ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 2, 2012

>
-ကျနော် ယုံကြည်သော ပိုစ့်မော်ဒန် ကဗျာ ၀ါဒ ( စာတမ်းငယ် )- 

ဤစာတမ်းငယ်ကို ယခုမှ ကဗျာစရေးမည့် ညီငယ်၊ ညီမငယ်တချို့၏ အကူအညီတောင်းခြင်းကြောင့် ရေးဖြစ်ခြင်းဖြစ်သည်။တော်လွန်းတတ်လွန်း၍ ရေးသားခြင်းမဟုတ်ပဲ မိမိသိသမျှကိုသာ မျှဝေခြင်းဖြစ်ပါသည် ။ ပညာရှင်အဆင့်များ ဖတ်ရှု့မိပါက အမှားများကို နားလည်ခွင့်လွတ်နိုင်ကြမည်ဟု ထင်မိပါသည် ။ ၁။ စာရေးသူသည် ကဗျာရေးခြင်းအတတ်ပညာကို မည်သည့်ကျောင်းတွင် မှ မသင်ခဲ့ရ ၊ မည်သည့် သီအိုရီ စာအုပ်ကိုဖတ်ပြီးမှ ရေးသားခြင်း မဟုတ် ၊ မည်သည့် ကဗျာဆရာထံတွင်မှလည်း ကိုယ်ထိလက်ရောက်တပည့်ခံကာ တတ်မြောက်ခဲ့ခြင်းမဟုတ်ပဲ မိမိ၏ ကိုယ်ပိုင်ခံစားချက် အတွေး အခေါ် နှင့် အနှစ်နှစ်အလလ ဖတ်ရှု့ခဲ့သော ကဗျာပေါင်းစုံကြောင့်သာ ကဗျာဟူသော စာစုကို ရေးတတ်လာခဲ့ခြင်းဖြစ်သည် ။ လေးချိုး ၊ဒွေးချိုး ၊ ရတု ၊ ရအိုင် ၊ သံပေါက် အစရှိသည့် ကဗျာဟူသမျှသည် လူတို့၏ သတ်မှတ်ချက်သာဖြစ်သည် ။ ရတုဆိုသည်မှာ မည်ကဲ့ သို့ ရေးရသည် ၊ လေးချိုးဟူသည် မည်ကဲ့သို့ ရေးရသည်ဟူသမျှမှာလည်း လူတို့၏ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းသာ ဖြစ်သည် ။ ရှေးမြန်မာ ကြီးများသည် ထိုကဗျာစပ်နည်းများနှင့်အညီ သမိုင်းဝင်ဂန္တ၀င်ကဗျာများစွာကို ရေးသားခဲ့ကြသည် ။ ထိုကဗျာများသည် မြန်မာ့ယဉ်ကျေးမူ့ဟု သတ် မှတ်၍ ရသည် ။ ပိုစ့်မော်ဒန်ကဗျာဟူသည် အမှန်စင်စစ် နိုင်ငံရပ်ခြား တိုင်းတပါး၏ ယဉ်ကျေးမူ့သာဖြစ်သည် ။ ထိုတိုင်းတပါးယဉ်ကျေးမှု့ကို ခေတ်နှင့်အညီ မြန်မာမူ့ပြု၍ ရေးသားလာခဲ့ကြသည်မှာ မြန်မာနိုင်ငံတွင်ပင် ကဗျာမျိုးဆက် ၃ ဆက်လောက်ရှိခဲ့ပြီဖြစ်သည် ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ကိုရီးယားစတိုင်နှင့်ကောင်မလေးများ ၊ အမေရိကန်-အာဖရိကန် စတိုင်နှင့် ရက်ပ်ပါ များ ၊ အမေရိက-အင်္ဂလိပ်စတိုင်ပန့်ခ်များ ကဲ့သို့ပင် မြန်မာပိုစ့် မော်ဒန်ကဗျာများသည်လည်း ဗိုင်းရပ်တခုကဲ့သို့ကူးလူးပျံ့နှံ့ခဲ့သည်မှာ ဓမ္မတာပင်ဖြစ်သည် ။ ပိုစ့်မော်ဒန်ပျံ့နှံ့ခြင်းသည် မြန်မာရှေးရိုးစဉ်လာကဗျာ ရေးနည်းများအား ငုပ်ကွယ်စေခဲ့ခြင်းသည် ငြင်းဆန်မရသောအမှန်တရားတခုလည်းဖြစ်သည် ။ သို့သော် ပိုစ့်မော်ဒန်ကြောင့် ရှေးရိုးကဗျာများ လုံးဝပျောက်ကွယ်သွားရခြင်းမဟုတ်ပဲ ၊ သူတို့၏ ဘောင်စည်းများလှသော ရေးစပ်နည်းများ ကြောင့်သာ ရှေးရိုးကဗျာများ ပျောက်ကွယ်ရသည် ဟု စာရေးသူယူဆသည် ။ ယခုခေတ်တွင် ထို ရှေးရိုးကဗျာများကို အနည်းအကျဉ်းသော ကဗျာ ဆရာများသာ ပိုင်ပိုင်နိုင်နိုင်ရေးစပ်နိုင်တော့သည် ။ ၂။ မြန်မာနိုင်ငံမှ ပိုစ့်မော်ဒန်ကဗျာဆရာများသည် နိုင်ငံရပ်ခြားပိုစ့်မော်ဒန် လှိုင်းမိခဲ့ကြခြင်းမှာ မှန်သော်လည်း ၊ မြန်မာ့ ပို့စ်မော်ဒန်သည် ရှေး ရိုး ကဗျာစပ်နည်းအရိပ်အငွေ့များ အနည်းငယ်စီ လွမ်းမိုးခံနေကြောင်းကို ကာရံယူသောကဗျာဆရာအချို့၏ ကဗျာများတွင် တွေ့ရှိနိုင်သလို ၊ အချို့ သော အရိပ်အယောင်ပြ ၊နမိတ်ပြ ကဗျာများသည်ရှေးရိုးကဗျာစပ်နည်းများအား လုံးဝဖယ်ရှားကာ တင်ပြထားသည်ကိုလည်းတွေ့နိုင်သည် ။ လက်ရှိ ကဗျာရေးသားနေသော အချို့ပိုစ့်မော်ဒန်ကဗျာဆရာများမှာ ခံစားမူ့အားကောင်း၍လော ၊ အသစ်အဆန်းဖန်တီးမူ့အားကောင်း၍လော ၊ သာမန်လူမခံစားနိုင်သည်ကို ခံစားနိုင်၍လော သို့မဟုတ် စာရေးသူကပင် ထိုကဗျာဆရာများလောက် ဆက်စပ်တွေးခေါ်မူ့အားနည်း၍လောမသိ နိမိတ်ပြကဗျာများအား နားမလည်နိုင်ခြင်းမှာ တဖြည်းဖြည် ပိုများလာသည် ။ ထိုကဗျာဆရာသည် မည်ကဲ့သို့ပင် မိမိခံစားချက်ကိုရေးသားသည်ဆို ပါစေဦး ၊ စာဖတ်သူက ကဗျာဆရာ၏ ကဗျာကို နားမလည်လျှင် မည်သည့်အကြောင်းထူးမည်နည်း ။ ကဗျာဆရာ ကဗျာရေးခြင်းမှာမိမိကဗျာကိုမိမိ ဖတ်ရန်ရေးသည်ဟု ဆိုလျှင်တော့ စာရေးသူ မပြောလိုတော့ ။ လသာသာ တညမှာ ငါခြေ ချော်ကျတော့ ရုတ်တရက် ရုတ်တရက်ပေါ့ မျှော်လင့်လိုက်တာ မေရယ်...ဆိုတဲ့ကဗျာမျိုး ငါရဲ့ အသားညှပ်ပေါင်မုန့်မှာ အာလာဒင်ရဲ့ မီးခွက်ကြီးကိုထည့် ရင်ဘတ်ကြီးလောင်ကျွမ်းသွားအောင် ရေခဲရေဖြန်းခဲ့တယ် . . . ဆိုတဲ့ကဗျာမျိုးမှာ ကဗျာဆရာတစ်ဦးထဲသို့မဟုတ် လူအနည်းစုသာ နားလည်နိုင်သော ၊ ခံစားနိုင်သော ကဗျာပုံစံများဖြစ် သည် ။ ထိုကြောင့် နောင် ကဗျာရေးလာမည့် ညီငယ် ညီမငယ်လေးများ ကို အကြံပေးချင်ပါသည် ၊ ခံစားမူ့ပေါက်ထွက်လာသမျှ ကို စာသားအဖြစ် ပြောင်းသည်ကို အပြစ်မဆိုပါ ၊ သို့သော် ပေါက်ထွက်လာသော ခံစားချက်များသည် တတ်နိုင်သမျှ လူတိုင်းမျှဝေခံစားနိုင်သော ကဗျာများဖြစ်လျှင် ပိုမိုသင့်တော်ပါလိမ့်မည် ။ ကဗျာကို မည်ကဲ့သို့ရေးရသနည်း ဟုမေးလာသော ညီငယ်ညီမငယ်များကို ပြောချင်ပါသည် ။ ကဗျာကို ဤကဲ့သို့ရေးရသည်ဟု ပုံသေနည်းမရှိ ( မြန့်မာ့ ရှေးရိုးကဗျာများကိုမဆိုလိုပါ )။ ပိုစ့်မော်ဒန်ဟူသည်မှာပင် ကလပ်စစ်မှ မော်ဒန် ၊ မော်ဒန်မှ ပိုစ့်မော်ဒန် ဟု အဆင့်ဆင့်ကူးပြောင်းလာသည် ဟု စာရေးသူလက်ခံထားသည် ။ မည်သည့် ပုံစံပင်ရေးရေး ကဗျာဆရာ၏ ခံစားမူ့အား ၊ စာသား ၊ အမှန်တရား ၊ ဖတ်ရှု့စေလိုသောစေတနာတရား များပြည့်စုံလျှင် ထိုကဗျာ သည် ကဗျာဟု ပီပီပြင်ပြင် ခေါ်ဆိုထိုက်သည်ဟု ယူဆပါသည် ။ ထိုကြောင့် " ကဗျာတော့ရေးချင်တယ် ၊ မရေးတတ်ဘူး ၊ ရေးနည်းသင်ပေးပါလား " ဟု ပြောနေကြမည့်အစား ကဗျာရေးချင်စိတ်အမှန်တကယ်ရှိ ပါက စာရွက်နှင့်ဘောပင်ကိုင်ပြီး ချသာရေးလိုက်ပါ ။ အနည်းဆုံးတော့ကိုယ်ဖွင့်ဟချင်နေတဲ့ ကိစ္စလေးတခု ငြိမ်းသွားပါလိမ့်မယ် ။ ပြီးတော့ ကဗျာ ကို လူအထင်ကြီးအောင် ကိုယ်တကယ်မသိသော စကားလုံးများကိုသုံးပြီး မရေးသင့်ပါ ၊ ဖြည်းဖြည်းချင်းခံစားပါ ၊ ဖြည်းဖြည်းချင်းရေးပါ ၊ ရေးနေရင်း ကိုယ့်စိတ်ကိုယ် ကို အကဲခေတ်နေပါ ၊ ငါ ဒီကဗျာမှာ ရေးရင်းနှင့် လိမ်နေမိပြီဟု ယူဆပါက အမှန်ကို ပြန်ပြင်ရေးပါ ။ သို့သော် အချို့သောကဗျာများ တွင် ဖုံးကွယ်သင့်သော အဖြူရောင်မုသားများရှိသည်ကိုလည်း ကဗျာရေးသက်ကြာလာသောအခါ သတိပြုမိပါလိမ့်မည် ။ သတိပြုမိသည့်အချိန်တွင် ကဗျာဆရာစင်စစ်ဖြစ်နေပါပြီ ။ ကဗျာကို အပ်ကျမတ်ကျ ရေးတတ်နေသောကဗျာဆရာများအတွက်မဟုတ်ပဲ ယခုမှ ကဗျာရေးရန်ဟန်ပြင်နေသော ညီငယ်များအတွက် အကြံပေးလို ပါသည် ။ ကဗျာရေးရန် စိတ်အားထက်သန်နေပါက ချက်ခြင်းကဗျာမရေးပဲ အခြားကဗျာဆရာများ ၊ အချို့နာမည်ရ ကဗျာဆရာများ၏ ကဗျာရေးပုံ ၊ စာသားအသုံးပြုပုံ နှင့် ဦးတည်ချက်များကို အရင်လေ့လာသင့်ပါသည် ။ ကဗျာဆိုသည့်အမျိုးမှာ အကြော်အိုးနှင့်တူသည် ။ အကြော်အိုးတွင် ဆီဝနေ မှ အကြော်မှာစားကောင်းလာသည် ၊ ဆီကုန်သက်သာလာသည် ၊ အနံမွေးလာသည် ။ ထို့အတူကဗျာတွင်လည်း မိမိရေးသော မိမိကဗျာကိုပင်ထိုင်ဖတ် နေရုံနှင့်မပြီး အခြား ကဗျာဆရာများ၏ ရေးပုံရေးနည်းနှင့် စာသားနေရာချထားမူ့ တီထွင်ဆန်းသစ်မူ့များကိုလည်းအတုယူမှ မိမိကဗျာ တွင်တိုးတက် မူ့ ရှိမည်ဟု ယူဆမိသည် ။ ၃။ လုံးဝကာရံလွတ် ပိုစ့်မော်ဒန်ကဗျာများထက် ကာရံပါသော ပိုစ့်မော်ဒန်ကဗျာအမျိုးအစားများကို စာရေးသူ ပိုသဘောကျပါသည် ။ ပို၍ ဖတ်ကောင်း သည် ၊ ကဗျာဆိုသည့်နာမည်နှင့်လိုက်အောင် ပျော့ပြောင်းညင်သာသည် ၊ လှပသည်ဟု ထင်သည် ။ ထိုကြောင့် ညီငယ်ညီမငယ်များအား ထပ်မံ အကြံပေးလိုသည်မှာ ပိုစ့်မော်ဒန်ဆိုသော်လည်း ကာရံပါ၍ အပြစ်ဖြစ်သည်ဟု မထင်မြင်စေချင်ပါ ။ ကာရံပါသောကြောင့် နာမည်ရသွားသော ကဗျာ များလည်းအများအပြားပင်ရှိသည်။ နမူနာတပုဒ်အဖြစ် ပိုစ့်မော်ဒန်ပုံစံတွင် ကာရံရောထားသော ကဗျာတပုဒ်အား ပြသလိုပါသည် ။ ကာရံပျက် ဟု ခေါ်မည်ဆိုသော် ခေါ်နိုင်သော်လည်း ပိုစ့်မော်ဒန်ကဗျာတပုဒ်တွင် ကာရံမည်သို့ရောသည်ကိုသာတင်ပြလိုရင်းဖြစ်သည် ။ သင်္ကြန် သင်္ကြန် သင်္ကြန် ဒီရာသီရောက်တိုင်း သူရာနံ့ရတယ် မူယာနံ့ ရတယ် ပိတောက်နံ့ရတယ် အခြောက်နံ့ ရတယ် မုန့်လုံးရေပေါ်နံ့ ရတယ် အကုန်လုံးဖေါ်နံ့ ရတယ် မြေသင်းနံ့ရတယ် သေမင်းနံ့ ရတယ် . . .
အရင်လို ညောင်ရေအိုး နဲ့ သပြေ ငွေဖလား နဲ့ ပိတောက် ယဉ်ကျေးမှု့စည်းစောင့်ကြတဲ့ခေတ်မဟုတ် ရေပိုက်က တရာ့ငါးဆယ် မဏ္ဍပ်အကျယ် ပေရှစ်ဆယ် ပရောဂျက် ၀မ်း တူး သရီး အမူးသောက်ပြီး အရူးဂေါက်ကြမယ်ဆိုသလိုကိုး . . . ဟုတ်ပ ကိုယ့်ဆရာ ဟုတ်ပ တားဆီးလို့မရတဲ့ ခေတ်ကာလမို့ မဏ္ဍပ်ပေါ်တိုင်ယဲ့ယဲ့မှာ ယိုင်နဲ့နဲ့ကနေတဲ့မဒီပျိုကိုလည်း အားပေးကြ ဂျစ်ကားငယ် ဂျုံးဂျုံးကျမှာ ကုန်းကုန်းကွကွ ကနေတဲ့ ကညာပျိုကိုလည်း အားပေးကြ အဲ့နေရာမှာသာ အဟုတ် ကိုယ့်ဆရာနှမ ဆို ဒုတ်ကိုင်ကာ ဗြင်း လိုက်မယ်ဖြစ်ခြင်း ကိုယ်ချင်းစာတရားဟာ ခေတ်ကာလရေတွေမှာ ပါပါသွားတယ် . . . တောင်သမန်အင်းနဲ့ မန္တလေးလည်း အိတ်ဇောပြုတ်ဆိုင်ကယ်သံ တဗျင်းဗျင်းအောက်မှာ ငုပ် လှပျိုဖြူပေါတဲ့ ရန်ကုန်လည်း နားကွဲမတတ်ဆူနေတဲ့ မဏ္ဍပ်ပူတွေအောက်မှာ ငူ သင်္ကြန်ကို စထွင်ခဲ့သူတွေသာ ဒီအခြင်းအရာကို မြင်မယ်ဆိုရင် အလိုလေး လို့ အော်မလား မြတ်စွာဘုရား လို့တမလား ပုဂံသားတွေ ဆိုတော့ ကျိန်နည်းအမျိုးမျိုးထွက်လာမယ်ထင်ရဲ့ အခုလို နှစ်သစ်အခါမယ် . . . အသက်အရွယ် မကြီးသေးတော့လည်း ငါတို့ ခေတ်က ဒီလိုမဟုတ်လို့ ပြောမရ အသက်အရွယ် မငယ်တော့လည်း ငါတို့ ခေတ်က ဒီလိုပဲ လို့ ပြောမရ အသက်၂၄ အရွယ် မှာ သင်္ကြန်ဟာ ပြောင်းလဲ လာတယ် ပြောင်းလဲ နေတယ် ပြောင်းလဲ သွားတယ် ပြောင်းလဲ ဦးမယ် . . . ၄။ ခံစားမူ့အားကောင်းသောကဗျာဆရာများ၏ ကဗျာများတွင် အရိပ်ယောင်ပြတင်စားမူ့များ၊ စာသား စာသားခြင်း ဖုံးကွယ်မူ့များ ၊ စကားလုံး အသစ်အဆန်းတီထွင်မူ့များကိုတွေ့မြင်ရတတ်သည် ။ ခံစားမူ့အားကောင်းသည်ဆိုခြင်းမှာ တမင်သက်သက်လုပ်ယူရန်ခက်ခဲပြီး ဂျီးနီးယပ်ဆိုင်ရာ တခုမျှသာဟု စာရေးသူ မြင်မိသည် ။ ထိုကြောင့် မိမိမှာရှိသော ခံစားမူ့နှင့် အတွေးကို ဖလှယ်၍ရေးသောကဗျာများကိုသာ ပို၍အားပေးချင်သည်။ ခံစားမူ့နှင့်အတွေးမှာမတူညီပါ ။ ခံစားမူ့ဟူသည်မှာမိမိစိတ်ထဲတွင် အမှန်တကယ်ဖြစ်တည်နေသော အရာတခုဖြစ်ပြီး ၊အတွေးဆိုသည်မှာ ကြုံလာ သမျှနှင့်ပါတ်သက်၍ ဆက်စပ်တွေးတောခြင်းပင်ဖြစ်သည် ။ ဆက်လက်၍ ခံစားမူ့အားကောင်းသည်ဟု စာရေးသူယူဆထားသော ကဗျာဆရာဇာတိ ၏ ကဗျာတပုဒ်အား စာဖတ်သူအားပြလိုပါသည် ။ ဘယ်ဘက်အခြမ်းက ဆွဲအားဟာ သိတ်ကိုကြောက်ဖို့ကောင်းတယ် ကိုသံခဲ အစားထိုးထားတဲ့ တစ်ဖက်ကမ်းမှာ ကျွန်မဟာ ဗီလိန်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်ရွှင်နေကြတဲ့ လူတစ်စုကြားမှာ ကျွန်မဟာဖိနပ်ကြားမှာကပ်ငြိနေတဲ့  ဖုန်မှူန့်တစ်စလို ဒီလိုနဲ့ ကျည်တစ်တောင့်ကို ပထမဦးဆုံးဝါးမြိုမိသွားတယ်။ ယေဘုယဆန်တဲ့ကိုက်ခဲမှုတွေ စိတ်သွားတိုင်းကိုယ်မပါရင် ပြောကွယ်၊မွေးဖွားဖို့အတွက်သေဆုံးတာတွေ သေဆုံးဖို့အတွက် မွေးဖွားတာတွေဟာ ဘာတစ်ခုမှ အသုံးမ၀င်ဘူး၊ပက်ပက်စက်စက် ပစ်ချခံလိုက်ရတယ်၊ ဘယ်ဟိုတည်မှာစောင့်နေမယ်ဆိုတဲ့အကြောင်း Callပါ။ လူတွေကိုမုန်းတီးပေမယ့် ကျွန်မကိုလဲ မုန်းတီးကြတယ်၊ ယောင်္ကျားနှစ်ယောက်ယူတဲ့မိန်းမနဲ့ မိန်းမနှစ်ယောက်ယူတဲ့ယောင်္ကျား ကျေးဇူးပြု၍ ကျွန်မကို ပျော်ရွှင်စေပါ၊ဘယ်သူသိအောင် ဘယ်သူကမှ လိုက်ကာမဖွင့်ပြကြတော့ဘူး၊ဘုရားသခင်ကို ကြောက်လန့်စေအောင် ဖန်တီးထားကြတဲ့ခေတ်မှာ ကျွန်မဟာ ဗီလိန်ကဗီလိန်ပဲ။ မှောင်ပြီဆို နေစရာနေရာမရှိအောင် အပြေးအလွှားပုန်းအောင်နေရတဲ့ဘ၀ကို ချစ်နေရအုံးမှာလား၊ပေါ်ပင်ဆန်တဲ့ ဖန်တီးမှုတွေနဲ့ ပျက်ယွင်းလာတဲ့ အနုပညာဖန်တီးမှုတွေကြားမှာ ကျွန်မဟာ ဗီလိန်ထက်ပိုသာတဲ့ ဘ၀ကို မရရှိသေးဘူး ကိုသံခဲ။ Alc 43% ပါဝင်တဲ့အရည်တွေဟာကျွန်မဘ၀ကို အမြဲလိုကယ်တင်တယ်၊ ရှူတင်ကအပြန်လမ်းဟာ အမြဲလိုမှောင်နေတုန်း တန်းလန်း၊ လိန်ဖယ်လိန်ဖယ် လျှောက်လမ်းတွေပဲ၊ဘယ်သူနဲ့ ဘယ်လိုအိပ်ခဲ့ရကြောင်းတွေကို Alc 43% နဲ့ဖုံးဖုံးရတဲ့ကျွန်မဘ၀ဟာ သမရိုးကျဖြစ်စဉ်ထက် ညစ်နွမ်းမှုတွေ ပေးစွမ်းတယ်လို့ သတ်မှတ်ရင်ရမလား ကိုသံခဲ။ ကျွန်မကို မုန်းပါ ဝေးဝေးမှာပဲနေပါ ကိုသံခဲ၊ အခြေအနေဟာဖန်တီးလုပ်ယူလို့ မရလောက်အောင် ခိုင်ခိုင်မြဲတုတ်လှောင်ထားခြင်းခံနေရ၊အခန်းထဲ ၀င်ဝင်ခြင်း မမြင်မတွေ့ချင်တဲ့ မျက်လုံးအစုံကို ကိုက်ဖြတ်ချင်နေတာ ဘယ်တန်ခိုးရှင်က ဘယ်သူ့ဘ၀ကို ဘယ်လိုပုံစံတွေဖြစ်အောင် ဖန်တီးခဲ့သလဲ ဟင်အင်းးးးးး ကျွန်မဟာ အမြဲတမ်းရှူံးနိမ့်သူတစ်ယောက်ဖြစ်တယ်၊မီးချောင်းက မှိန်မှိန်လေးလဲ ထွန်းထားတယ်၊ အားးးးးးးးးးးးးးး 4လက်မအထူရှိတဲ့ Alc43% ဟာ 100%ပြည့်ဝစွာ အတားအစီးမရှိ၊ ဖြစ်ချင်တိုင်း ဖြစ်နေသလိုပဲ နောက်တစ်ခွက် . . .နောက်တစ်ခွက် ....၊ထုံကျဉ်နေလေတဲ့ ခန္ဓာကိုယ်နှစ်ခုဟာ ပူးကပ်စပြုနေပြီဆိုတာ ကျွန်မနောက်ဆုံး သတိထားမိလိုက်ခြင်းပဲ။ မနက်ဖြန်ဟာ တကယ်မလာတော့ပါဘူးလို့ဆုံးဖြတ်ချက်ချရုံနဲ့ မဖြစ်နိုင်ဘူးမဟုတ်လား ငေးမောကြည့်နေရုံနဲ့လိုအင်မပြည့်ဝနိုင်တဲ့ ဆန္ဒတွေကြောင့် အောင်မြင်ကျော်ကြားနေသူတွေအတွက် ကျွန်မမှာ အချိန်မကြည့်တော့ဘူး ကိုသံခဲ၊နောက်နားမှာ အမြဲရပ်နေတယ်မဟုတ်လား ထိုအကြောင်းဟာ ကားအကောင်းစားကြီးစီချင်တဲ့ မောင်လေးကြောင့်မဟုတ်ဘူး နောက်ဆုံးပေါ် ဖုန်းကိုင်ချင်တဲ့ ညီမလေးကြောင့်မဟုတ်ဘူး။ ရိုးရှင်းသောလူနေမှု အဆင့်အတန်းတစ်ခုကို ဖြတ်ကျော်ဖို့ ခန္ဓာကိုယ်ဟာ အကောင်းဆုံး လက်နက်ပဲ၊ငြင်းပါ ကိုသံခဲရဲ့ အငြင်းဝါကျဟာ ကျွန်မကို ပြောင်းလဲစေမှာမဟုတ်တဲ့အတွက် ငြင်းပါ၊ကျွန်မအတွက် အချစ်ဆိုတာ မီးခြစ်တစ်လုံးလောက်တောင် ဘယ်တုန်းကမှ အရေးမပါခဲ့ဘူး၊ ချွေးစေးတွေနဲ့ တဏှာဆီတွေဝင်းထိန်နေတဲ့ မျက်နှာနားကို နီးကပ်စေပြီး ထောက်...ကနဲခြစ်လိုက်တဲ့ ဂတ်စ့်မီးခြစ်ကနေထွက်ပေါ်လာတဲ့ မီးတောက်ဟာ စားဝတ်နေရေးအတွက် ပြေလည်စေမယ့် ပထမဦးဆုံးအဆင့်ပဲ ဖြစ်။ ကိုသံခဲကို ကျွန်မ မချစ်ဘူး၊အချစ်ဆိုတာ ရေခဲတုံးပဲ၊အချစ်ဆိုတာ ပါရမီကားပဲ၊အချစ်ဆိုတာ မဲ့ရွဲ့ခြင်းပဲ၊အချစ်ဆိုတာ အစာပြေစားတတ်တဲ့ ပဲပလာတာပဲ၊အချစ်ဆိုတာ အိမ်နဲ့ရှူတင်ပဲ၊အချစ်ဆိုတာ ဟိုတည်အခန်းနံပါတ် ဘယ်လောက် ဘယ်လောက်ပဲ၊အချစ်ဆိုတာ....အချစ်ဆိုတာ ဒါတွေပဲ၊ ကိုသံခဲကို ကျွန်မ မချစ်တဲ့အကြောင်း ဒီထက်ပိုနားလည်အောင်ပြောပြချင်နေသေးတယ်။ မိုက်ရူးရဲဆန်ပေမယ့် ဘယ်သူကမှ အသိဥာဏ်ကိုမနှောက်ယှက်ကြဘူး၊ လူသိအောင် ကျွန်မပုန်းအောင်နေရတာများနေပြီ၊ကျေးဇူးပြု၍ ကျွန်မဘ၀ကို လက်ခုပ်တီးပေးကြပါ၊နံရံကို ကျောကပ်ထားတယ် ကိုသံခဲ၊ရှေ့နားလေးစီက သံတိုင်တွေကို မုန်းတယ်၊တားမြစ်နယ်ထဲကနေခေါ်ပါ၊ကျွန်မအရေပြားဟာ လူမသိသူမသိ ကြမ်းတမ်းနေပြီဆိုတာ၊ အို....ဘာဖြစ်ဖြစ် အဆင်ပြေသတဲ့လား၊ ပျော်ရွှင်နေလေတဲ့ချစ်သူ စုံတွဲတွေဟာ ကျွန်မအတွက် အကြီးမားဆုံး ရန်သူတွေပဲ၊ လူတွေကို တဖြည်းဖြည်းမုန်းတီးတတ်လာတာလဲ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ၊ ပြင်ဆင်သမျှအရာအားလုံးဟာ ဖြစ်မလာပါဘူး။ လူသိအောင်ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရတဲ့အတွက် လူတွေကို မုန်းတယ်၊ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်သတဲ့လား ..အဟတ်၊ကြေကွဲစရာပဲကိုသံခဲ၊ တစ်ခုခုဆို ကျွန်မတို့ဟာ အမြဲလို ခေါင်းမာတတ်ကြတယ်၊လူတွေဟာ အသိဥာဏ်ကို မျက်ဝါးထင်ထင်မကိုင်တွယ်ဖူးကြပါဘူး၊၀ိုးတိုးဝါးတားနဲ့ အကောင်မြင်တိုင်း အရိပ်ကိုပြေးပြေးရှာတတ်တာလူတွေမှာပဲ ရှိတယ်၊ ဗီလိန်တွေကို လူတွေချစ်လာတဲ့တစ်နေ့ ကျွန်မဒီလောကထဲကနေ ထွက်ခွာသွားတော့မယ်၊ကျွန်မတို့လိုလူတွေကြောင့် ဗီလိန်တွေပေါ်ပေါက်လာခြင်းပဲဖြစ်၊ ငရဲရှိကြောင်း ပြောဆိုခဲ့တဲ့မိဘတွေကို ကျွန်မမုန်းတယ်၊Alc43%ဟာ ကျွန်မဘ၀ရဲ့ ကယ်တင်ရှင်ပဲ၊ငရဲကို ယုံကြည်မှုပျက်ပြားအောင် သူကလုပ်ဆောင်ပေးနိုင်တယ်၊ ခဏလေးပဲဖြစ်ဖြစ် ကိုသံခဲ ကျွန်မရှေ့ကို ရောက်မလာပါစေနဲ့၊ကျွန်မတို့ တူတူဝေးဝေးပြေးကြမယ်၊ ဘယ်သူမှမရှိတဲ့အရပ်မှာ ကျွန်မတို့ နှစ်ယောက်ရှိမယ်ဆိုရင် ဘယ်သူမှမရှိတဲ့အရပ်ဆိုတာ မရှိနိုင်တော့ဘူးမဟုတ်လား။ ကျွန်မဘ၀ကို ဘယ်ဘုရားသခင်ကမှမကယ်တင်တဲ့အတွက် ကျွန်မကလဲ ဘယ်ငရဲကိုမှ အယုံအကြည်မရှိတော့ဘူး၊ကျွန်မ တစ်ခုခုကို ရူးသွပ်နေပါရစေ၊ ကျွန်မAlc43%တွေသောက်ပါရစေ၊ကျွန်မ မပျော်ရွှင်တဲ့အရပ်မှာပဲနေပါရစေ၊ ကိုသံခဲကို မချစ်အောင် ကိုသံခဲကလဲ ကျွန်မကို မချစ်ပါနဲ့၊အဲ့လိုလဲမဟုတ်ပြန်ဘူး။ ပျင်းရိခြင်းရဲ့ရလဒ်ဟာတူညီနေရင်အမှန်အတိုင်းမပြောဆိုရဲ့တဲ့ ဒါမှမဟုတ်ရင့်သီးတဲ့လွှမ်းခြုံမှုတွေနဲ့ကျွန်မဘ၀ကိုကယ်တင်ပါ။ ၅။ လက်တာပွန်ထရီ ဟု ခေါ်ကြသော ကာရံပုံစံမဟုတ်ပဲ စာရေးသားဟန်ကဗျာပုံစံများမှာ စည်းဘောင်မရှိသောကြောင့် ( ကာရံကိုသီးသန့်တွေးနေစရာ မလို ) ရေးသားရာတွင် ပိုမိုလွတ်လပ်သည် ပိုမို ပေါ့ပါးသည် ။ ရေးမည့် အကြောင်းအရာကိုပိုမို အသက်ဝင်အောင် တင်ပြနိုင်သည် ။ စာသားနှင့် အဓိပ္ပါယ် ကို ပိုမို သွက်စေသည် ၊ ကြွစေသည် ။ အထက်ပါ ကဗျာပုံစံမှာ လက်တာပွန်ထရီ ကဗျာပုံစံပင်ဖြစ်သည် ။ မြန်မာ့ကဗျာလောကတွင် ကဗျာဖွဲ့နည်းပေါင်းစုံ ၊ စာသားလှည့်စားမူ့ပေါင်းစုံ တရက်ထက်တရက်ဆန်းသစ်လာသောကြောင့် ၊ စာရေးသူမှာ တခါတရံ မျက်စိလည်ရသည် ။ ထိုကြောင့် ယခုမှ ကဗျာရေးရန်ကြိုးစားနေသော ညီငယ်ညီမငယ်များကိုလည်း ကြိုးစားရန်အားပေးလိုသည် ။ ယခုကဗျာခေတ် မှာ တော်အိရော်အိနှင့်နာမည်တလုံးရမည့် ခေတ်မဟုတ်တော့ပဲ မိမိယုံကြည်ချက်နှင့်တွန်းတွန်းတိုက်တိုက်ကြိုးစားမှ တော်ရုံကြမည့် ခေတ်ဖြစ်ပါ ကြောင်း အသိပေးရင်း ထူးချွန်သော ကဗျာဆရာ ၊ ဆရာမကောင်းများ ဖြစ်ပါစေကြောင်းဆုတောင်းအပ်ပါသည် ။

 **မာဃလုလင် **
http://www.facebook.com/kyaw.kyawzawhlaing

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)