* *(အများအကျိုးဆောင်-ကိုယ့်ပုဆိုးပေါင်နှင့် အခြားဆောင်းပါးများ)**
ဂုရုဆန်(ခေါ်) ဆရာမိုးသည် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကို ဗဟိုပြု၍ုဖုတ်ဖရ၊ မယ်ရမတ်၊ တာ့(ခ်) စသည့် ဧရိယာများကို အဓိကထား၍ လှုပ်ရှားပုံဖော်တည်ဆောက်နေသူဖြစ်သည်။ “ထိုးဖောက်-ထပ်မံထိုးဖောက်၊ ဆက်စပ်-ထပ်မံဆက်စပ်၊ တည်ဆောက်-ထပ်မံတည်ဆောက်” ဟူ၍လည်း ပေါ်လစီချမှတ်ရေးဆွဲထားသူဖြစ်သည်။ သို့ရာတွင် မည်မျှပင် အလုပ်ကြီး၊ အကိုင်ကြီးသမား ဖြစ်နေသော်လည်း နေ့စဉ်ဆိုင်ကယ်လ်ဆီဖိုးကိုပင် အနိုင်နိုင်နှင့် ချိန်ဆကာ သွားလာလှုပ်ရှားနေရသူ တစ်ယောက်ဖြစ်မှန်း မည်သူမျှယုံနိုင်ကြအံ့မထင်။ အကြောင်းမှာ ဂုရုဆန်သည် နေ့စဉ်မဆိုထားနှင့်။ လစဉ်ပုံမှန်ဝင်ငွေပင်လျှင် (၁၀၀၀) ဘတ် ပြည့်အောင်ရရှိသူ မဟုတ်သောကြောင့်ပင် ။ အချို့က မဲဆောက်မြို့၍ ကလေး ၅၀၀ ကျော်တက်ရောက်နေသော အလကကျောင်းတစ်ကျောင်းမှလည်းကောင်း၊ မယ်ရမတ်မြို့ဧရိယာ၊ မယ့်ချရောင်း တိုက်နယ်မှ ကလေး ၆၀ ကျော်တက်ရောက်နေသော အမကကျောင်းတစ်ကျောင်းမှလည်းကောင်၊ မဲဆောက်သောင်ရင်းမြစ်ကမ်းနဖူးဒေသ၊ အမှတ် (၁၇) ကုတို့ဆိပ်အနီးရှိ စာကြည့်တိုက်တစ်ခုမှလည်းကောင်း၊ ဖုတ်ဖရမြို့နယ် မြို့ထဲပိုင်းမှ ကျောင်းသား ၃၀ ကျော်တက်ရောက်နေသော စာသင်ဝိုင်းမှလည်းကောင်း၊ တစ်နည်းနည်းတဖုံဖုံဖြင့် ၀င်ငွေတော့ရကောင်းရနေသူတစ်ယောက်ဟု ထင်မှတ်မှားတာရှိပါသည်။ အမှန်စင်စစ်၌မူ နိုက်တင်ဂေးလ်ဂျာနယ်မှ ၅၀၀ ဘတ်နှင့် မက်(ပ်) ရေဒီယိုမှ လမ်းစရိတ် ၃၀၀ ဘတ်၊ နှစ်မျိုးပေါင်း (၈၀၀) ဘတ်သည်ပင် ဂုရုဆန်၏ ၀င်ငွေအစစ်ဖြစ်ပါသည်။ ဤဘတ် ၈၀၀ မျှဖြင့် ရက် ၃၀ လုံးလုံးအလုပ်သမားပြဿနာအမှုသည်များအား ကြိုပို့အပါအ၀င်အကျိုးဆောင်ရေးကိစ္စ၊ ထိုင်းရှေ့နေရုံး၊ ထိုင်းအလုပ်သမားရုံး၊ ဒေသဆိုင်ရာရဲစခန်း စသည်တို့နှင့် ဆက်စပ်ဆောင်ရွက်ရေးကိစ္စတို့တွင် အနှီးဘတ် ၈၀၀ မျှဖြင့် မည်သို့လုံလောက်ပါမည်နည်း။ ဟော…မနေ့တစ်နေ့ကပဲ (၁၅ ရက်လောက်ကပဲ) မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်ကြီး၊ ရပ်ကွက်(၁)ဘတ်မှ ပရိဘောဂ စက်ရုံက လုပ်အားခမရပဲ မောင်းထုတ်ခံရသော လုပ်ငယ်အလုပ်သမား ၂ ဦးကို မဲဆောက်ရှိ ထိုင်းအလုပ်သမားရုံး၊ ထိုင်းရှေ့နေရုံးတို့ကို လွန်း ပျံပို့ဆောင် ကူညီရင်း ထိုင်းအလုပ်သမားရုံးက ရသင့်ရထိုက်သောလုပ်အားခများ (၂ဦးပေါင်း ဘတ် - ၁၄၀၀၀ခန့်) ပေးစေဟု အလုပ်ရှင်အား ညွှန်ကြားချက်ပေးသောနေ့တွင်မူ အဆိုပါလူငယ် ၂ ဦင်္းသည် ဂုရုဆန်ကို အကြောင်းမကြားပါတော့ချေ။ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) မှ စကားပြန်မက ဂုရုဆန်ထံဖုန်းဆက်ပြီး ဒီလို၊ ဒီအကြောင်းရှိကြောင်းသတင်းပို့ရာ ခါတိုင်းဤသူငယ် ၂ ဦးကို ဆိုင်ကယ်လ်ဖြင့် လွန်းပျံပို့ဆောင် ကူညီရင်း “မင်းတို့ဆီက ငါတို့ဘာမှ မလိုချင်ဘူး၊ ငါတို့လိုချင်တာ အောင်မြင်မှုရရှိတဲ့ အတွက် မှတ်တမ်းအတိအကျတော့ ပြန်လိုချင်တယ်။ ဥပမာ-ငွေပမာဏဘယ်လောက်ကို ဘယ်နေ့မှာ ဘယ်လိုရရှိတယ်ပေါ့ကွာ၊ ဒါကိုတော့ မမေ့ ကြပါနဲ့” ဟူ၍ အတန်တန်မှာကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် မည်မျှပင်အတန်တန်မှာကြားထားသော်လည်း ဂုရုဆန်ကို လုံးဝညဉ်ရခါနီးတွင် လုံးဝအကြောင်းမကြားပဲ ၄င်းတို့ဖာသာရယူပြီး ပြန်လစ်မည့်အကြံရှိသည်ကို ရိပ်မိသည်တွင် ဂုရုဆန်သည် ဆိုင်ကယ်လ်ကို မဲဆောက်မြို့အလုပ်သမားကာကွယ်ရေးထံ ဦးတည်ရပါတော့သည်။ ဤတွင်ပင် ကံဆိုးမိုးမှောင်ကျကာ ဘီးပေါက်ပါသည်။ ပေါက်သည်မှ ကျွတ်ပင်မကောင်းတော့လောက်အောင် ၂ ပေါက် ၃ ပေါက် ပေါက်လျက်၊ (ခဲစူးတစ်စူးက စိမ့်ဝင်ထိုးဖောက်) ကျွတ်အသစ်ဝယ်ရန် ပိုက်ဆံကမရှိ၊ ဘီးဖာဖို့ပင် ၃ ပေါက်စာ မရှိ။ တစ်ပေါက် ၂၀ ဘတ်ဆိုတော့ကာ ၆၀ ဘတ်ကျသင့်ပါသည်။ ယခင်နေ့များတွင် ဤသူငယ် ၂ ဦးကို ကြိုလိုက်၊ ပို့လိုက်နှင့် ၃ ရက်ခန့် ဂုရုဆန်အလုပ်ရှုပ်ခဲ့ရပါသည်။ ဟော…ယခု မှတ်တမ်းကလွဲလို့ ဘာမှမယူပါဆိုသူကို ၄င်းတို့က အကြံအဖန်ကောင်၊ အတုအယူကောင်၊ စေတနာ့ဝန်ထမ်းအယောင်ဆောင်ကောင်တွေနှင့် ရောယောင်ကာ မိမိတို့ရလာသည့်ပိုက်ဆံကို ကျစ်ထားလျက် အကျိုးဆောင်သူက ရယူလိုသည့် မှတ်တမ်းကိုပင် ၄င်းတို့မပေးလိုတော့ပြီ။ ဂုရုဆန်မှ နေပူပူတွင် ချေးတစ်လုံးလုံးနှင့် ဆိုင်ကယ်လ်တွန်းကာ ယခင်မြို့လယ်အိမ်ဟောင်းအနီးရှိ အသိအိမ်မှ ပိုက်ဆံချေးလျက်ဆိုက်ကယ်လ်ပြုပြင်ရပါသည်။ သြော့်…သြော်၊ ထိုနေ့က ဆိုက်ကယ်လ်ဘီးပေါက်၍ အဝေးကြီးတွန်းရပါသည်။ တလက်စထဲ အသိအိမ်ကျမှ ပိုက်ဆံခဏချေးရပါသည်။
ဒါ့ကြောင့်…ပြောတာပေါ့။ အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင်တဲ့လေ။
စုစည်းတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

No comments:
Post a Comment