**၂၀၁၃ခုနှစ်အထိ အာဆင်နယ်တွင် ရှိနေမည်ဟု ဗန်ပါစီထုတ်ဖော်ပြောကြား**
(လန်ဒန်၊ ဇန်န၀ါရီ ၃)
ဗန်ပါစီသည် ၂၀၁၁ ခုနှစ်အတွင်း ၃၆ ဂိုးထိ သွင်းယူနိုင်ခဲ့သဖြင့် နယူးကာဆယ်ဂန္ထ၀င်ကစားသမား အလန်ရှီးယား၏စံချိန်ကို လိုက်မီခဲ့ပြီး ယခုအခါ အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ရန်ဆွေးနွေးမှုပြုလုပ်လျက်ရှိသည်။ ယခုနှစ်ဘောလုံးရာသီအတွင်း အကောင်းဆုံးပုံစံဖြင့် ပွဲတိုင်းလိုလိုဂိုးသွင်းယူနေသည့် ဗန်ပါစီအား မန်စီးတီးအသင်းက ပေါင်သန်း ၃၀ ဖြင့်ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် ၀ယ်ယူရန် အာဆင်နယ်အသင်းထံကမ်လှမ်းထားသည်။

ယင်းကြောင့် အာဆင်နယ်အသင်းသည် ၄င်းတို့၏တိုက်စစ်မှူး တစ်ပတ်လုပ်ခလစာ ပေါင်-၁၅၀၀၀၀ ဖြင့် စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ပြင်ဆင်နေသည်။ အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၁၃ ခုနှစ်အထိ အမ်းမရိတ်တွင် ရှိနေမည်ဖြစ်ကြောင်း အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီက ထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာ နက်)
**အိုဘာတန် တစ်လခန့်အနားယူရဖွယ်ရှိ**
(လန်ဒန်၊ ဇန်န၀ါရီ ၄)
နယူးကာဆယ်အသင်းသည် ခြေချောင်းရိုးကျိုးဒဏ်ရာရရှိသွားသည့် ၄င်းအသင်း၏ တောင်ပံကစားသမား အိုဘာတန်အား တစ်လခန့်လက်လွှတ်ရဖွယ်ရှိနေသည်။ အိုဘာတန်သည် အဆိုပါဒဏ်ရာအားပြီးခဲ့သည့် ရက်သတ္တပတ်က ကစားခဲ့သည့် အသင်းဟောင်းမန်ယူနှင့် ရင်ဆိုင်ရသည့် ပွဲစဉ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသည့် နည်းပြအလန်ပါဒရူး၏ နယူးကာဆယ်အသင်းအတွက် နောက်ထပ် ခေါင်းခဲစရာတစ်ခုဖြစ်လာခဲ့သည်။ နယူးကာဆယ်အသင်းတွင် ဆိုင်လ်ဗိန်းမာဗော့စ်၊ ဒန်နီ ဂူတာရီနှင့် ပီတာ လိုဗန်ကရန့်တို့မှာလည်း ဒဏ်ရာပြဿနာများဖြင့် လုံးပန်းနေရသည်။ ထို့ကြောင့်အလန်ပါဒရူးသည် ၄င်းတို့နေရာကိုဖြည့်တင်းရန်အတွက် ရှိန်းဖာဂူဆန်နှင့် ဂျိုးနတ် ဂူတာရက်ဇ်တို့ကို ယခုအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူနိုင်ရန်ကြိုးပမ်းနေရသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟိန်းထက်လင်း

No comments:
Post a Comment