုံးရင်တော့ တစ်သျှူးထဲက ဇင့်တွေ ကုန်ဆုံးသွားပါတယ်။

ကျွန်မတို့အရေးတယူ မလုပ်မိတတ်တဲ့ ဇင့်ဟာ ကျွန်မတို့အတွက် ပြောင်းလဲမှုအမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်။ တည်ဆောင်မှုတွေအတွက် အရေးပါသလို ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုလည်း ဆက်လက်ထိန်းထားဖို့အတွက်လည်း မရှိမဖြစ်ပါပဲ။ ဇင့်ကို ဖြည့်စွက်အားဆေးတွေအနေနဲ့ စားသောက်တာဟာ သူတို့ကို လိုအပ်နေတဲ့ သီးသန့်အခြေအနေတွေအတွက် အကျိုးပြုနိုင်ပေမယ့် အစားအသောက်ကနေ အဓိက ရယူနိုင်အောင် ကျွန်မတို့ ကြိုးစားသင့်ပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ၊ အဆီနည်းတဲ့ နို့ နဲ့ နို့ထွက် အစားအစာတွေကို စားသောက်ပေးမယ်၊ အဆီနဲ့ အရေခွံမပါတဲ့ ဘဲသား၊ ကြက်သား၊ နီရဲသော အသားများ၊ ငါး၊ အခွံမာသီးများ၊ ဥများကို စားပေးမယ်၊ ဇင့်ပါဝင်မှု မရှိတဲ့ ပြည့်ဝဆီ၊ ပြန်ကြော်ဆီတွေကို အတတ်နိုင်ဆုံး ရှောင်မယ်ဆိုရင် ဇင့်ဟာ ကျွန်မတို့ကို လှပကျန်းမာသော အရေပြားနဲ့ ရောဂါကင်းရှင်းတဲ့ ခန္ဓာကိုယ်ကို ဆက်လက်ထိန်းထားနိုင်မှာ မလွဲပါပဲ။

Health For All

**နှင်းနုလွင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)