ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 27, 2012

>
-ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ- 

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။ ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။ ထိုချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်းစာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။ ထိုသူသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီးအသီးသီးသို့ သွားရောက်ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန်အတွက် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမားငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။ အရောင်းအ၀ယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏ ပိုက်ဆံထည့်သည့်အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့်လာခဲ့သည်။ နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက်အရောင်းအ၀ယ်ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကိုတွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ နေ၀င်စပြုနေပြီဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမားများကို အချက်ပြလိုက်သည်။ ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေခရီးသည်များအတွက် လမ်းဆုံးလမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံးလုပ်ထားသောလည်း အကာမရှိသောကြောင့် အရပ်လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကိုဆောင်သည်ဟု ယူဆရသည်။ တတ်နိုင်သော ဇရပ်အလှူရှင်အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရများကိုပင် ထားပေးကြောင်းသိရသည်။ ချက်ပြုတ်စားသောက်ပြီး နေလည်းမရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။ နောင်တစ်နေ့ မိုးမလင်မီ မနက်စောစောခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြထားလိုက်သည်။ အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာစိုးသောကြောင့် ခေါင်းအုံးအိပ်လိုက်သည်။ မနက်လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက်ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာခဲ့ကြသည်။ ခြောက်နာရီခန့်ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံးအိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။ ပြင်းထန်သော စိုးရိမ်သောကစိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင်ဖြစ်လာသည်။ ထို့ကြောင့် - “ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”
“ကျွန်တော့ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန်ကြရမယ်” ဟုပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမားငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့ - “ကဲ. . . မြန်မြန်သွားယူဘို့ပြင်ကြလေ။ ဘာလို့အေးတိအေးစက်ဖြစ်နေကြတာတုန်း” ဟုပြောလိုက်သောအခါတွင်မှ အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက - “မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင်ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေးပါဘူး။ ဘယ်သူမှလည်း မယူပါဘူး။” ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီတစ်ယောက် ဒေါသထွက်သွားသည်။ “လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့်တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လိုလူသည် မယူဘဲ နေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင်လောက်အောင် သူတို့မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တကောင်းနေကြလို့နည်းဟု တွေးနေမိသည်။ ထိုအတွေးနှင့်အတူ - “အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွားတစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာအဖတ်တင်မှာပ”ဲ ဟု စိတ်ပျက်စွာနှင့် ဆက်ကာတွေးပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်သွားလိုက်ကြသည်။ ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီးအိပ်ခဲ့စဉ်ကအတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွေက်ကြည့်သောအခါတွင်လည်း တစ်ပြားတစ်ချပ်မျှမလျော့။ ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာအလောင်းအလျာ သူ့မြေးလေးကို -ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့နိုင်ငံဆိုလို့ မြန်မာနိုင်ငံတစ်ခုပဲ ရှိတယ်။ နောက်တစ်ခုက မန္တလေး ရတနာပုံ ဈေးချိုတော်ကြီးလမ်းအလယ်မှာ အမျိုးသမီးတစ်ယောက် အဖိုးတန်စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေခဲ့တယ်။ ဈေးလယ်ဆိုတော့ ဈေးရောင်းသည်၊ ဈေးဝယ်သည် တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။ အလွယ်တကူတွေ့ရတဲ့ အဖိုးတန်ပစ္စည်းကိုတောင် ကောက်မယူတဲ့မြန်မာလူမျိုးတွေဟာ သူတစ်ပါးအိမ်က ပစ္စည်းမသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီးဝေးသေတာပေါ့။ ဒါနဲ့ ဈေးချိုသာ ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။
နောက်တစ်နေ့မနက် ဈေးချိုဖွင့်ခါနီးမှာ အလုပ်သမလေးတစ်ယောက် စိန်နားကပ်ကြီးကို တွေ့သွားတယ်။ “ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲသူတဲ့သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကိုလာခဲ့ပါလို့ ပြောရတော့မှာပဲ။ အလုပ်သမလေးဟာ စိန်နားကပ်ကို ကောက်ယူလိုက်တယ်။ ယူဖို့မဟုတ်ဘူး။ စိန်နားကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေလှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီးတဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။ နောက်ဆုံးဈေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီးပေးလိုက်ရတယ်” ဟု ပြောခဲ့ဘူးသည်။ ကဲ စဉ်းစားကြည့်ကြပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက်ကွာခြားသွားပြီလဲ။ ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။ “ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ်ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှမဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက်ငြိမ်းချမ်းမလဲ။ 

 အညွှန်း – သီလအစွမ်းအံ့မခန်းစာအုပ်၊ မြန်မာတို့၏အသက်။ 

— with Nang Moon. -- 
Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)