ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 25, 2012

>
--ချစ်ရက်ရှည်ရှည် အင်းလျားမြေ လွမ်းရက်အသင်္ချ အင်းလျားမြေ-- 

လွန်ခဲ့သော အနှစ် (၃၀) ခန့်က မြန်မာ့အသံနှင့် ရေဒီယိုမှ နေ၍ “ မြကျွန်းညိုညို” အမည်ရှိ တေးသီးချင်း ကို မြန်မာ့အသံ ၀န်ထမ်းများဖြစ်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းကြီးများက အသံလွှင့်ခဲ့ကြသည်ကို မှတ်မိနေပါသေးသည်။ ကောင်းလိုက်တဲ့ သီချင်းစာသား၊ ရင်ထဲကလှိုက်တက်လာတဲ့ ၀မ်းသာအယ်လဲဖြစ်တည်မှု၊ ငါတို့တက္ကတက္ကသိုလ်ကွ ဟူ၍ ဂုဏ်ယူဝံ့ကြွားမှု… (အို) ပြောမဆုံးတဲ့ ရန်ကုန်တက္ကသိုလ်ပါလေ။ မိမိသည်ပင်အနှီ ရန်ကုန်တက္ကသိုလ်နှင့် ဝေးကွာခဲ့သည်မှာ ၁၉၈၈ ခုနှစ်က စတင်ရေတွက်လျှင်ပင် ၂၄ နှစ်ရှိခဲ့ပေပြီ။ “(မြကျွန်းညိုညို…ကွန်ခိုးရာ တက္ကသိုလ်မှာဆုံ.. … စာပေဂီတနဲ့သော… အနုပညာ… အစစမှာလည်းစုံ… တေးစေရှင်… ငြိမ့်ငြိမ့်ညောင်းလို့… သီကျူးပါလို့… ကြည်နူးမကုန်… ယနေ့မင်္ဂလာ… ဘ၀င်မျာအေးလို့… ငြိမ်းချမ်းကြစေကုန်…)² ပန်းကံ့ကော်… ရွှေရည်ဝင်းလို့… သင်းပျံ့ကြိုင်လှိုင်းထုံ… တို့တက္ကသိုလ်ဂုဏ်… စိန်ပန်းတွေနီပြာ… မြသီလာ… သာမောမကုန်... အလှတော… ရဂုံ… (သံပြိုင်)။ ။ ရှေးယဉ်ကျေးမှု… အစဉ်အလာ… တို့လက်ခံပါတယ်ယုံ… ရှေးယဉ်ကျေးမှုအစဉ်အလာ… တိုး… တိုးတက်ပါစေကုန်….........................။

အမိရန်ကုန်တက္ကသိုလ်၊ အဖရန်ကုန်တက္ကသိုလ်… တက္ကသိုလ်ဂုဏ်က ပြောလို့မကုန်၊ ဆို၍မခန်း၊ မဒုမ္မာရွှေကြာပန်းနှယ် လန်းစရာမလို။ စိန်ပန်းရှိသည်။ ကံကော်ရှိသည်။ ငုဝါရှိသည်။ ပိတောက်လည်းရှိသည်။ သစ်ပုတ်ပင်ကြီးကတော့ တက္ကသိုလ်ရဲ့ အမှတ်လက္ခဏာတစ်ခု၊ ဂျက်ဆင်ကလည်း တစ်ဘာသာ၊ ကွန်ဗို့က တစ်နည်းတစ်လမ်း၊ ထို့အပြင်ဦးချစ်၊ အရှည်ကြီး၊ ယမ်းဘီးလူး၊ လူငယ် စသည့်လ္ဘက်ရည်ဆိုင်များကလည်း မပါလျှင်မပြီးမဟုတ်လား။ အင်းလျားကန်နှင့် ဘူးသီးကြော် အပါအ၀င် အကြော်ဆိုင်တွေကရော၊ တံတားဖြူ (၁၉၈၈ခုနှစ် မတ်လ ၁၆+၁၇ မှာက တံတားနီ)တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်ဗုဒ္ဓဘာသာ အသင်း၊ အိုး…ဘယ်သင်းကိုပဲ ရှုမောလိုက်၊ ရှုမောလိုက် လွမ်းစရာတွေ တပွေ့တပိုက်နှင့် အမိတက္ကသိုလ်ပါလေ။

 “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” -(မူရင်းဆို-တွံတေးသိန်းတန်)

အပိုဒ် - ၁။ ။ ကျောင်းဖွင့်ချိန်…စိန်ပန်းတွေလည်း… မြေမှာကြဲပြန့်နေ…ကံ့ကော်ပန်းတွေနဲ့ အတူ… သူနဲ့ တွေ့ရာနယ်မြေ… တက္ကသိုလ် သို့မဟုတ်… မြကျွန်းသာ… အင်းလျားကန်တော်မြေ… အပိုဒ် - ၂။ ။ အချိန်ညနေချမ်း… နေခြည်သန်းရင်လေ… မြေနီလမ်းကလေးမှာ... အပန်းဖြေ… အပန်းဖြေ… ချစ်စရာ… အလှအပစကားများ… ပြောကြားတာတွေ… ချစ်သောမိမိငယ်ရေ… အင်းလျားကန်က … ကိုယ်တို့… ကိုယ်တို့… မေတ္တာမြေ… အပိုဒ် - ၃။ ။ သိုသိပ်… ၀ှက်ကွယ်ထားတဲ့… မေတ္တာစကားတွေ… ရင်ထဲမှာ ကိုယ်စီကိုယ်ဌနေ…ချစ်စရာ… နုတ်ခမ်းပါးက… စကားများလည်း… မပွင့်လင်းကြလေ… သဇင်တွေဖူးပါတဲ့… ဆောင်းဦးကိုလည်း… ကျော်ခဲ့ပြီမေရေ… ရာသီတွေ… ပြောင်းခဲ့ပေမယ်… ကိုယ်တို့နှစ်သီးရဲ့ မထူးတဲ့ အခြေ… ချစ်စိတ်တွေ… ရင်မှာအစဉ်သာ… သိမ်းကာထားခဲ့ပေ… အပိုဒ် - ၄။ ။ နွေအကူး… လေဂူးတွေလည်း ပွင့်ပြီလေ… ကံ့ကော်တွေလည်း… ဖူးလို့နေ… သစ်ရွက်ကြွေ…လေမှာလူးကာ… ဥသြငှက်ကိုတွေ့တော့… ချစ်ရက်ရှည်ရှည်… အပိုဒ် - ၅။ ။ ဒီအခါ… ဒီသမယ… ခွဲခွာရမယ့်အခြေ…အချိန်တန်…အိမ်ပြန်ရပေမယ့်… ကိုယ့်လိပ်ပြာက… မင်းရဲ့ထံမှာနေ… အင်းလျားကိုလည်း မမေ့နိုင်ပေ…....................................။
အို…အမိတက္ကသိုလ်၊ အဖတက္ကသိုလ်… အခုနေချိန်ခါမှာ ကျနော်တို့တတွေဟာ အမိမြေ (၀ါ) အဖမြေလွတ်မြောက်ေ၇းအတွက် ဇွဲသန်သန်နဲ့ ရုန်းကုန်လှုပ်ရှားနေရပေမယ့် ကျနော်တို့ချစ်ခဲ့တဲ့ တရှိုက်မက်မက်စွဲလန်းခဲ့တဲ့ အမိ တက္ကသိုလ်မြေနဲ့ ချစ်ရက်တွေ၊ လွမ်းရက်တွေရှည်ခဲ့ဖူးတဲ့၊ ဖူးငုံတွေရဲ့ ထုံးတမ်းဓလေ့အတိုင်း ရင်သိမ့်တုန် ကြည်နူးခဲ့ဖူးတဲ့ အင်းလျားကန်ကြီးကိုလည်း တစ်ခါတစ်ခါမက၊ အခါခါအလီလီ အဖန်ဖန်ရင်ထဲမှာ ဒဏ်ရာကျန်နေသည့် ပမာခံစားနေရတုန်းပါ။ ပြုံပျော်ကြည်နူးခဲ့တာတွေကိုရော… လွမ်းမောတသ နွမ်းလျအိမ်ပြန်ခဲ့ရတာတွေရော… ပုံမှန်လ္ဘက်ရည် (ချိုစိမ့်) သောက်ရသလိုမျိုးပုံမှန်အတိုင်း ပြုံးတည်တည် ဖြစ်တည်ခဲ့ရတာတွေကိုပါ အောက်မေ့တသ သတိရတုန်းပါ။ ဟေ့…အမိတက္ကသိုလ်၊ ဟေ့… အင်းလျားကန်တော်မြေရေ… ချစ်ရက်ကလည်း ရှည်သဟေ့… လွမ်းရက်ကလည်း အသင်္ချေပါဟေ့… ဒါပေမယ့်… ဒါပေမယ့်… ဒါပေမယ့်………………………………………….။

 ရေးဖွဲ့ - သောင်ရင်းနဂါး
ထိုင်း - မြန်မာနယ်စပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)