ဒီမိုကရေစီ စနစ်ကို တကယ် ကျင့်သုံးကြမယ်ဆိုရင် ပြည်သူတွေနဲ့ စကားပြောရာရောက်တဲ့ အခါမှာ စည်းလွတ်ဝါးလွတ်၊ ပရမ်းပတာ ၊အာဏာရှင်ဆန်ဆန် ၊မခန့်လေးစား မပြောသင့်ကြောင်း သင်ခန်းစာ ယူသင့်ကြတယ်။ ပထမ လျှက်စစ်ဝန်ကြီး ဦးဇော်မင်း ။ အခု နောက်တစ်ယောက် သမ္မတအကြံပေး ဦးကိုကိုလှိုင် ။ ခွေးမြီးကောက် ကျည်တာက်စွတ် လို ကျည်တောက်မချွတ်ဘဲ ကောက်တာတွေ မြင်နေရပြီ ။
အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေ....
တိုင်းပြည်ကို တကယ်ချစ်တဲ့ခေါင်းဆောင်များ နေရာ မြန်မြန်ရပါစေ....
မြန်မာပြည်ကြီး အမြန်ဆုံး တိုးတတ်ဖွံ့ဖြိုး ပြီး ဆင်းရဲခြင်းအပေါင်းမှ ကင်းငြိမ်းပါစေ...
အလုပ်သမားထုကြီး ဆင်းရဲတွင်းမှ လွတ်ကင်းပါစေ...
မြန်မာပြည် ပညာရေးစနစ် ထွန်းတောက်လင်းလက်ပါစေ..
ကြီးနိုင်ငယ်ညှင်း အချင်းချင်း ကင်းဝေးလွတ်ပါစေ
**soe naing**
-လျှပ်စစ်ဝန်ကြီးကို နှုတ်ထွက်ခိုင်းကြတယ် တဲ့-

No comments:
Post a Comment