ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 9, 2012

>
-ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုးခြင်း-
 ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုးခြင်း “ကျပ်တန်နော်” “ဟုတ်ပါတယ် ပြားတစ်ရာကျပ်ပါ “ “အခုနေတဲ့လိပ်စာက “ “ မြောင်းတောင်းမှာပါ “ “ဒေါင်းတောင်း မဟုတ်ဘူးလား“ “မဟုတ်ဘူး။ လူစည်ကားရာမှာ မနေတာကြပြီ “ “သြော်..သြော် လူတွေကြားမှာ ကျပ်မပြည့်ဘူး ပြောပြောနေတာ ခင်ဗျားနဲ့ ဘယ်လိုပတ်သက်နေလဲ “ “ပြားတစ်ရာမပြည့်ဘူး လို့ပြောတာနေမှာပေါ့။ကျုပ်နဲ့ မပတ်သက်ပါဘူး။ကျုပ်က ကျပ်ပြည့်တာပဲ“ “ခင်ဗျားနဲ့ ခေတ်ပြိုင် ငါးကျပ်တန် ဆယ်တန်တွေ ရှိသေးတယ် မဟုတ်လား။ သူတို့ဘာလုပ်နေကြလဲ“ “ငါးကျပ်တန်က အလှူခံပုံးထဲမှာ။ဆယ်တန်က ဒလသင်္ဘောပေါ်မှာ ထိုင်ခုံရောင်းနေတယ်“ “သူက အထက်ကအကြီးကောင်ကရော“ “နှစ်ဆယ်တန်ကိုပြောတာလား။ဒီကောင်က ကိုးလို့ကန့်လန့်ကောင်“ “ဘာဖြစ်လို့“ “ရှစ်ဆယ်တန် ပစည်းက တစ်ရာဖြစ်ရတာ သူ့ကြောင့်။ နှစ်ဆယ်ဘယ်သူမှ မကိုင်ဘူး။ တစ်ရာယူလိုက်ကြတာ“ “ဟုတ်သားပဲ ဒါနဲ့ ဟိုပါဝါကောင်ရော“ “ခင်ဗျားကလည်း နတ်ခတ်တွေ ပါဝါတွေလုပ်နေပြန်ပြီ။ ခုထိခင်ဗျားတို့ဆီမှာ နှစ်လုံးသုံးလုံး မရှင်းသေးဘူးလား။ငါးဆယ်တန်လုပ်စမ်းပါ“ “ဟုတ်ကဲ့ ငါးဆယ်တန် အကြောင်းမေးတာပါ“ “လိုင်းကားစီးလို့ရသေးတယ်။ဒလသင်္ဘောစီးလို့ရသေးတယ်။တစ်ခါတစ်ခါ တစ်ရှုးထုပ်တွေ နဲ့လဲတာခံရတယ်။ဒါပေမယ့် အကြွေပေး အကြွေပေးလို့ စပယ်ယာတွေ နာနာအအော်ခံရရင် ဒီကောင်လည်း မလွယ်တော့ဘူး ကျုပ်ဆီေ၇ာက်ခါနီးပြီ“ “ဒါနဲ့ အချို့အလုပ်တွေမှာ ရာနှုန်းအပြည့်ဘူးလို့ အော်အော်နေသံကြားတယ်။ ခင်ဗျားတို့ ဆီက တစ်ရာနဲ့များပတ်သက်နေမလား“ “မဟုတ်တာ ကန်စွန်းရွက်နှစ်ပင်တစ်ရာတန်နေတာပဲ။မြို့ပတ်ရထားစီးလို့ရနေတာပဲ ။သူနဲ့ မဆိုင်ပါဘူး သူ့အလုပ်သမားတွေ အရည်အသွေးညံ့လို့နေမှာပါ“ “ခင်ဗျားက တစ်ကျပ်တန်နော် ခင်ဗျားကို နှစ်ရာလို့ပြောရင် ခင်ဗျားရဲ့ သဘောက“ “အဲဒီလို့ပြောရုံနဲ့ အထူးလိုင်းကားတိုးစီးလို့ မရဘူးလေ။ကိုယ့်တန်ဖိုးကိုယ် မသိရင် ကျပ်မပြည့်ရာကျမှာပေါ့။ ကျပ်ပြည့်ပြည့်နဲပပဲ မြောင်းတောင်းမှာ အေးအေးဆေးဆေးနေပါ ရစေ“ “ဟိုထောင်ဝတ်ကောင်ကြီးရော“ “အထူးလိုင်းကားစီးရင် ခဏစောင့်လို့ ဆောင်ကြီးအောင့်ကြီး အပြောခံရတဲ့ ကောင်ကြီးလား“ “ဟုတ်တယ် ငါးရာတန်“ “ဂိတ်သာဆုံးသွားတယ် တစ်ရာပြန်မလာလို့ လေးရာပဲ တန်တော့တယ်။ အခုတလော ဂျာနယ်အရောင်းသမားတွေ ဆီကိုတော့ များများစားစား လာကြသားပဲ။ဒါပေမယ့် ၀ယ်ဖတ်ရတာ မတန်ဘူးလို့ အပြောခံရရင်တော့ သူ့တန်ဖိုးတက်မယ့်ပုံပဲ။ ငါးရာဖိုးနှစ်စောင် ပေးလိုက်ပေါ့ များများဖတ်ပါစေ“ “တစ်ပြားနှစ်ပြား လင်ဗန်းပြားတွေရော ခင်ဗျားဘယ်လိုပြောချင်လဲ“ “လမ်းဘေးမှာ ဘိနပ်စုတ်ဖင်ခုထိုင်ရင်း ကွမ်းတံထွေး တစ်ဗျစ်ဗျစ်မလုပ်ရတော့ဘူး။ ကိုးဆယ့်ကိုးပြား န၀င်းကြေအောင် ကြိုးစားပါ။ အသိကလေး တစ်ပြားဖိုးလောက်ထည့်ရင် ကျပ်ပြည့်သွားမယ်။ ကျပ်စဉ်မီ သွားမယ်လို့ပြောချင်ပါတယ်“ “ခင်ဗျားပဲ ကျပ်စဉ်မီမြောင်းတောင်းဆို“ “ဟုတ်ပါတယ် ဒါပေမယ့် အသိသတိ ကြေးသွန်းဘုရားကြီးရှေ့က အလှူခံပုံးထဲများ တစ်စုတစ် ဝေးရောက်ခဲ့ရင် တန်ဖိုးရှိသွားနိုင်တယ်လေ။ ဘ၀ပြောင်း သွားနိုင်သေးတယ်မို့လား“ “ဒါဆိုကျပ်တန်တစ်ရွက်ရဲ့ မျှော်လင့်ချက်လို့ပြောနိုင်တာပေါ့“ ““မြောင်းတောင်းသမားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါနဲ့ ခင်ဗျားမေးတာတွေကြည့် ကျုပ်ဖြေနေရတယ်။ ခင်ဗျားက ဘယ် မီဒီယာကလည်း“ “ မီဒီယာ တစ်ထောင်တန်ကပါ“ “သြော်.. သြော် ငါးထောင်တန် ခိုင်းလိုက်တာနဲ့ တူတယ်။ အခုလို ကျပ်ရာလာသွင်းတာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါဗျာ.....

. Ref:FaceBook ( Hein Min Htet) 

 **မေမွန်ကျော်** --

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)