**ဒီလိုပါ**
တရားသူကြီး - အဲဒီတုန်းက မောင်မင်းကို ကျုပ်ဘာပြောလိုက်လဲမှတ်မိလား။ သူခိုး - ဟုတ်ကဲ့ပါ။ တရားသူကြီး - ဒီတရားရုံးကို နောက်ထပ်တရားခံအဖြစ် ရောက်မလာနဲ့တော့လို့ ပြောလိုက်တယ်လေ။ သူခိုး - ဟုတ်ကဲ့။ တရားသူကြီး - ဒါဆို…ဘာဖြစ်လို့ တရားခံအဖြစ် ပြန်ရောက်လာတုန်းပြောစမ်း။ သူခိုး - ကျနော်အိမ်တစ်အိမ်က ပစ္စည်းခိုးပြီးပြန်အထွက်…လမ်းမှာ ရဲတွေလာဖမ်း ပါတယ်။ ကျနော်က တရားသူကြီးပြောစကားကို သူတို့ကို သေသေချာချာပြောပြ ပါတယ်။ ရဲတပ်ဖွဲ့ဝင် တွေက လုံးဝနားမထောင်လို့ အခုလိုဖြစ်ရတာပါ။ တရားသူကြီး - “ဟေ”
အာကာဟန်း-ရေးသားသည်။

No comments:
Post a Comment