ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 30, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**ရွန်နေနှင့် ၀ဲလ်ဘက်တို့အတွဲ ဒွိုက်ယောက်နှင့် အင်ဒီကိုးလ်တို့ အတွဲနှင့်တူညီ** 
 (လန်ဒန်၊ ဧပြီ ၂၈) ရွန်နေနှင့် ဒန်နီဝဲလ်ဘက်တို့အတွဲသည် တစ်ချိန်က အိုးထရက်ဖို့ဒ်တွင် ဂိုးသွင်းစံချိန်တင်ခဲ့သည့် ဒွိုက်ယောက်နှင့် အင်ဒီကိုးလ်တို့အတွဲနှင့် တူညီနေကြောင်း နည်းပြဖာဂူဆန်က ပြောကြားလိုက်သည်။ ၀ဲလ်ဘက်သည် ပြီးခဲ့သည့်အဲဗာတန်နှင့် ကစားသောပွဲတွင် ၁၂ ဂိုးမြောက်အဖြစ် သွင်းယူခဲ့သည်။ ရွန်နေက ၄င်းပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည်။ ရွန်နေသည် ၃၃ ဂိုးသွင်းယူထားသည်။ ၁၉၉၉ ခုနှစ် မန်ယူအောင်မြင်မှုရခဲ့စဉ်က ဒွိုက်ယောက်နှင့် အင်ဒီကိုးလ်တို့သည် အတွဲညီသည့် တိုက်စစ်အတွဲဖြစ် သည်။ ထိုနှစ်က ၄င်းတို့နှင့်အတူ မန်ယူက ဖလားများဆွတ်ခူးနိုင်ခဲ့သည်။ မန်ယူနှင့် မန်စီးတီးတို့ ဧပြီ ၃၀ ရက်တွင် မကစားမီ နည်းပြဖာဂူဆန်က ရွန်နေနှင့် ၀ဲလ်ဘက်တို့အား ချီးမွမ်းပြောကြားလိုက်သည်။ (အင်တာနက်)

**ဘာစီလိုနာနည်းပြ ချယ်လ်ဆီးနည်းပြ မဟုတ်ဟုဆို** 
 (မက်ဒရစ်၊ ဧပြီ ၂၈) ဘာစီလိုနာနည်းပြ ဂွါဒီယိုလာက ရာသီကုန်လျှင် ဘာစီလိုနာမှ ထွက်ခွာမည်ဟု အတည်ပြုပြောကြားခဲ့ ပြီးနောက် ချယ်လ်ဆိးနည်းပြလုပ်ရန် အစီအစဉ်မရှိကြောင်း ပြောကြားလိုက်သည်။ အသက် ၄၁ နှစ်ရှိ ဂွါဒယိုလာအား ချယ်လ်ဆီးအသင်းပိုင်ရှင် “အေဗရာမိုဗစ်ကဗီလက်ဘို့စ်” နေရာတွင် အစားထိုးရန်ရွေးချယ်ထားမည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းတွင် ဒီမက်တီယိုက ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဂွါဒီယိုလာက မိမိအနေဖြင့် နည်းပြလုပ်ရန် စိတ်ဝင်စားမှုမရှိသေး ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ (အင်တာနက်)

  **မန်စီးတီးအသင်း ရာသီကြိုအဖြစ် မလေးရှားသို့ လာရောက်ကစားမည်**
 (ကွာလာလမ်ပူ၊ ဧပြီ ၂၈) မန်စီးတီး ဘောလုံးအသင်းမလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေးဘောလုံးပွဲစဉ် လာရောက်ကစားခြင်းဖြစ်သည်။ မန်စီးတီးနှင့် မလေးရှားဘောလုံးအသင်းတို့သည် ကွာလာလမ်ပူမြို့ ဘူကစ်ဂျာလီ ဘောလုံးကွင်း၌ ဇူလိုင် ၃ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ မန်စီးတီးအသင်း လာရောက်ကစားမှုကို မိမိတို့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ များထဲမှ မိမိတို့နိုင်ငံကိုလာရောက်ကစားခြင်းကြောင့် ကျေနပ်မှုဖြစ်ရကြောင်း မလေးရှားဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ တန်ကူအဗ္ဗဒူလာ စူလ်တန်အာမက်ရှိတ်က ပြောကြားသည်။ (အင်တာနက်) 

**ဘေယန်မြူးနစ်နောက်ခံလူ ဆန်တို့စ် နောက်ထပ်လေးနှစ်စာချုပ်ချုပ်ဆို** 
(ဘာလင်၊ ဧပြီ ၂၈) အသက် ၂၈ နှစ်အရွယ်ရှိ ဆန်တို့စ်သည် မွန်ချန်ဂလာဘတ်အသင်းမှ ၂၀၀၉ ခုနှစ်က ဘေယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ဘေယန်မြူးနစ်၌ ခြေစွမ်းပြက
စားနိုင်မှုကြောင့် ဆန်တို့စ်အားနောက်ထပ်လေးနှစ် စာချုပ်ချုပ်လိုက်ခြင်းဖြစ်သည်။ ဘေယန်မြူးနစ်အသင်းသည် ကမ္ဘာ့အကောင်းဆုံးကလပ်ဘောလုံးအသင်းလေးသင်းတွင် တစ်သင်းဖြစ်ကြောင်း၊ ဘေယန်မြူးနစ်၌ ကစားရသည်မှာ ဂုဏ်ယူကြောင်း၊ မိမိဆက်ကစားလိုစိတ်ဆန္ဒပြင်းပြနေကြောင်း ဆန်တို့စ်က ပြောကြားသည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)