(လန်ဒန်၊ ဇန်န၀ါရီ ၆)
အက်ဖ်အေဖလားဘောလုံးပြိုင်ပွဲ တတိယအဆင့်ပြိုင်ပွဲတွေကို ဇန်န၀ါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြတဲ့အခါစိတ်ဝင်စားစရာအကောင်းဆုံးပွဲကတော့ မန်စီးတီးနဲ့ မန်ယူတို့ပွဲစဉ်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပြိုင်ဘက်တွေဖြစ်ပြီး ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို အရယူဖို့ အကောင်းဆုံးအခွင့်အရေးရှိနေတဲ့ အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ အက်ဖ်အေဖလားပွဲသမိုင်းမှာ ဆုံတွေ့ခဲ့ရမှုကိုပြန်ကြည့်လျှင် ၁၉၂၆ ခုနှစ်အကြိုဗိုလ်လုပွဲမှာ သုံးဂိုးပြတ်နဲ့ မန်ယူတို့ရှုံးနိမ့်ခဲ့သလို ၁၉၅၅ ခုနှစ်အက်ဖ်အေစတုတ္ထအဆင့်ပွဲစဉ်မှာ မန်ယူတို့အိမ်ကွင်းမှာ သုံးဂိုးပြတ်အနိုင်ရရှိပြီး ၁၉၈၇ ခုနှစ်အက်ဖ်အေတတိယအဆင့်ပွဲစဉ်မှာ မန်ယူတို့အိမ်ကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။

၁၉၉၆ ခုနှစ်အက်ဖ်အေ ပဉ္စမအဆင့်ပွဲစဉ်မှာ မန်ယူတို့ နှစ်ဂိုး-တစ်ဂိုးနဲ့နိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ် အက်ဖ်အေ ပဉ္စမအဆင့်မှာ မန်ယူက လေးဂိုး-နှစ်ဂိုးနဲ့နိုင်ပွဲရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အက်ဖ်အေဖလားအကြိုဗိုလ်လုပွဲမှာ မန်ယူတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာမို့ အက်ဖ်အေဖလားသမိုင်းမှာ ခုနှစ်ကြိမ်ဆုံတွေ့ခဲ့ရာ မန်ယူက လေးကြိမ်နိုင်ပြီး မန်စီးတီးက သုံးကြိမ်နိုင်ခဲ့ဖူးပါတယ်။
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment