ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 21, 2012

> -ဧပြီလ နောက်ဆုံးပတ်တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာဖွယ် ရှိ-
ရန်ကုန် ၊ ဧပြီ ၁၉ နေ့အပူချိန် မြင့်တက်မှု ခံစားနေရသော မြန်မာနိုင်ငံတွင် ဧပြီလ နောက်ဆုံး ပတ်တွင် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းမှ တဆင့် မုန်တိုင်း ငယ်တစ်လုံး ဖြစ်ပေါ် လာဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က The Voice Weekly သို့ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။ မိုးကြိုကာလ ဖြစ်သော ဧပြီလ ၁၅ ရက်မှ မေလကုန်အထိ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းငယ် တစ်လုံး ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ဖွယ် မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။ ဧပြီလ ၂၀ နှင့် ၂၁ ရက်နေ့ များတွင် မိုးတိမ်ဖြစ်ထွန်းခြင်း မရှိပါက နေ့အပူချိန်များ မြင့်တက်နိုင်ပြီး ၊ ရန်ကုန်မြို့တော် ၌ အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် ၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ၄၃ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာဖွယ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ထပ်မံပြောကြားသည်။ မြန်မာနိုင်ငံအတွင်းဧပြီလ ၂၁ ရက် ၊ ၂၂ ရက် နှင့် ၂၇ ရက် ၊ ၂၈ ရက်များတွင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးများတွင် အပူချိန်ထပ်မံမြင့်တက် နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က သုံးသပ်ပြောကြားသည်။ ဧပြီလ ၁၇ ရက်နေ့ မကွေးတိုင်း ဒေသကြီး ၊ ချောက်မြို့နယ်၌ ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံး အပူချိန်မှာ (၄၆ ဒသမ ၁) ဒီဂရီစင်တီဂရိတ်(၁၁၅ ဒသမ ၀) ဒီဂရီဖာရင်ဟိုက် ထိဖြစ်ခဲ့ပြီး လွန်ခဲ့သော ၂၈ နှစ်တာအတွင်း ယင်းမြို့၏ဧပြီလ အတွက် အမြင့်ဆုံး အပူချိန် စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(နေပြည်တော်)၏ထုတ်ပြန်ချက်များအရ သိရသည်။ နေရောင်ခြည် အပူချိန် မြင့်တက်လျက် ရှိသော မြန်မာနိုင်ငံရှိ ဒေသအချို့၌ ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု Solar UV Index တန်ဖိုးမှာ မြန်မာနိုင်ငံရှိ ဒေသအချို့ က ဥရောပနိုင်ငံများနှင့် သမပိုင်းဇုံ ဒေသနိုင်ငံများထက် အပူချိန် မြင့်တက်လျက် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။ ဥရောပ နိုင်ငံများ အပါအဝင် ကမ္ဘာ့ သမပိုင်းဒေသ နိုင်ငံများတွင် UV Index တန်ဖိုးမှာ ၈ ကို ကျော်လွန်လေ့ မရှိသော်လည်း၊ မြန်မာနိုင်ငံတွင် မြောက်ပိုင်းဒေသမှလွဲပြီး ကျန်ဒေသ အများ အပြားတွင် UV Index အမြင့်ဆုံး တန်ဖိုး ၉ - ၁၀ ကြားတွင် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။ The Voice Weekly **လင်းဇော်ထက**

-ဧပြီလ နောက်ဆုံးပတ်တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာဖွယ် ရှိ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)