ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 16, 2012

> -လွတ်လပ်စွာထုတ်ဖော်သည်ဆိုရာဝယ်- ခေါင်းစဉ်ကိုလူအထင်ကြီးအောင်ရေးပြီး ပေါက်ကရရေးဖို့အကြံရှိတဲ့အခါ ကျနော်ကတော့ မမော်ပဲ ဒန်လုပ်ပစ်ပါတယ်... အခုပြောမှာက ကျနော်သိပ်ကြိုက်တဲ့ ဒူးရင်းသီးမဟုတ်ပါ လွတ်လပ်ရေးဖြစ်ပါသည်... နဂိုကတည်းက ဂျွတ်ဆတ်ဆတ် ဂေါက်တောက်တောက် ဗုံမဟုတ်ပတ်မဟုတ်ကောင်က လွတ်လပ်ရေးကြိုက်တယ်ဆိုတာ စာရေးစရာလိုသေးလားလို့မေးစရာပဲ... ပြောထားတဲ့အတိုင်းဗျာ လူအထင်ကြီးအောင်ခေါင်းစဉ်တပ်ပါတယ်လို့ဆို... သိတတ်ကတည်းက စည်းကမ်းဆိုတာ စည်းကမ်းမရှိသူတွေအတွက်လို့ထင်တဲ့ကျနော်ကတော့ ကိုယ့်စည်းကိုယ်ရေးပြီး ကိုယ့်ကမ်းကိုယ်ဖော်လို့ တုတ်မိလိုက် လက်သီးမိလိုက် တွေ့ကရာရှစ်သောင်း လူကြီးအပေါင်းရဲ့ မျက်စေ့ထဲက ချစ်မွေးလေးပေါ့နော့... ဒါပေသိ ကျနော်ခံယူတဲ့ လွတ်လပ်ရေးမှာလည်း စည်းနဲ့ကမ်းနဲ့ပါဗျ... ပြောပါတယ်အရင်ကတည်းက ကိုယ့်စည်းကိုယ်ရေးပါတယ်လို့... အခုတလော စည်းကမ်းသံတွေကြားရတော့ ကိုယ့်ဘဝဟောင်းလေး ကိုယ်ပြန်ကြည့်ပြီး တယ်ချစ်စရာကောင်းခဲ့တဲ့ ငါပါလားလို့ လက်ပန်းပေါက်လို့ အော်လိုက်ချင်ရဲ့...
တကယ်တော့ လူ့ဝန်းကျင်က စည်းကမ်းများလွန်းလို့ ပါးစပ်ပေါက်တွေကြား ကျဉ်းတကျပ်ကျပ်နေရတာကို သိပ်မုန်းတဲ့ကောင်ဗျ... ကျုပ်ကတော့ခပ်ရှင်းရှင်းပဲ... ကိုယ့်ဟာကိုယ်ပဲလွတ်လပ်စွာနေတယ်... ကိုယ့်စိတ်ထဲမကြိုက်ရင် မကြိုက်ဘူးပဲ... ဝူးဝါးဗျူးဗျဲ လုပ်ချင်လုပ်မယ်... ဒါပေမဲ့ ကိုယ့်တန်ဖိုးတော့အကျမခံနိုင်ဘူးမောင်... လွတ်လပ်တာသိပ်ကြိုက်တဲ့မောင် စည်းကမ်းလုပ်ရမယ်ဆိုတော့ ကိုယ်တိုင်ချတဲ့စည်းကမ်းတွေများ တစ်ထွေတစ်မကြီးရယ်.. အစ်ကိုအစ်မတွေက ဟကောင်ရ လျှော့ပါဦးဆိုတာတောင် ကိုယ်ကတော့ ခပ်ပြတ်ပြတ်ပဲ ... တစ်ရွေးတစ်မူးမှမလျှော့ဘူး... အဲ့နောက်မှပြန်စဉ်းစားတယ် အော်ငါ့နှယ် လူချတဲ့စည်းကမ်း လူချိုးဖောက်ရတာမှ လွယ်သမှလွယ်လို့... ဘယ်လိုစည်းကမ်းချချပါ လူစိတ်မရှိရင် အဲ့ဒီစည်းကမ်းကို ဟိုခုန်ကူး ဒီခုန်ကူးလုပ်ချင်မှာပဲ... စိတ်ဆိုးရင်လည်းဆိုးနော့... အားမနာနဲ့ ကျုပ်က သူများစိတ်ဆိုးလို့ ရင်နာတတ်တဲ့အထဲမပါသေးတဲ့လူဆိုးပါဆို... အဲ့သလိုလူဆိုးနဲ့ အပေါင်းကောင်းလို့ ဟိုနေ့ကတိန်ရင်း၂ယောက်တောင် အနံ့ရှူလိုက်ရသေးတယ်... ကျုပ်လား ဘယ်လွတ်မလဲဗျာ E ဗုံးထိသပေါ့... ခွိခုခွိဟိ... ခွိဟိဟိ ပြောရင်းနဲ့ လမ်းချော်ဦးမယ်... လူတွေအကြောင်းပါဗျာ... ငယ်ငယ်ကတည်းက ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီဆို သိပ်မုန်းသဗျ... သူ့အကြိုက်ထိုင်နားထောင်ပြီး လက်ညှိုးထောင်ခေါင်းငြိမ့်ဖို့ဆိုတာကလည်း မုန့်ခိုးစားနေတော့ အားဝူး... အဲလေမှားလို့ ဝါသနာမပါဘူးပြောပါတယ်... စာအုပ်စာပေလူ့မိတ်ဆွေဆိုလို့ ဖတ်လိုက်ရတာလည်းသောက်သောက်လဲဗျ... ဒါတောင် စည်းကမ်းလိုမြင်လိုက်ရင် ဘယ်လိုလက်တစ်လုံးခြားလုပ်ရမလဲပဲ စဉ်းစားတတ်တဲ့ အကျင့်လေးပဲပြင်မရတာ... ဒါ့ကြောင့်ထင်ပါရဲ့ ကိုယ်တိုင်လည်းစည်းကမ်းလုပ်လို့ရရော ဘယ်ကမှမလွတ်အောင်လျှောက်ဖာတာ... ဒီလိုကျပြန်တော့လည်း ကိုယ်တိုင်တောင် ကျဉ်းကျပ်ကျပ်ရယ်... ဒါ့ကြောင့် Human Value ခေါ်မလား ?? မြန်မာလိုပြောရင်တော့ လူ့တန်ဖိုးလေးနဲ့ပဲ လွှတ်ပေးထားလိုက်တယ်လေ... ဟုတ်တယ်လေ ကိုယ့်ကိုယ်ကိုမှတန်ဖိုးမထားရင် ဘယ်သူမှလာပြီးတန်ဖိုးမထားဘူး... ဟိတ်ဟန်မှင်မောင်းကောင်းရင်တော့ သူလည်း သူ့အုပ်နဲ့သူဗျ... အဲ့ဒီတော့လည်း သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ပေါ့ဗျာ... နောက်ပိုင်းမှာတော့ စည်းကမ်းဆိုတာဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တွေးတောဆင်ခြင်သုံးသပ်နိုင်စွမ်းရဲ့ အစွမ်းအစဆိုတာ တစ်ဖြေးဖြေးနဲ့ ပိုလို့မိုလို့ထင်လာရှားလာခဲ့ပါရော... ခင်ဗျားတို့ဖတ်ဖို့ ရေးနေရင်းနဲ့ ဟိုလျှောက်လုပ်ဒီလျှောက်လုပ် လုပ်နေပြီး Idea လမ်းပျောက်နေတာတောင် ရအောင်ဆွဲစိပြီး ပြန်ရေးပေးတာဗျ... သိပ်ချစ်တော့တော့မဟုတ်ပါဘူး မပြောရင် နားမလည်ဘူးလုပ်နေမှာစိုးရိမ်လို့ဗျ... တကယ်တော့ အစတုန်းက စည်းကမ်းရယ်လို့မရှိပဲ လူတွေနေကြပါ၏... လစ်ရင်လစ်သလို လူမသိသူမသိ စိတ်ထင်ရာလျှောက်လုပ်တတ်သော လူ့အကျင့်နှင့် အချင့်အချိန်မသိ ပေါက်ပန်းလေးဆယ်လုပ်တတ်သောလူများကြောင့် လွတ်လပ်ခြင်းကို အသေကြိုက်တဲ့ကျုပ်တို့မှာ စည်းရယ်ကနားရယ်နဲ့ အဆင်ပြေအောင်နေကြရပါလေရော... ဒီတော့ဗျာ... အကြံပေးချင်တာကတော့ လူပီသပါ... လူဆန်ပါ... မိမိကိုယ်ကို မိမိကမှ သိဒ္ဒိမတင်ရင် ဘယ်သူမှလာပြီး ကူညီဆောင်မပေးမည်မဟုတ်... မသိနိုးနားလုပ်နေရာက သိသိသာသာဖြစ်လာရင်တော့ အချိန်တန်ရင် တိန်ကနဲနေအောင် အကန်ခံရပါလိမ့်မည်... ထို့ကြောင့် လူဆန်ဖို့ရာ အထူးတလည်တိုက်တွန်းလိုက်ရပါကြောင်း... နောက်ဆုံးနိဂုံးချုပ်ရရင်ဖြင့် ဘယ်သူရယ် ဘယ်ဝါရယ် ဘယ်ဟာရယ် ဘာလုပ်မယ်ဆိုတာသိပေမဲ့ ပြုပြင်ကောင်းနိုးနိုး အသိတရားရနိုးနိုးနဲ့ သူများတွေက အချိန်ပေးနေတာလေး တန်ဖိုးထားစေချင်သည်... ဟိုတစ်ယောက်လို လူမဆန်တာတွေလုပ် လူ့အကျင့်လူ့အကြံမရှိပဲ နှမရယ်သားချင်းရယ် မရှိမစာနာတဲ့လုပ်ရပ်တွေလုပ်ပြီးမှ Facebook ပေါ်မှာတော့ တက်ပြီးအော်မနေနဲ့ဗျ... ကိုယ့်စိတ်ဓာတ်လေး ဆံသပြီး လူကြားချပြလို့ကောင်းအောင်လုပ်နိုင်ကြပါစေလို့ ဆုလည်းတောင်းပေးသလို လမ်းလည်းပြပေးနေပါတယ်... လုပ်တာမလုပ်တာကတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မို့လို့ အထွေထူးပြီး အပေတူးတွေနဲ့ ဆက်မပြောတော့ပါ... စိတ်ဓာတ်နဲ့ ကမ္ဘာကုန်တိုင်အောင် အသံဟစ်ကြသူတွေ သိကြားစေသက်သေညွှန်းရလိုပါ၏...

 ရေးသားသူ... သန့်စင်ဖြိုး

-လွတ်လပ်စွာထုတ်ဖော်သည်ဆိုရာဝယ်- ခေါင်းစဉ်ကိုလူအထင်ကြီးအောင်ရေးပြီး ပေါက်ကရရေးဖို့အကြံရှိတဲ့အခါ ကျနော်ကတော့ မမော်ပဲ ဒန်လုပ်ပစ်ပါတယ်... အခုပြောမှာက ကျနော်သိပ်ကြိုက်တဲ့ ဒူးရင်းသီးမဟုတ်ပါ လွတ်လပ်ရေးဖြစ်ပါသည်... နဂိုကတည်းက ဂျွတ်ဆတ်ဆတ် ဂေါက်တောက်တောက် ဗုံမဟုတ်ပတ်မဟုတ်ကောင်က လွတ်လပ်ရေးကြိုက်တယ်ဆိုတာ စာရေးစရာလိုသေးလားလို့မေးစရာပဲ... ပြောထားတဲ့အတိုင်းဗျာ လူအထင်ကြီးအောင်ခေါင်းစဉ်တပ်ပါတယ်လို့ဆို... သိတတ်ကတည်းက စည်းကမ်းဆိုတာ စည်းကမ်းမရှိသူတွေအတွက်လို့ထင်တဲ့ကျနော်ကတော့ ကိုယ့်စည်းကိုယ်ရေးပြီး ကိုယ့်ကမ်းကိုယ်ဖော်လို့ တုတ်မိလိုက် လက်သီးမိလိုက် တွေ့ကရာရှစ်သောင်း လူကြီးအပေါင်းရဲ့ မျက်စေ့ထဲက ချစ်မွေးလေးပေါ့နော့... ဒါပေသိ ကျနော်ခံယူတဲ့ လွတ်လပ်ရေးမှာလည်း စည်းနဲ့ကမ်းနဲ့ပါဗျ... ပြောပါတယ်အရင်ကတည်းက ကိုယ့်စည်းကိုယ်ရေးပါတယ်လို့... အခုတလော စည်းကမ်းသံတွေကြားရတော့ ကိုယ့်ဘဝဟောင်းလေး ကိုယ်ပြန်ကြည့်ပြီး တယ်ချစ်စရာကောင်းခဲ့တဲ့ ငါပါလားလို့ လက်ပန်းပေါက်လို့ အော်လိုက်ချင်ရဲ့...

တကယ်တော့ လူ့ဝန်းကျင်က စည်းကမ်းများလွန်းလို့ ပါးစပ်ပေါက်တွေကြား ကျဉ်းတကျပ်ကျပ်နေရတာကို သိပ်မုန်းတဲ့ကောင်ဗျ... ကျုပ်ကတော့ခပ်ရှင်းရှင်းပဲ... ကိုယ့်ဟာကိုယ်ပဲလွတ်လပ်စွာနေတယ်... ကိုယ့်စိတ်ထဲမကြိုက်ရင် မကြိုက်ဘူးပဲ... ဝူးဝါးဗျူးဗျဲ လုပ်ချင်လုပ်မယ်... ဒါပေမဲ့ ကိုယ့်တန်ဖိုးတော့အကျမခံနိုင်ဘူးမောင်... လွတ်လပ်တာသိပ်ကြိုက်တဲ့မောင် စည်းကမ်းလုပ်ရမယ်ဆိုတော့ ကိုယ်တိုင်ချတဲ့စည်းကမ်းတွေများ တစ်ထွေတစ်မကြီးရယ်.. အစ်ကိုအစ်မတွေက ဟကောင်ရ လျှော့ပါဦးဆိုတာတောင် ကိုယ်ကတော့ ခပ်ပြတ်ပြတ်ပဲ ... တစ်ရွေးတစ်မူးမှမလျှော့ဘူး... အဲ့နောက်မှပြန်စဉ်းစားတယ် အော်ငါ့နှယ် လူချတဲ့စည်းကမ်း လူချိုးဖောက်ရတာမှ လွယ်သမှလွယ်လို့... ဘယ်လိုစည်းကမ်းချချပါ လူစိတ်မရှိရင် အဲ့ဒီစည်းကမ်းကို ဟိုခုန်ကူး ဒီခုန်ကူးလုပ်ချင်မှာပဲ... စိတ်ဆိုးရင်လည်းဆိုးနော့... အားမနာနဲ့ ကျုပ်က သူများစိတ်ဆိုးလို့ ရင်နာတတ်တဲ့အထဲမပါသေးတဲ့လူဆိုးပါဆို... အဲ့သလိုလူဆိုးနဲ့ အပေါင်းကောင်းလို့ ဟိုနေ့ကတိန်ရင်း၂ယောက်တောင် အနံ့ရှူလိုက်ရသေးတယ်... ကျုပ်လား ဘယ်လွတ်မလဲဗျာ E ဗုံးထိသပေါ့... ခွိခုခွိဟိ... ခွိဟိဟိ ပြောရင်းနဲ့ လမ်းချော်ဦးမယ်... လူတွေအကြောင်းပါဗျာ... ငယ်ငယ်ကတည်းက ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီဆို သိပ်မုန်းသဗျ... သူ့အကြိုက်ထိုင်နားထောင်ပြီး လက်ညှိုးထောင်ခေါင်းငြိမ့်ဖို့ဆိုတာကလည်း မုန့်ခိုးစားနေတော့ အားဝူး... အဲလေမှားလို့ ဝါသနာမပါဘူးပြောပါတယ်... စာအုပ်စာပေလူ့မိတ်ဆွေဆိုလို့ ဖတ်လိုက်ရတာလည်းသောက်သောက်လဲဗျ... ဒါတောင် စည်းကမ်းလိုမြင်လိုက်ရင် ဘယ်လိုလက်တစ်လုံးခြားလုပ်ရမလဲပဲ စဉ်းစားတတ်တဲ့ အကျင့်လေးပဲပြင်မရတာ... ဒါ့ကြောင့်ထင်ပါရဲ့ ကိုယ်တိုင်လည်းစည်းကမ်းလုပ်လို့ရရော ဘယ်ကမှမလွတ်အောင်လျှောက်ဖာတာ... ဒီလိုကျပြန်တော့လည်း ကိုယ်တိုင်တောင် ကျဉ်းကျပ်ကျပ်ရယ်... ဒါ့ကြောင့် Human Value ခေါ်မလား ?? မြန်မာလိုပြောရင်တော့ လူ့တန်ဖိုးလေးနဲ့ပဲ လွှတ်ပေးထားလိုက်တယ်လေ... ဟုတ်တယ်လေ ကိုယ့်ကိုယ်ကိုမှတန်ဖိုးမထားရင် ဘယ်သူမှလာပြီးတန်ဖိုးမထားဘူး... ဟိတ်ဟန်မှင်မောင်းကောင်းရင်တော့ သူလည်း သူ့အုပ်နဲ့သူဗျ... အဲ့ဒီတော့လည်း သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ပေါ့ဗျာ... နောက်ပိုင်းမှာတော့ စည်းကမ်းဆိုတာဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တွေးတောဆင်ခြင်သုံးသပ်နိုင်စွမ်းရဲ့ အစွမ်းအစဆိုတာ တစ်ဖြေးဖြေးနဲ့ ပိုလို့မိုလို့ထင်လာရှားလာခဲ့ပါရော... ခင်ဗျားတို့ဖတ်ဖို့ ရေးနေရင်းနဲ့ ဟိုလျှောက်လုပ်ဒီလျှောက်လုပ် လုပ်နေပြီး Idea လမ်းပျောက်နေတာတောင် ရအောင်ဆွဲစိပြီး ပြန်ရေးပေးတာဗျ... သိပ်ချစ်တော့တော့မဟုတ်ပါဘူး မပြောရင် နားမလည်ဘူးလုပ်နေမှာစိုးရိမ်လို့ဗျ... တကယ်တော့ အစတုန်းက စည်းကမ်းရယ်လို့မရှိပဲ လူတွေနေကြပါ၏... လစ်ရင်လစ်သလို လူမသိသူမသိ စိတ်ထင်ရာလျှောက်လုပ်တတ်သော လူ့အကျင့်နှင့် အချင့်အချိန်မသိ ပေါက်ပန်းလေးဆယ်လုပ်တတ်သောလူများကြောင့် လွတ်လပ်ခြင်းကို အသေကြိုက်တဲ့ကျုပ်တို့မှာ စည်းရယ်ကနားရယ်နဲ့ အဆင်ပြေအောင်နေကြရပါလေရော... ဒီတော့ဗျာ... အကြံပေးချင်တာကတော့ လူပီသပါ... လူဆန်ပါ... မိမိကိုယ်ကို မိမိကမှ သိဒ္ဒိမတင်ရင် ဘယ်သူမှလာပြီး ကူညီဆောင်မပေးမည်မဟုတ်... မသိနိုးနားလုပ်နေရာက သိသိသာသာဖြစ်လာရင်တော့ အချိန်တန်ရင် တိန်ကနဲနေအောင် အကန်ခံရပါလိမ့်မည်... ထို့ကြောင့် လူဆန်ဖို့ရာ အထူးတလည်တိုက်တွန်းလိုက်ရပါကြောင်း... နောက်ဆုံးနိဂုံးချုပ်ရရင်ဖြင့် ဘယ်သူရယ် ဘယ်ဝါရယ် ဘယ်ဟာရယ် ဘာလုပ်မယ်ဆိုတာသိပေမဲ့ ပြုပြင်ကောင်းနိုးနိုး အသိတရားရနိုးနိုးနဲ့ သူများတွေက အချိန်ပေးနေတာလေး တန်ဖိုးထားစေချင်သည်... ဟိုတစ်ယောက်လို လူမဆန်တာတွေလုပ် လူ့အကျင့်လူ့အကြံမရှိပဲ နှမရယ်သားချင်းရယ် မရှိမစာနာတဲ့လုပ်ရပ်တွေလုပ်ပြီးမှ Facebook ပေါ်မှာတော့ တက်ပြီးအော်မနေနဲ့ဗျ... ကိုယ့်စိတ်ဓာတ်လေး ဆံသပြီး လူကြားချပြလို့ကောင်းအောင်လုပ်နိုင်ကြပါစေလို့ ဆုလည်းတောင်းပေးသလို လမ်းလည်းပြပေးနေပါတယ်... လုပ်တာမလုပ်တာကတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မို့လို့ အထွေထူးပြီး အပေတူးတွေနဲ့ ဆက်မပြောတော့ပါ... စိတ်ဓာတ်နဲ့ ကမ္ဘာကုန်တိုင်အောင် အသံဟစ်ကြသူတွေ သိကြားစေသက်သေညွှန်းရလိုပါ၏...

 ရေးသားသူ... သန့်စင်ဖြိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)