ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 27, 2012

> -ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ်- (မော်ကွန်းတင် သတင်းကား)-
 မြန်မာပြည်သူတို့သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းအား ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်၇ာ ကျောင်းသားများသမဂ္ဂ အမှုဆောင်အတွင်းရေးမှုး နှုင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်၇ာနှင့် ကျောင်းသားသမဂ္ဂကထုတ်ဝေ သည့် အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ရာတို့တွင် ဗြိတိသျှနယ်ချဲ့အား ရဲဝံ့စွာ ဆန့်ကျင်လှုပ်ရှား ခဲ့၍ စတင်သိကြွမ်းဝင်ခဲ့ကြသည်။ နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး နှင့် တောင်ပေါ်မြေပြန့် ဒေသဆိုင်ရာ တောင်တန်းဒေသပါ လွတ်လပ်ေ၇းရယူရန် ကြိုးပမ်းမှုတွင် ရွတ်ရွတ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့ရာ၌ ပြည်သူများအကြား ဂုဏ်သတင်းပျံ့နှံ့ထင်ရှားခဲ့ သည်။ ဒို့ဗမာ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှုးတာဝန်ယူထားစဉ် လွတ်လပ်ရေးကြိုးပမ်းမှုတွင် နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ပွဲဝင်ရန်ရည်ရွယ်၍ ၁၉၃၉ -ခုနှစ်တွင် ဖွဲ့စည်းသော ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှုးနှင့် ပြည်သူ့အရေးတော်ပုံပါတီ၏ ဗဟိုလ်အဖွဲ့ ပြည်ပရေးရာ ခေါင်းဆောင်တာဝန် ထမ်းဆောင် မှု ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်အား လျှို့ဝှက်ခေါင်းဆောင်သွားရောက်၍ စစ်ပညာ သင်ကြားမှု ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်း၍ ၁၉၄၂ -ခုနှစ်ဆန်းတွင် ဂျပန်တပ်မတော် စစ်ကြောင်းများနှင့်အတူ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များအား တိုက်ထုတ်မှု ၊ ဗြိတိသျှတပ်များ ဆုတ်ခွာသွားပြီး ဂျပန်စိုးမိုးသောကာလ ၁၉၄၂-၁၉၄၅ တွင် ဖက်ဆစ်စနစ်၏ ကြမ်းကြုတ်မှုကို မခံရပ်နိုင်သဖြင့် ပြည်သူနှင့် တပ်မတော်ကို ဦးဆောင်၍ မဟာမိတ်တပ်များနှင့်အတူ ဂျပန်တို့အား တော်လှန်တိုက်ခိုက်မှုနှင့် ဂျပန်တပ်များ ဆုတ်ခွာပြီးနောက် ဗြိတိသျှတပ်များ ပြန်လည်ဝင်ရောက်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် သန္ဓေတည်ဖွဲ့စည်းခဲ့ သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဖ-ဆ-ပ-လ အား တိုင်းရင်းသားပေါင်းစုံ ၊ လူတန်းစား စုံနှင့် ပါတီအသင်းအဖွဲ့စုံပါဝင်အောင် စည်းရုံးဖွဲ့စည်းလျှက် ဗြိတိသျှအစိုးရသို့ လွတ်လပ်ရေး အမြန်ဆုံးပေးရန် တောင်းဆိုမှုတို့လုပ်ဆောင်လျှင် မြန်မာပြည်သူတရပ်လုံးက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ယုံကြည်လေးစားချစ်ခင်ခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ဖ-ဆ-ပ-လ ခေါင်းဆောင်အဖြစ်ဖြင့် ဗြိတိသျှအစိုးရနှင့် စေ့စပ်ညှိနှိုင်း၍ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇- ရက်တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့လူဝီ မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့တပ်မတော်ဖွဲ့စည်းရေး ဆိုင်ရာ စာချုပ် ကန္ဒီစာချုပ် ချုပ်ဆိုခြင်း။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဘုရင်ခံ၏ အမှုကောင်စီ အမျိုးသားယာယီ အစိုးရအဖွဲ့ ၌ ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည့် ဘုရင်ခွံ၏ အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရအဖွဲ့) ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် အခြားအဖွဲ့ ပါတီကိုယ်စားလှယ် ၁၁ဦး ပါဝင်တာဝန်ထမ်းဆောင်ခွင့်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာ့လွတ်လပ်ရေး အမြန်ရရေးအတွက် အခြေခံလိုအပ်ချက်များကို ဖော်ညွှန်းသည့် စာချုပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့လက်မှတ်ထိုးခြင်း (အောင်ဆန်း အတ်တလီစာချုပ်) ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မြေပြန့်နှင့်တောင်တန်းဒေသ အားလုံး လွတ်လပ်ရေး တစ်ပေါင်းတည်း ရယူမည်ကို ဖော်ညွှန်းသည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး တို့လက်မှတ်ရေးထိုးခြင်း၊ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်မှ ၉၅.၃ % ဖြင့် မဲအပြတ် အနိုင်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပသည့် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းအဆိုပြုသည့် အခြေခံဥပဒေဆိုင်ရာ လမ်းညွှန်ချက်ကို အတည်ပြု၍ အခြေခံဥပဒေရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ အတွင်းတွင် တိုင်းပြု ပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ ဦးနု အဖွဲ့ နှင့် ဗြိတိသျှကိုယ်စားလှယ် အဖွဲ့သည် အာဏာလက်ခံလွှဲပြောင်းရေး အတွက် ဆွေးနွေးခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုတစ်ရပ်လုံး၏လေးစား ချစ်ခင်ယုံကြည် မှုကို အပြည့်အဝရရှိခဲ့သည်။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ လေးစားကြည်ညိုချစ်ခင်မှုကို အပြည့်အဝရယူ ထားချိန် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူတို့၏ လုပ်ကြံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ဝင်ဝန်ကြီး များဖြစ်သော သခင်မြ ၊ ဒီးဒုတ်ဦးဘချို၊စဝ်စံထွန်း ၊ ဦးဘဝင်း ၊ ဦးရာဇာတ် ၊ မန်းဘခိုင် နှင့် အတွင်းဝန် ဦးအုန်းမောင် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြရသည်။ မြန်မာပြည်သူတရပ်လုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံးမှုအတွက် ကြီးမားစွာ ဝမ်းနည်းခဲ့ကြရသည်။
မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ရုံတင်သည့် အမျိုးသားေ၇းနှင့် နယ်ချဲ့ဆန့်ကျင် ရေးတွင် ဦးဆောင်မှုပေးခဲ့သော ဝိုင်အမ်မ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာမန သတင်းကားဖြင့် စတင်ထွန်းကား ခဲ့သည်။ မြန်မာ့ ရုပ်ရှင် ပညာရှင်တို့သည် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးသမား ဗိုလ်စံဖဲ၏ တရားစွဲဆိုခံရပုံမြင်ကွင်း ၊ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံ၏ ပြစ်ဒဏ်စီရင်ခံရပုံမြင်ကွင်း ၁၃၀၀ ပြည့်အရေးတော်ပုံတွင် ချောက်ရေနံမြေမှ ရန်ကုန်မြို့သို့ အလုပ်သမားများ ချီတတ်ပုံ နှင့် အတွင်းဝန်ရုံးအား ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဝိုင်းဝန်းပုံ မြင်ကွင်းများ ရွှေတောင် တိုက်ပွဲနယ် ဗြိတိသျှတပ်များအား မြန်မာပြည်သူများ နှင့် လွတ်လပ်ရေး တပ်မတော် တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ ၊ ဗြိတိသျှတပ်များ ထွက်ခွာ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်မြို့အတွင်း ဝင်ရောက်ချီတတ်လာပုံ စစ်ရေးပြပုံ ၊ တပ်အား ဗိုလ်ချုပ်အောင်ဆန်းစစ်ဆေးပုံမြင်ကွင်း များ၊ ဂျပန်စိုးမိုးသော ကာလတွင် တိုကျိုမြို့၌ ဂျပန်အစိုးရက အဓိပတိ ဒေါက်တာဘမော်နှင့် ဗိုလ်ချုပ်အောင်ဆန်း စသည့်ဝန်ကြီးများအား သူရဲကောင်းနေမျိုးနွယ်ဘွဲ့နှင့် ရွှေစလွယ်ချီးမြင့်ပုံ၊ အပြန်ခရီးတွင် ပြည်သူတို့ ကြိုဆိုကြပုံ နှင့် ဒေါက်တာဘမော်အစိုးရအဖွဲ့ ဆောင်ရွက်ပုံ မြင်ကွင်းများ ၊ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ တွင် ဂျပန် တပ်များအား မြန်မာပြည်သူများနှင့် ဗမာ့တပ်မတော် တော်လှန်တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ၊ မြန်မာ့ ရုပ်ရှင် ငွေရတုသဘင်နှင့် မြန်မာနိုင်ငံ စက်မှုလက်မှု ပြပွဲသို့ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒီးဒုတ်ဦးဘချိုတို့ တတ်ရောက်ချီးမြင့်ပုံနှင့် အခမ်းအနားမြင်ကွင်းများ ၊လွတ်လပ်ရေး ကြိုးပမ်းမှုအောင်မြင် ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များ မြန်မာနိုင်ငံတဝန်း စည်းရုံးရေး ဆင်းစဉ် မြင်ကွင်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးညှိနှိုင်းကြပုံနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြပုံမြင်ကွင်းများ စသည့်အထင်ကရ အဖြစ်အပျက်များကို အစဉ်အလာမပျက် မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။ ထို့အပြင် အမျိုးသားရေး ၊နယ်ချဲ့ဆန့်ကျင်ရေး ၊ ဖက်ဆစ်တော်လှန်ရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတို့ကို ရည်ရွယ်လှုံ့ဆော်သည့် ဇာတ်လမ်းရုပ်ရှင် များစွာကိုလည်း အခါအားေ လျာ်စွာ ဖန်တီးရိုက်ကူး ခဲ့ကြသည်။ ထိုရုပ်ရှင်ကားများတွင် ဗြိတိသျှဘားမား ရုပ်ရှင် မှ ဇာတ်လမ်း ဇာတ်ညွှန်း ကိုနုနှင့် ဒါရိုက်တာ ဦးဘဇင် တို့ညွှန်ကြား၍ တင်ဆွေ မေမေဝင်းနှင့် လှမောင်ကြီးတို့ ဦးဆောင်လျှက် ဇာတ်ဝင်ခန်းအချို့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုနု ၊ ကိုနု ၊ ကိုရာရှစ် ၊ ကိုထွန်းအုံနှင့် ကိုအောင်ဆန်းတို့ သရုပ်ဆောင်ပြီး အမျိုးသားတက္ကသိုလ်ပေါ်ထွန်းရေး လှုံ့ဆော်သည့် ဘွိုင်းကော့တာ လည်းပါဝင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရုပ်အလောင်းများ ထားရှိရာ ဆေးရုံနှင့် နေအိမ်များမှ တဆင့် ဇူလိုင်လ ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဂျူဗလီဟောသို့ ရွေ့ပြောင်း ပို့ဆောင်ထားခဲ့သည်။ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် တာမွေ ၊ ကင်းဘဲလ်လမ်း မဟာမေဒင် သုဿန်၌ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြပြီး ကျန်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရွှေတိဂုံစေတီ မြောက်ဘက်ရှိ အာဇာနည်ဗိမာန် ၌ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ဂျူဗလီခန်းမသို့ ပြောင်းရွေ့ ပို့ဆောင်ပုံ၊ ဂျူဗလီ ခန်းမအတွင်း၌ ပြည်သူများ ဂါရဝပြုရန် ပြင်ဆင်ထားပုံ၊ ပြည်သူများ ပါတီနှင့် အသင်းအဖွဲ့များ နိုင်ငံခြား သံတမန် များ လာရောက် ဂါရဝပြုကြပုံ ဓလေ့ထုံးစံ များနှင့်အညီ ပို့ဆောင် သဂြိုလ်ကြပုံတို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဗြိတိသျှ ဘားမားရုပ်ရှင် အေဝမ်းဖလင်နှင့် ပဲရစ် ရုပ်ရှင် စသည့် ရုပ်ရှင် ကုမ္ပဏီများမှ ရိုက်ကူးထိမ်းသိမ်းထားသည့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနှင့် လွပ်လပ်ရေး ကြိုးပမ်းမှု ကာလတို့မှ မှတ်တမ်းတင် ရုပ်ရှင်ကားများ နှင့် ဘွိုင်းကော့တာ ရုပ်ရှင်ကားတို့မှ သင့်လျော်ရာ ပြကွက်များနှင့် ဆက်စပ် တည်းဖြတ်ပြီး ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကား``ကို ရုံတင်ရန် ထုတ်လုပ်နိုင်ခဲ့ရာ ကားပိုင်း ၇ ပိုင်း ၊ ပေ၇၀၀၀ ခန့် ရှည်လျားသည်။ 1947 ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့နယ် သွင်ရုံ ၊ လမ်းမတော် ကိုဋ္ဌေးရုံ ၊ ဗဟန်း ကန်တော်ကြီး ရန်ကုန်ရုံနှင့် ကြည့်မြင်တိုင် ရွှေတိုင်သီရိရုံတို့တွင် နေ့စဉ်နေ့တိုင်း ၅ ပွဲနှုံးဖြင့်ပြသခဲ့သည်။ မြန်မာနိုင်ငံ တူရိယာပညာရှင်များ အဖွဲ့ချုပ်က ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးမော်ကွန်းတင် သတင်းကား`` ပြသသည့် ရုံတိုင်း၌ နောက်ခံတေးဂီတ တီးခတ်သီဆိုရန် ဂီတပညာရှင်များ စီစဉ်ပေးခဲ့သည်။ သွင်ရုံတွင် စန္ဒားစက်ဆန်း ကိုမြမောင်အဖွဲ့နှင့် အဆိုတော် ဥသြဘသောင်း ၊ ဟင်္သာကြည်နှင့် မနုတို့က ၎င်း၊ ကာဋ္ဌေးရုံတွင် စန္ဒား ကိုသောင်း (ဆိုင်းဆရာ ဗိုလ်ကေသောင်းအဖွဲ့) နှင့် အဆိုတော် သထုံဘသိန်း ၊ စိန်ပါတီတို့က ၎င်း၊ ရန်ကုန်ရုံတွင် စန္ဒယား အေဝမ်းခင်မောင် အဖွဲ့နှင့် အဆိုတော် ပြည်ဘရှင်၊ ရွှေမြိုင်ကြည် တို့က၎င်း၊ ရွှေတိုင်သီရိရုံတွင် စန္ဒယား စစ်ကိုင်းလှရွှေအဖွဲ့နှင့် အဆိုတော် ကိုသန်းတင်၊ လွတ်လပ်ရေးအောင်သန်းတင် တို့က၎င်း၊ တီးခတ်သီဆိုခဲ့ကြသည်။ နောက်ခံဇာတ်ဝင်တေးသီချင်းများကို သဟာယ ဆရာတင် ၊ (မမေ့နိုင် ၊ ကမ္ဘာ့စံပြ နှင့် လွမ်းမပြေတဲ့စနေ၊ ) ရန်နိုင်စိန်(လူထုတိုက်ပွဲ) ၊ စိန်ဝေလျံ(တစ်ဗိုလ်ကျ တစ်ဗိုလ်တတ်)၊ တက္ကသိုလ်စိုး(ပြည်သူ့မျက်ရည်)၊ ရွှေပြည်အေး(ပြည်သူ့ရင်သွေး)၊ နှင့် ကက်နက်စိန်(အထွဋ်အမြတ်သွေးငိုချင်း)၊ တို့က ရေးစပ်သီကုံးပေးကြသည်။ ဇာတ်ဝင်တေးသီချင်းများကို ပုံနှိပ်ရောင်းချ ဖြန့်ဝေခဲ့ကြသည်။ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ရုံတင်ဝင်ငွေမှ ကျပ်ငါးသောင်းတိတိအား အာဇာနည်ဗိမာန် တည်ဆောက်ေ၇းရန်ပုံငွေသို့ ထည့်ဝင်လှုဒါန်းခဲ့သည်။ ဂီတပညာရှင်များကလည်း ဇာတ်ဝင်တေးသီချင်းများ ပုံနှိပ်ရောင်းရငွေအားလုံးနှင့် တီးခတ်သီဆိုမှုအတွက် ရရှိသည့် လုပ်အားခများအားလုံးကို အာဇာနည်ဗိမ္မာန်တည်ဆောက်ေ၇း ရန်ပုံငွေသို့ ထည့်ဝင်လှုဒါနုးခဲ့ကြသည်။``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကိုပြည်သူတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် ယုံကြည်လေးစား ကြည်ညိုရင်းစွဲဖြင့် တခဲနက် ကြေကွဲစွာ အားပေးကြ၍ ရက်၇ှည်ရုံတင်ပြသခဲ့ကြရသည်။ အမျိုးသားရေး နှင့် နယ်ချဲ့ဆန့်ကျင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဝိုင်အမ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပန သတင်းကားဖြင့် စတင်ထွန်းကားခဲ့သော မြန်မာ့ရုပ်ရှင်၏ အစဉ်အလာကို မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကြီး က ဆက်လက်ထိမ်းသိမ်းကာ လွတ်လပ်ရေးကြိုးပမ်းမှု တွင် အသက်ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုမော်ကွန်းတင်သည့် ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကို အောင်မြင်စွာ ရိုက်ကူးရုံတင်နိုင်ခဲ့ပါသည်။ **ကေမြူး** (ကိုးကား) စစ်ကိုင်းလှရွှေ၏ ရုပ်ရှင် ဂီတနှင့် ကျွန်တော့စာအုပ် ဦးမောင်မောင်(မြန်မာ့ရုပ်ရှင်)၏ ပထမအကြိမ်ရုပ်ရှင်နှီးနှောဖလှယ်ပွဲ(၁၉၆၈)သို့တင်သွင်းသော မြန်မာ့သမိုင်းစဉ် (အကျဉ်းချုပ်)စာတမ်း ဖိုးအောင်လေး၏မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း နှင့် ကေမြူး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နှင့် ရုပ်ရှင်အနုပညာရှင်များစာအုပ် တို့မှ ညှိနိုင်းကိုးကားသည်။

-- Posted By ကိုစိုးနိုင်

-ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ်- (မော်ကွန်းတင် သတင်းကား)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)