ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 11, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ- 

**သမ္မတဟောင်း မက်ဗီဒက်ဗ်ကို ၀န်ကြီးချုပ်အဖြစ် ရုရှားဒူးမားလွှတ်တော်ရွေးချယ်**
(မော်စကို၊ မေ ၉) ရုရှားသမ္မတသစ် ဗလာဒီမာပူတင်သည် မေ ၇ ရက်ကသမ္မတရာထူးလက်ခံရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောကသမ္မတဟောင်း မက်ဗီဒက်ဗ်ကို နိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းခဲ့သည်။သမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်ဗ်ကို ရုရှားဝန်ကြီး ချုပရာထူး ၌ခန့်အပ်ရန်အတွက် ဒူးမားလွှတ်တော်တွင် မဲခွဲဆုံးဖြတခဲ့ရာ ယူနိုက်တက်ရုရှား ပါတီနှင့် လစ်ဘရယ်ဒီမိုကရက်ပါတများမှ လွှတ်တော်ကိုယ်စားလှယ် ၂၉၉ ဦးက ထောက်ခံ မဲပေးခကြပြီး ကွန်မြူနစ်ပါတီနှင့် အခြားပါတီတစ်ခုမှ လွှတ်တော်အမတ၁၄၄ ဦးတို့က ကန့် ကွက် ခဲ့ကြသည်။ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ရုရှားသမ္မတ ပူတင်သည် ဒီမစ်ထရီမက်ဗီဒက်ဗ်ကို ရုရှားနိုင်ငံအတွင်းအရေးပါသော ပြုပြင်ပြောင်းလဲမှုများအား ဖော် ဆောင်ပေးခဲ့သအတွေ့အကြုံရှိ နိုင်ငံရေးသမားတစ်ဦးအဖြစ် ဒူးမားလွှတ်တော် ကိုယ်စား လှယ် များနှင့် မိတ်ဆက်ပေးခဲ့သည်။သမ္မတဟောင်း မက်ဗီဒက်ဗ်၏ ရုရှားနိုင်ငံခေတ်မီရေး ကြိုးပမ်းမှုများနှင့် လူငယ်ပါရမီရှင်များအား မြေတောင်မြှောကပေးရေး ကြိုးပမ်းမှုများကိုလည်း သမ္မတ ဗလာဒီမာပူတင်ကချီးကျူးစကားပြောကြားခဲ့သည်။ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရရေးအတွကသမ္မတဟောင်း မက်ဗီဒက်ဗ်သည် လွှတ်တော် အမတ်နေရာ ၄၅ဝရှိ သော ဒူးမားလွှတ်တော်၏ ထောက်ခံမဲအများစု သို့မဟုတ် အနည်းဆုံး ထောက်ခံမဲ ၂၂၆ မဲ ရရှိရန် လိုအပ်သည်။ (အင်တာနက်)

**လန်ဒန်အိုလံပစ်အတွက် မထင်မှတ်ရသည့်အန္တရာယ် ခူယားကောင်များဖြစ်လာနိုင်**
 (လန်ဒန်) ၂ဝ၁၂ လန်ဒန် အိုလံပစ်ပွဲတော် ကျင်းပချိန်တွင် ဝက်သစ်ချ ပင်များ၌ပေါက်ပွားသည့် အဆိပ် ပြင်းထန်သော ခူယားကောင်များသည် လန်ဒန်မြို့တော်အတွင်း ကျရောက်လာနိုင်ကြောင်း သတင်းမီဒီယာများက မေ ၉ ရက်တွင် သတိပေးဖော်ပြခဲ့ကြသည်။ယင်းခူယား ကောင်များ၏ အမွေးအမှင်များအား ရှူသွင်းမိသူများသည် မူးဝေခြင်း၊ အော့အန်ခြင်း စသော ဝေဒနာများ ခံစားရကြမည်ဖြစ်ရာ အိုလံပစ်ပွဲတော်ပရိသတ်များ အတွကစိတ်အနှောင့်အယှက် ဖြစ်ဖွယ် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း ဒေးလီးတယ်လီဂရပ် သတင်းစာတွင် ဖော်ပြ ထားသည်။ အဆိုပါ ခူယားကောင်တစ်ကောင်လျှင်ရင်ကျပ်ဝေဒနာ၊အရေပြားနှင့်လည်ချောင်းများ ကွဲအက် ခြင်းနှင့် မျက်စိဝေခြင်းစသော ကျန်းမာရေးဆိုင်ရာပြဿနာများ ပေါ်ပေါက်စေမည် အဆိပ်ရှိ သည့် အမွေးအမှင် ၆၃ဝဝဝ မျှပါရှိတတ်ကြောင်းသိရသည်။ဟော်လန်နိုင်ငံမှဝက်သစ်ချပင်များ တင်သွင်းစိုက်ပျိုးခဲ့သည့်၂ဝဝ၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ အဆိပ်ပြင်းထန်သော ခူယားကောင် များစတင်ပေါက်ပွားခဲ့ပြီး နောက်ပိုင်းတွင်ကောင်ရေ အလျင်အမြန်ပျံ့နှံ့ပေါက်ပွားလာခဲ့သည်။ (အင်တာနက်)  

**မြို့ကြီးနှစ်မြို့ကို ကာကွယ်နိုင်မည့် ဒုံးကျည်ကာကွယ်ရေးစနစ် အိန္ဒိယတည်ဆောက်ခဲ့ပြီးဖြစ်** (နယူးဒေလီ၊ မေ ၉) ရန်သူ့ဒုံးကျည်အန္တရာယ်မှ အနည်းဆုံး မြို့ကြီးနှစ်မြို့အားကာကွယ်ပေးနိုင်ရန် တစ်ခဏချင်း အတွင်း ဖြန့်ကြက် နေရာချထားနိုင်သည့် ဒုံးကျည်ကာကွယ်ရေးတံတိုင်းကို အိန္ဒိယနိုင်ငံကာ ကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအေဂျင်စီက တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း မေ ၇ ရက် သတင်းများတွင် ဖော်ပြထားသည်။အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီးဖြစ်သည့်ယင်းဒုံးကျည် ကာကွယ်ရေးတံတိုင်းသည် ရန်သူ့ဒုံးကျည်ကို ကီလိုမီတာ ၂ဝဝဝကျော်အကွာ၌ ကြားဖြတ် ဖျက်ဆီးနိုင်ကြောင်း ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအေဂျင်စီအကြီးအကဲ ဗွီကေ ဆာရာဝပ်က ပီတီအိုင်သတင်းဌာနသို့ ပြောကြားခဲ့သည်။သို့ရာတွင် ယင်းဒုံးကျည်ကာကွယ် ရေးတံတိုင်းဖြင့်အကာအကွယ်ပေးသွားမည့် မြို့နေရာ နှစ်ခု၏အမည်များအားအိန္ဒိယတာဝန်ရှိ သူများက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။အဆိုပါ ဒုံးကျည်ကာကွယ်ရေးတံတိုင်း၏ စွမ်းရည်အားစမ်းသပ်ရန်အတွက် အိန္ဒိယကာကွယ်ရေးသုတေသန အေဂျင်စီသည် ပရစ်ဗီ ဒုံးကျည် အမျိုးမျိုး ကိုပစ်မှတ်တုများအဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။ စမ်းသပ်မှုခြောက် ကြိမ်ပြု လုပ်ခဲ့ရာတွင် အိန္ဒိယဒုံးကျည်ကာကွယ်ရေး တံတိုင်းသည် ပစ်မှတ်တု ပရစ်ဗီဒုံကျည် များအားကီလိုမီတာ ၂ဝဝဝ အကွာ၌ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။အိန္ဒိယ ကာ ကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအေဂျင်စီသည် လက်ရှိတည်ဆောက်ပြီးဒုံးပျံကာကွယ်ရေး စနစ်၏ပစ်မှတ်ကြားဖြတ်ချေမှုန်းနိုင်မှုအကွာအဝေးကို ၂ဝ၁၆ ခုနှစ်တွင်ကီလိုမီတာ ၅ဝဝဝ အထိ မြှင့်တင်နိုင်ရန်ရည်ရွယ်ထားသည်။ (အင်တာနက်) 

 **လူ ၄၄ ဦးတင်ဆောင်လာသောရုရှားခရီးသည်တင်လေယာဉ် သရုပ်ပြပျံသန်းစဉ် ပျောက်ဆုံး** (ဂျာကာတာ၊ မေ ၉) အဆိုပါ ခရီးသည်တင်လေယာဉ် ပျောက်ကွယ်နေမှုသည် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်နိုင်သကဲ့သို့ မြင်ကွင်းမသဲကွဲ
မှုကြောင့်တောင်တစ်တောင်နှင့် ဝင်တိုက်ပျက်ကျခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ခန့်မှန်းသုံးသပ်ထားသည်။ ရုရှားနိုင်ငံသားရှစ်ဦးနှင့် အခြား ပြည်ပ နိုင်ငံသား ၃၆ ဦး စုစုပေါင်း လူ ၄၄ ဦးတင်ဆောင်ထားသည့် ဆူခွိုင်းစူပါဂျက်-၁ဝဝ အမျိုးအစားခရီးသည်တင်လေယာဉ်သည် သရုပ်ပြပျံသန်းမှု ပြီးဆုံးခဲ့သော်လည်း လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်းအင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။ ရေဒီယိုအဆက်အသွယ်ပြတ်တောက်ခြင်းမရှိမီ
 လေယာဉ်ကို အမြင့်ပေ ၁ဝဝဝဝ မှ ၆ဝဝဝသို့ လျှော့ချပျံသန်းခွင့်ပြုရန်လေယာဉ်မှူးများက ခွင့်တောင်းခဲ့ကြောင်း လေကြောင်းလမ်း ထိန်းသိမ်းရေးဌာန၏အဆိုအရ သိရသည်။ပျောက်ဆုံးနေသော ဆူခွိုင်းစူပါဂျက်-၁ဝဝခရီးသည် တင်လေယာဉ်သည် အာရှခြောက်နိုင်ငံ၌ လှည့်လည်သရုပ်ပြ ပျံသန်းရေးအစီအစဉ်အရ ဂျကာတာမြို့သို့ရောက်ရှိနေခြင်းဖြစ်ကြောင်းအာရ်အိုင်အေနိုဗိုစတီသတင်းဌာနကဖော်ပြသည်။ ရုရှားနိုင်ငံ ဆူခွိုင်းကုမ္ပဏီနှင့် အမေရိကန်နှင့် ဥရောပလေကြောင်းကုမ္ပဏီများ ပူးတွဲတည် ဆောက် ထားသည့် ယင်းလေယာဉ်သည် ခရီးသည် ၁ဝဝ တင်ဆောင်ပြီး ခရီးမိုင် ၂၈ဝဝ ပျံ သန်းနိုင်သည့် အလတ်စားခရီးသည်တင်လေယာဉ် ဖြစ်သည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)