ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 10, 2012

သန်းကြွယ်သူဌေးအစစ်

>
အဖိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေလမ်းလျှောက်နေတဲ့ တစ်နေ့ မှာပေါ့။ အဖိုးအိုဟာ လမ်းမှာ လူငယ်တစ် ယောက် နဲ့ သွားဆုံမိတယ်။
လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဖိုးအိုကမေးလိုက်တယ်။ ” ကလေး.. မင်းဘာဖြစ်နေတာလည်းကွ..ဟေ။ မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဖိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့မေးလိုက်တယ်။ လူငယ်က အဖိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။
” ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။
နေစရာ အိမ်လည်းမရှိ။ သား မယားဆိုတာကတော့ ဝေလာဝေး။
အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့။ ရေသောက် ဘိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ။ အဖိုးရယ် ဒီလို
လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ” ..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဖိုးအိုက ပြုံးရယ်ပြီး..
” မင်းက.. တကယ့် ငတုံး အရူးဘဲကွ..ဟေ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး။ ဘာလို့လည်း ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ်
သူဌေးတစ်ယောက် ဖြစ်နေသေးလို့ဘဲကွ “
လူငယ်လည်း အဖိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လည်းအဖိုးရ။ အဖိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။
” အေးလေကွာ။ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်နေသေးတယ်..မင်းမသိဘူးလား ” လို့ အဖိုးအိုက ပဟေဌိ ဆန်ဆန် ထပ်ပြီး
ပြန်ပြောတယ်။
ဒီတော့ လူငယ်က ” သန်းကြွယ် သူဌေး ဟုတ်လားအဖိုး..? ကျွန်တော့်လို ကောင်ငမွဲကို အဖိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့
ပြောပြီးလှည့်ထွက်သွားမယ် လုပ်တော့ အဖိုးက ..
” မင်းကို ငါဘယ်လှောင်ရက်ပါ့မလည်းကွယ်။ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ။ ဖြေကြည့်စမ်းပါဦး ” အဖိုးအိုကဒီလိုလည်းပြောလိုက်ရော
လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
” ဘယ်လို မေးခွန်းများလည်းခင်ဗျာ။ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဖိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
” မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်။ မင်းငါ့ထက် ပိုအိုသွားမှာပေါ့ကွာ။ မင်းရောင်းဖို့ သဘောတူမလား ” ။
လူငယ်က ခေါင်းခါပြီး ” သဘောမတူဘူး ” လို့ ပြောလိုက်တယ်။
” ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား ” ။ ” ဘယ်နည်းနဲ့မှ သဘော
မတူနိုင်ဘူးအဖိုး “လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
” ဒါဆို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်။ မင်းကတော့ ငါ့လို အရည်တွန့် မျက်နှာနဲ့ အကြည့်ရတော့
ဆိုးသွားမှာပေါ့ ။ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က ” လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘော မတူနိုင်ဘူး အဖိုး ” လို့ ပြောလိုက်တယ်။
” အင်း.. နောက်ထပ်နှစ်သိန်း တိုးပေးမယ်။ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေ ငါဝယ်ယူမယ်။ ဘယ့်နှယ့်လဲ ” လို့ပြောတော့ လူငယ်လည်း တော်တော်
ဒေါကန်သွားပြီး ” အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ ” လို့ ပြောပြီး
လှည့်ထွက် သွားမလို့လည်း လုပ်ရော အဖိုးအိုက…
” ခဏလေး နေပါဦးကွယ်။ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်။ မင်း လူတွေကို သတ်ပေးရမယ်။
အိမ်တွေကို မီးတင်ရှို့ပေးရမယ်။ မင်းရဲ့ စိတ်ကောင်း နှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့။ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ပြောပြန်တယ်။
ဒီတော့ လူငယ်က ” ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဖိုးအိုက
ပြုံးပြီး ရှင်းပြလေတယ်။
” အေးကွယ်.. ကောင်းပါပြီ။ စောစောက မင်းကို အဖိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း။
မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား။ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့။
ပြောစမ်းပါဦး။ “

အဖိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းကနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေး တဲ့ အဖိုးအိုကို
ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာဘဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။
အဲ့ဒီ အချိန်ကစပြီး လူငယ်ဟာ ဘယ်တော့မှ သက်ပြင်းချ ညည်းတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀ တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ
ရှာဖွေနေတဲ့သူ ဖြစ်လာတော့တယ်။
တကယ်တော့ လူ့ဘ၀ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ဥစ္စာဓနတွေ မဟုတ်ပါဘူး။ နုပျိုကျန်းမာတဲ့ အရွယ်မှာ စိတ်ပျက် အားငယ် နေစရာမလိုဘဲ အားမာန်အပြည့်နဲ့
ကြိုးစားဘို့လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာဆိုတာ ကြိုးစားမှု့က၆၀ % ပံ့ပိုးမှု က ၂၀% ကံတရားက ၂၀%လောက်နဲ့ဘဲ ကျွန်မက အချိုးချချင်ပါတယ်။
ပံ့ပိုးမှု ၂၀% မရနိုင်ရင် ကြိုးစားမှု့ကို ၈၀ %လောက်ရှိအောင် ဖြည့်ယူရပါမယ်။ ပံ့ပိုးမှုရော ၊ ကံတရားရော မရခဲ့ရင်ရော ဘာလို့ ကျွန်မတို့ ၁၀၀% ကြိုးစားအား
ထုတ်လို့ မရနိုင်ရမှာလည်း။ ကျွန်မတို့မှာ ခြေလက် အင်္ဂါင်္တွေ
အစုံအလင်ရှိတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားကြတယ်။
ထိုက်သင့်တဲ့ ဥာဏ်ပညာတွေလည်း ရှိနေတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေရှိနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် အလုပ်တစ်ခုဟာ မလုပ်ခင်က ကို
တစ်ဝက်ပြီး မြောက်နေသလိုဘဲ ကျွန်မခံစားရတယ်။ ဒါဆို ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဘာလို့ အကောင်အထည် မဖော်နိုင်ရမှာလည်းနော်။ စိတ်ပျက် အားငယ်
စရာမလိုဘဲ ဘ၀ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြနိုင်ရမှာပေါ့နော်။ ကြိုးစားမှု့ အားထုတ်မှုကိုတော့ ဘယ်တော့မှ အရှိန်မရပ်သင့်ဘူးလို့
ထင်ပါတယ်။ တကယ်တော့ ငွေကြေးတန်ဘိုးနဲ့ ၀ယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး၊ နုပျိုမှု နဲ့ ဥာဏ်ပညာတွေသာ ဘ၀အတွက် အမှန်တကယ်လိုအပ်တဲ့
တန်ဖိုးအစစ် အမှန်တွေဘဲ မဟုတ်ပါလားရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

**မြသွေးနီ**
လွန်ခဲ့သောနှစ်တွေက ဆုထားမိတဲ့စာတွေပါ မူရင်းရေးသားသူမသိပါ။ ကောင်းလို့ဆုထားတာ ညီအစ်ကိုမောင်နှမများခံစားနိုင်အောင် ပြန်လည်မျှဝေခြင်းသာ
ဖြစ်ပါတယ်။

--
Posted By လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)