သင်ဟာ လူတစ်ယောက်ကိုဖြစ်ဖြစ်၊ အရာဝတ္တုတစ်တစ်ခုခုကိုဖြစ်ဖြစ၊ အပင်တစ်ပင်ပိုပဲဖြစ်ဖြစ်၊ သိပ်မြတ်နိုး၊
သိပ်ချစ်၊ သိပ်တန်ဖိုးထားမိနေပြီဆိုပါတော့။ ဒါပေမဲ့ အဲ့အရာဟာ သင်ရယူပိုင်ဆိုင်ဖို့ ဘယ်လိုမှ
မျှော်လင့်ချက် မရှိနိုင်တော့ဘူးဆိုပါတော့။ ဒါဆို သင်ဘာလုပ်မလဲ။
လွတ်လပ်အေးချမ်းတဲ့ စိတ်နဲ့ ကြည့်နေဖို့ပဲ ရှိတော့တာပေါ့နော်။
လွတ်လပ်အေးချမ်းတဲ့စိတ်ဆိုတာဟာ ပိုင်ဆိုင်လိုစိတ် မရှိဘူး။
ရယူပိုင်ဆိုင်ထားချင်စိတ်လည်း မရှိဘူး။ အသုံးလည်း မချဘူး။ ဘာမှလည်း
မလုပ်ဘူး။ မြင်ရတာနဲ့ကိုပဲ သူပျော်နေတာကို ဆိုတာပါ။
လူလူချင်း ဆက်ဆံရေးမှာလည်း အဲဒီလို လွတ်လပ်တဲ့စိတ် တန်ဖိုးထားတဲ့စိတ်နဲ့သာ
ဆက်ဆံကြမယ် ဆိုရင် စိတ်ချမ်းသာမှု ပိုရမယ်။ ဘာလေးမြင်ရမြင်ရ
သစ်ပင်လေးမြင်လည်း အဲဒီလိုစိတ်နဲ့သာ ကြည့်တတ်မယ်ဆိုရင် သစ်ပင်တွေက
ပိုလှလာမယ်။
သတိထားကြည့်လိုက် ကိုယ့်စိတ်ထဲမှာ လွတ်လပ်အေးချမ်းပြီးတော့
ပိုင်ဆိုင်ချင်တဲ့စိတ် မရှိရင် အသုံးချချင်တဲ့စိတ်မရှိပဲနဲ့
ကြည့်လိုက်လို့ရှိရင် အရာအားလုံးဟာ အရင်ကထက်ကို ပိုလှတယ်လို့ ထင်ရတယ်။
ဘယ်ဟာက ဘယ်လို အသုံးဝင်မလဲလို့ စဉ်းစားနေရင် သိပ်လှတယ်လို့ မထင်တော့ဘူး။
လှတာ လျော့သွားတယ် ဆိုပါတော့။
အသုံးတော့ ၀င်ပါတယ်။ ဆေးဖက်ဝင်တာတွေ တချို့ လိုချင်လို့ ဆေးဖော်ပြီးတော့
သောက်ရတာတော့ ရှိပါတယ်။ အဲဒါကို အပြစ်တင်တဲ့စကားပြောတာ မဟုတ်ပါဘူး။
သို့သော် အသုံးမ၀င်ဘူးဆိုတဲ့ အရာတွေဟာလည်း လှပါတယ်။ အသုံးဝင်တဲ့ အရာတွေလည်း
လှပါတယ်။
လမင်းကြီးကို ကြည့်လိုက်ရင်လည်း ဒီလိုပဲ။ ပိုင်လို့လည်း မရဘူး။
ယူထားလို့လည်းမရဘူး။ “လာပါ”။ ဆိုတဲ့အချိန်မှာ သူလာမှာ မဟုတ်ဘူး။
သူလာချင်တဲ့အချိန်မှာ သူလာတယ်။ ဒါပေမဲ့ မြင်လိုက်ရရင် စိတ်ချမ်းသာလိုက်တာ။
လွတ်လပ်တဲ့စိတ်နဲ့ တန်ဖိုးထားတဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့ သူ့ကို
ကြည့်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ နော်။
ဒါကြောင့် သင်လည်း လူတိုင်းကို အရာရာတိုင်းကို လွတ်လပ်အေးချမ်းတဲ့စိတ်နဲ့
သာ ကြည့်လိုက်မယ်ဆိုရင် အရာအားလုံးဟာ အရင်ကထက် ပိုပိုလှပါနေမှာသေချာပါတယ်။
Posted by soe hein
**မေမွန်ကျော်**

No comments:
Post a Comment