ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 22, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ရာအူးလ်ရှော်လ်ကေးအသင်းမှ ထွက်ခွာမည်** 
(ဘာလင်၊ ဧပြီ ၂၀) ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းတွင် ကစားနေသော စပိန်တိုက်စစ်မှူး ရာအူးလ်သည် ယခုနှစ်ဘောလုံးရာသီကုန်ချန်၌ အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ၄င်းက ဧပြီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်းမှ ၂၀၁၀ ခုနှစ်က ထွက်ခွာလာခဲ့သော တိုက်စစ်မှူးရာအူလ်းသည် ရှော်လ်ကေးအသင်းတွင် ဆက်လက်ကစားရန်အတွက် စာချုပ်ချုပ်ဆိုလိုသော်လည်း ရာအူးလ်က ဆက်လက်မကစားရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ်ရှိ ရာအူးလ်သည် ၂၀၁၀ ခုနှစ်က ရီးရဲမက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၆၄ ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း ၂၇ ဂိုးသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး ဖြစ်သည်။ တစ်ဖန် စပိန်ဘောလုံးအသင်းအတွက်လည်း ၀ါရင့်တိုက်စစ်မှူးဟောင်းတစ်ဦးအဖြစ် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ (အင်တာနက်)
**ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်း မန်ယူက ထိပ်ဆုံး၌ ရပ်တည်** (လန်ဒန်၊ ဧပြီ ၂၀) မန်ယူအသင်းသည် လက်ရှိအချိန်၌ ငွေကြေးချမ်းသာ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၂.၂၃၅ ဘီလီယံရှိရာ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းဖြစ်သည်။ စပိန်ကလပ် ရီးရဲမက်ဒ်ဒရစ်အသင်းမှာ အမေရိကန်ဒေါ်လာ ၁.၈၈၇ ဘီလီယံဖြင့် ဒုတိယအချမ်းသာဆုံး ဘောလုံးအသင်းအဖြစ်ရပ်တည်လျက်ရှိသည်။ ထို့အတူ စပိန်ကလပ်ဘာစီလိုနာအသင်းမှာ ငွေကြေးကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁.၃၀၇ ဘီလီယံ ရှိရာ ကမ္ဘာ့တတိယမြောက် ငွေကြေးအချမ်းသာဆုံးကလပ်ဘောလုံးအသင်းဖြစ်သည်။
တစ်ဖန်အင်္ဂလန်ကလပ်အာဆင်နယ်အသင်းမှာ ငွေကြေးအမေရိကန်ဒေါ်လာ ၁.၂၉၂ ဘီလီယံဖြင့် စတုတ္ထအချမ်းသာဆုံးဘောလုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ပဉ္စမမြောက် အချမ်းသာဆုံး ဘောလုံးအသင်းမှာ ဂျာမန်ကလပ် ဘေယန်မြူးနစ်အသင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၂၃၅ ဘီလီယံချမ်းသာသည်။ ဆဋ္ဌမမြောက်အချမ်းသာဆုံးဘောလုံးအသင်းမှာ အီတလီကလပ် အေစီမီလန်အသင်း အမေရိကန်ဒေါ်လာ ၉၈၉သန်း ချမ်းသာကာ သတ္တမမြောက်အချမ်းသာဆုံး ဘောလုံးအသင်းမှာ ချယ်လ်ဆီးဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ ၇၆၁ သန်းဖြစ်ပြီး အဋ္ဌမမြောက်အချမ်းသာဆုံးအသင်းမှာ လီဗာပူးဖြစ်သည်။ လီဗာပူးအသင်းသည် အမေရိကန်ဒေါ်လာ ၆၁၉ သန်းကြွယ်ဝပြီး မန်စီးတီးအသင်းမှာ အဆင့် ၁၃ ၌သာ ရပ်တည်နိုင်ကာ အမေရိကန်ဒေါ်လာ ၄၄၃ သန်းချမ်းသာကြောင်း ဖော်ပြသည်။ (အင်တာနက်) **BoyFriend ဗီဒီယိုကား ဂျပ်စတင်ဘီဘာ ပွဲဦးထွက်ပြသ** (လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၀) ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာဟာ BoyFriend လို့အမည်ရတဲ့ ဗီဒီယိုအခွေထွက်တော့မယ့်အကြောင်း လွန်ခဲ့တဲ့ဧပြီ ၁၀ ရက်ညက ပရိသတ်တွေကို ပွဲဦးထွက်ပြသခဲ့ပါတယ်။ အဆိုတော်ဂျပ်စတင်ဘီဘာက သူ့ရဲ့ BoyFriend ဗီဒီယိုအခွေနဲ့ပတ်သက်ပြီး ၄၅ စက္ကန့်လောက်ပဲ ပရိသတ်တွေကို အမြည်းအဖြစ်ပြသခဲ့တယ်လို့ ဆိုပါတယ်။ ဂျက်စတင်ဘီဘာဟာလာမည့်ဇွန် ၁၉ ရက်မှာလည်း အဆိုတော်တေလာဆွစ်နဲ့ အတူသီဆိုထားတဲ့ Believe လို့အမည်ရတဲ့ အယ်လ်ဘမ်အသစ်လည်း ထွက်ဖို့ရှိပါတယ်။ ဒီ ဗီဒီယိုအခွေမှာ ဂျပ်စတင်ဘီဘာရဲ့ ချစ်သူဆီလီနာဂိုမက်စ်ကလည်း အားဖြည့်သီဆိုဖြေပေးထားပါတယ်။ သူဟာလာမည့် မေ ၈ ရက် သီချင်းဆိုပြိုင်ပွဲမှာ BoyFriend သီချင်းနဲ့ ပါဝင်သီဆို ဖျော်ဖြေမှာဖြစ်တဲ့အကြောင်း ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ (အင်တာနက်) **One Direction တီးဝိုင်း နာမည်တူကြောင်း တရားစွဲခံရ** (လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၀) အဆိုတော် ဆီမွန်ကောဝဲလ်ရဲ့ ဗြိတိသျှလူငယ်တီးဝိုင်းတစ်ဝိုင်းဖြစ်တဲ့ One Direction တီးဝိုင်းဟာ ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ တီးဝိုင်းအဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ One Direction အမည်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ပေါ့ပ်ရော့ခ်ဂီတအဖွဲ့ငယ်တစ်ခုနဲ့ အမည်တူနေပါတယ်။ ဒီအတွက် ကယ်လ်ဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ အဖွဲ့ငယ်က နာမည်တူမူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားထာဖြစ်ပါတယ်။ One Direction ဂီတအဖွဲ့ဟာ ၂၀၁၀ ခုနှစ်က ဗြိတိသျှ X Factor သီချင်းဆိုပြိုင်ပွဲအပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဗြိတိသျှ၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ အလွန်လူကြိုက်များနေတဲ့ ဂီတအဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ Up All Night လို့အမည်ရတဲ့ တေးအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့လက နံပါတ်တစ်အရောင်းရဆုံးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ (အင်တာနက်) **အဆိုတော်အဒေလီ အချမ်းသာဆုံး ဂီတပညာရှင်ဖြစ်လာ** (လန်ဒန်၊ ဧပြီ ၂၀) ကမ္ဘာကျော်အဆိုတော်အဒေလီဟာ ဗြိတိန်နိုင်ငံမှာ အသက်အငယ်ဆုံး၊ အချမ်းသာဆုံးဂီတပညာရှင်တစ်ဦးဖြစ်လာပါတယ် သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပေါင်သန်း ၂၀ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပေါင်ခြောက်သန်းလောက်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၁ လို့အမည်ရဲ့ တေးအယ်လ်ဘမ်ဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာ အလွန်အောင်မြင်ခဲ့တာကြောင့် ၀င်ငွေပေါင် ၁၄ သန်းအထိ ရရှိခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝန်း တေးအယ်လ်ဘမ် အချပ်ပေါင်းခြောက်သန်းနီးပါးရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ အဒေလီ ဗြိတိသျှ နာမည်ကျော်အဆိုတော်ဖြစ်တဲ့ ဂျေအယ်လ်ဘမ်၊ ဂျက်ဆီဂျေးတို့ကိုကျော်ဖြတ်ပြီး အသက်ငယ်ဆုံး၊ အချမ်းသာဆုံးတေးဂီတပညာရှင်ဖြစ်ခဲ့ပါတယ်။ (အင်တာနက်) စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)