ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 22, 2012

>
....ဆိတ်ဖွားသို့ အိတ်ဖွင့်ပေးစာ......... 

အခုတစ်လော.... အင်တာနက် စာမျက်နှာများတွင် ဒေါက်တာဆိတ်ဖွား ဟူသော ကလောင်ရှင်မှ `` အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ´´ ဟူသော ဆောင်းပါးနှင့် `` ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ် ´´ ဟူသော ဆောင်းပါးနှစ်ပုဒ်ကို ရေးသားခဲ့ပါသည်။ ကျွန်တော် သေသေချာချာ ဖတ်ကြည့် မိပါသည်..... ဒေါက်တာ ဆိတ်ဖွားကိုလည်း အလွန်ပင် စာနာနားလည်တတ်သူဟု...... အလွန်ပင် ဆရာ ချစ်တတ်သူဟု....... မတွေးဖြစ်ပါ..... ကျွန်တော် တွေးဖြစ်သည်မှာ.... ဆိတ်ဖွားသည်..... ကိုယ်တိုင် ကျောင်းအုပ်လော.... ကျောင်းဆရာလော... သို့တည်းမဟုတ်..... အိမ်ခန်းတွဲများ ဖွင့်၍ ကျူရှင်အခန်းငှားစားနေသူလော..... ဟု၊ ကျွန်တော် အတွေး နဲနဲ ရိုင်းသွားပါသည်...... သေချာတာကတော့ ဆိတ်ဖွားသည် ကိုယ်တိုင်ကျောင်းဆရာမဟုတ်လျှင် သားသမီးမရှိသောသူ ဖြစ်ပါမည်၊ သားသမီးရှိလျှင်လဲ..... ငွေကို ဖောဖော သီသီ သုံးနိုင်သော အလွန် စီးပွါးရေး ကောင်းသူလည်း ဖြစ်ပါမည်..... ဌာနဆိုင်ရာ ၀န်ထမ်း ဖြစ်လျှင်လည်း အခွင့်အာဏာကို မတရားရောင်းစား၍ ၀င်ငွေကောင်းနေသော ၀န်ထမ်းပင် ဖြစ်ပါလိမ့်မည်.....။ ထိုသို့ ၀င်ငွေ ကောင်းသော စီးပွါးရေး လုပ်ငန်းရှင် ဖြစ်ပါလျှင်.... သူ၏ သားသမီးများအား အစိုးရ ကျောင်းများတွင်..ကျောင်းထားမည် မဟုတ်ပါ... ငွေကြေးမြောက်မြားစွာ. အကုန်အကျခံ၍ နိုင်ငံတကာအထိ တိုးဝင်ဖောက်ထွက်နိုင်သော ပုဂ္ဂလိကကျောင်းများတွင် ကျောင်းထားပါလိမ့်မည်။ ဒါတွေသည် ကျွန်တော့် အတွေးများ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဆရာ/ ဆရာမများကို အာစရိယဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် သတ်မှတ်ကြပါသည်..... နှစ်စဉ် နှစ်တိုင်း၊ ကျောင်းများတွင်အာစရိယပူဇော်ပွဲများ၊ သက်ကြီး ဆရာ/ဆရာမကြီးများအား ပူဇော်ပွဲများ ကျင်းပကြပါသည်။ ခေတ်လွန် ကျောင်းသားကြီးများအနေဖြင့်လည်း ( ) ခုနှစ်မှ ( )အထိ ကျောင်းသားဟောင်းများမှ...... ဟူ၍ ဆရာ/ဆရာမများကို ပူဇော် ထောက်ပံ့ကြပါသည်....... ဤအလေ့အထသည် မည်သည့်နိုင်ငံတွင်မှ မရှိပါ... ဘာကြောင့် ဤသို့ ပူဇော်ကန်တော့ကြပါသနည်း...... ရှင်းပါသည်။ ဆရာ/ဆရာမများကို ကျေးဇူးရှင်များအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်ပါသည်။ ဆရာ/ဆရာမများတွင် ဂုဏ်ရှိပါသည်၊ ထိုဂုဏ်မှာ အာစရိယ ဂုဏ်ဖြစ်ပါသည်။ အာစရိယဂုဏ်ကို ၀ယ်ယူ၍ မရပါ...... ဖန်တီးယူ၍မရပါ.... ဟန်ဆောင်ယူ၍ မရပါ..... ကိုယ်တိုင်ဆောင်ရွက်မှသာ ရပါသည်။ အတတ်လဲသင်..... ပဲ့ပြင်ဆုံးမ သိပ္ပမချန်....... ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ....... ဟူသော ဆရာ့ဝတ်။ ရှေးရှုမေတ္တာ.. ကရုဏာနှင့် နာနာကျင်ကျင်အပြစ်မြင်က ၀မ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမ တက်သူ ဆရာဟူ.... ၏ ဆိုသော ဆရာ့ဂုဏ်များကြောင့် ဆရာများကို ကျွန်တော်တို့ ချစ်ခဲ့ကြပါသည်။ ဆရာ/ဆရာမများသည် ၀ါသနာ၊ စေတနာ၊ အနစ်နာ ဟူသော နာသုံးနာနှင့် ပြည့်စုံသည်ဟု..... ဆိုကြပါသည်။ ကျွန်တော်က နောက်ထပ် နာနှစ်နာ ထပ်ထည့်ပါမည်... အကြင်နာနှင့် ကရုဏာ ဖြစ်ပါသည်.....။ ဒါက ကျွန်တော်တို့ ခေတ်က ကျွန်တော်တို့ ဆရာ/ဆရာမများ ဖြစ်ကြပါသည်။ မိဘကဲ့သို့ ချစ်ပါသည်...... ယခုတိုင် သက်ရှိထင်ရှားရှိနေကြသော ဆရာ/ဆရာမများကို ချစ်ခင်လေးစားဆဲ..... ရိုသေဆဲလဲ ဖြစ်ပါသည်။ ယခုခေတ်တွင် ဤသို့ မရှိတော့ပါ..... ယခုခေတ်ကျောင်းသားများသည် ယခင်နှစ်က ဆရာ/ဆရာမတို့အား နှုတ်ပင်မဆက်ဖြစ်ကြပါ.... ဘာကြောင့်ပါလဲ...... မေးစရာတွေ ရှိပါသည်... ကျွန်တော်တို့၏ မိဘများ လက်ထက်က မိဘဆရာပူးပေါင်း....ကလေးပညာကောင်း ဟူသော ဆောင်ပုဒ်အတိုင်းပင်. ပူးပေါင်းခဲ့ကြပါသည်။ ကလေးများလည်း ပညာကောင်းခဲ့ကြပါသည်။ နိုင်ငံတကာကျောင်း များဝင်ခွင့်ဖြေရာတွင်.... ၅ယောက်သွားပါက နိုင်ငံအများအပြားကြားတွင် အနည်းဆုံး (၄)ယောက်အောင်ပါသည်။ ယခုခေတ်တွင် အင်ဂျင် နီယာဘွဲ့ရတစ်ဦးသည် စင်္ကာပူလိုနိုင်ငံတွင် ကျောင်းတက်လိုပါက စက်မှု အထက်တန်းကျောင်း ၀င်ခွင့်ဖြေဆိုနေရပါသည်....။ နောက်တစ်ခု..... နိုင်ငံတကာတွင် ကျောင်း၌ သင်သော ဘာသာရပ်အား ပြင်ပတွင် ကျူရှင်သင်ကြားခြင်း မရှိပါ......သီးခြား အထူးပြု ဘာသာရပ်များကိုသာ ကျူရှင်သင်ပါသည်.....။ ယခုခေတ်တွင် ကျောင်းသင်ခန်းစာများအား ကျောင်းတွင် ကို့စ် ကုန်သည် ပြတ်သည် အထိ ပြဌာန်းချက်အတိုင်း သင်ကြားခြင်း မရှိပါ..... ကျောင်းတွင် ဖြစ်သလို သင်၍ ကျောင်းချိန်ပြင်ပတွင် ကျူရှင်ဖွင့်ကာ အာရုံ စိုက်၍ သင်ပါသည်..... ကျူရှင်သင်သည်ကိုပင် အတန်းအစားခွဲထားပါသေးသည်..... ရိုးရိုး ဆက်ရှင်၊ ၀ိုင်းနှင့် ရှယ်ဝိုင်းဟူ၍ ဖြစ်ပါသည်။ အတန်းပိုင် သင်သော ကျူရှင်တွင် ကျောင်းသူ/သားများ မဖြစ်မနေ ကျူရှင်တက်ရပါသည်။ အခြားကျူရှင်တွင် တက်ခဲ့သော် စာမေးပွဲကျလျှင်ကျ...... မကျလျှင်လဲ...... တစ်နှစ်လုံးကျောင်းသားအား အာစရိယဂုဏ်တွင်မပါသော သီးခြားဂုဏ်ပုဒ်များဖြင့် သင်ကြားပါတော့သည်.....။ ဤ ဒုက္ခများကြောင့် ကျောင်းသားမိဘများတွင် ငွေကြေးပြည့်စုံသူများသည် အစိုးရကျောင်းတွင် မထားတော့ဘဲ.....တန်ဘိုးမြင့်သော၊ အာမခံချက်ရှိသော.... ပုဂ္ဂလိက ကျောင်းများတွင် သွားရောက် အပ်နှံပါတော့သည်... တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) ကျောင်းသူ/ကျောင်းသားများအား ပြင်ပဆရာများ သင်ကြားသော ဘောယ်ဒါဆောင်များတွင် တစ်နှစ်လျှင်... (၁၂)သိန်းမှ (၃၆)သိန်းအထိ အကုန်အကျခံကာ တက်ရောက်သင်ယူစေပါသည်...... ဘယ်အတွက်ကြောင့်ပါလဲ....... ငွေကြေးအကုန်အကျခံယုံမျှဖြင့်..... သားသမီး များအတွက် စိတ်အေးရသောကြောင့် ဖြစ်ပါသည်.. ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း၊ မျက်နှာလိုက်ခြင်းနှင့် ချိုးနှိမ် အပြစ်ရှာခြင်းများ ကင်းသည့်အပြင် တက်သစ်စလူငယ်လေးများ၏ စာရိတ္တနှင့် ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက်ရရှိခြင်း၊ ယဉ်ကျေးမှု အပါအ၀င် ဘာသာရေးလဲ ကင်းလွတ်မှုမရှိခြင်း နှင့် အမှန်တကယ် အထက်တန်းအောင်မြင်နိုင်သော သင်ကြားမှုများကြောင့်ဖြစ်ပါသည်။ ဆရာ/ဆရာမများ လစာ မလောက်ငှကြောင်း တင်ပြထားပါသည်... ကျန် ၀န်ထမ်းများရော လစာလောက်ပါသလား အရာရှိ မဟုတ်သူ ၀န်ထမ်းများ၏ တစ်နှစ်လစာသည်... အမြင့်ဆုံး(၁၀)သိန်းဝန်းကျင်သာ ရှိပါသည်။ ဤသို့ဆိုလျှင်.... ဆယ်တန်းကလေးတစ်ဦးအား ဘော်ဒါ မထားနိုင်တော့ပါ..... အစိုးရကျောင်းများကိုသာ အားကိုးရပါတော့သည်.....။ အစိုးရကျောင်းများတွင်ထားပါကလည်း စာကျေအောင် သင်ကြားခြင်း မရှိသည့်အတွက် ကျူရှင်ထားရပါတော့သည်.ကျူရှင် ရိုးရိုး တက်ပါမည်...... တစ်ဘာသာ(၅၀၀၀)၊ ခြောက်ဘာသာ(၃၀၀၀၀)၊ သားသမီး နောက်တစ်ယောက် အလယ်တန်း ဆိုပါစို့..... တစ်လ ကျူရှင်လခ.....(၁၀၀၀၀)ပဲထား..... ကုန်ပါပြီ..... ကလေးများမုန့်ဖိုးနှင့် အခြားစရိတ်များ.... စားစရိတ်များ.... အ၀တ်အထည်.... ဖိနပ်...... ထီး....... ဘာနှင့် ၀ယ်ရပါမည်နည်း........ ဒါတောင် ထမင်းစားစရာနှင့် ကျန်းမာရေးဆိုင်ရာများ မပါသေး...... ကဲ ဆိတ်ဖွားရေ တွက်ချက်ပေးပါဦး....... ကျန်တဲ့ အခြေခံ ၀န်ထမ်းတွေနဲ့..... အခြေခံလူတန်းစားတွေ အတွက်လေ....... အောက်ခြေလူတန်းစားတွေ စာ တတ်ခွင့်မရှိဘူးလား....ဟု ကျွန်တော် မေးလျှင် ရိုင်းစိုင်းပါမည်........ မမေးတော့ပါ......။ မြို့ကျောင်းများအတွက် ထရန်စဖာကြေး သိန်း(၂၀)အထိရှိသည်...... စာဖတ်သူများ ယုံကြည်နိုင်မည် မဟုတ်ပါ..... ဘာကြောင့်ဤမျှအထိ ပေးကြပါသနည်း..... လူမှု အသိုင်းအ၀ိုင်းမြင့်မားသူများကြားတွင်..... ကျူရှင်နှင့် ၀ိုင်း လခကောင်းပါသည်၊ ကျေးရွာများ၊ နယ်များတွင် ကျူရှင်လခ မကောင်းပါ....... ထို့ကြောင့် ဆရာ/ဆရာမများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လိုခြင်း မရှိပါ....။ တစ်လတွင် ကျူရှင်သင်သော အတန်းပိုင်မှ ကျောင်းအုပ်ကြီးသို့ ပူဇော်ငွေ..... ထိုသို့ ဆရာ/ဆရာမများမှ ကောက်ခံရရှိမှုအား..... ကျောင်းအုပ်ကြီးများမှ ပူဇော်ငွေ မည်၍ မည်မျှ ရှိကြောင်း..... ကျောင်းသားမိဘများ သိရှိကြပါသည်.... သို့သော်...သားသမီးရတနာလေးများ၏ အနာဂတ် ဘ၀ရှေ့ရေးအတွက်.... မြေဖြူခဲဖြင့် ကလေးများ၏ လည်မြိုအား ထောက်ကာ အနုကြမ်းစီး ဓါးပြတိုက်နေ သည့်တိုင်.... သားသမီးများ အပစားပေးခံရစေရန်နှင့် အဆင်ပြေစေရန်အတွက် တတ်နိုင်သမျှ ခြစ်ကုပ်၍ သီတင်းကျွတ်၊ ၀ါဆိုစသော.... နေ့ထူးနေ့မြတ်များတွင်လည်း..... သွားရောက်ပူဇော်နေရပါသေးသည် ကိုကို ဆိတ်ဖွားခင်ဗျား....... မြင်အောင်ကြည့်ပြီး ကြားအောင်နားထောင်ပေးပါ....... အပေါ်သို့ချည်း မော့မကြည့်ပဲ...... အောက်သို့လဲ ငုံ့ကြည့်စေချင်ပါသည်။ တစ်ခုပြောပါဦးမည်..... ကျောင်းသူ/သားလေးများသည် အနာဂတ်၏ ကြယ်ပွင့်လေးများ ဖြစ်ပါသည်.... အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်လေးများ ဖြစ်ပါသည်..... ကျူရှင်တွင် ရိုးရိုး၊ ၀ိုင်းနှင့် ရှယ်ဝိုင်းများ ခွဲခြားထားခြင်းကြောင့် စိတ်ပျက်အားငယ်မှုများ မဖြစ်စေချင်ပါ.. သူက ၀ိုင်း၊ ဟိုလူက ရှယ်ဝိုင်း၊ ငါက ရိုးရိုးသာ တက်ရသည်...ဟု အချင်းချင်း သမဂ္ဂစိတ်ပျက်၍ အနာဂတ်နိုင်ငံတော် အား အဆိပိအတောက် မဖြစ်အောင် ဆောင်ရွက်စေချင်ပါသည်.......။ ထို့ထက်ပိုသော်.... ဆင်းရဲသော မိဘအား မကျေနပ်စိတ်နှင့် အယုံအကြည်မဲ့သော စိတ်များ ၀င်ရောက်မိပါက ကလေးငယ်များ အနန္တဂိုဏ်းသင့်ခံရပါမည်..... ထို့ကြောင့် ဆရာ/ဆရာမများ အနေဖြင့် လစာမလောက်သည်ကို အကြောင်းပြ အသုံးချ၍အာစရိယဂုဏ်ကို ရောင်းမစားပါနှင့်၊ မိမိဘ လောဘကြောင့် အနာဂတ်နိုင်ငံတော်ကို အဆိပ်မသင့်ပါစေနှင့်..... အပြစ်မဲ့သော ရင်သွေးငယ်များအား အနန္တဂိုဏ်းမသင့်ပါစေနှင့်ဟု မှာကြားလိုပါသည်။ နောက်တစ်ခု ထပ်ပြောပါဦးမည်....... ကျောင်းတွင် သင်ခန်းစာ ပြတ်အောင်၊ ကလေးများ တတ်အောင် သင်ပါ.. ထို့နောက် အပြင်တွင် ပိုမိုကျွမ်းကျင်စေရန်နှင့် စာဖတ်ဝိုင်းကဲ့သို့ ကျူရှင်တွင် တစ်ခါတည်း စာရအောင် သင်ပေးပါ...... ထိုက်သင့်သောကျူရှင်လခကို ညှာညှာတာတာ ကောက်ခံပါ.. ကျွန်တော်တို့ ကလေးများကို ခင်ဗျား စာနာနားလည်သော ဆရာ/ဆရာမများထံတွင်ကျူရှင်ထားပါမည်...... သီတင်းကျွတ်လျှင်လဲ ကန်တော့ပါမည်......ဟု။ ထပ်မံ၍ ခင်ဗျားအတွက် သီးသန့်မှာကြားပါဦးမည်....... မယောင်ရာ ဆီမလူးပါနှင့် လူမိုက်အားပေး မလုပ်ပါနှင့်ကျောင်းသင်ခန်းစာမှ အစ၊ သင်ကြားမှု ပရိုဂရမ်များအား ပညာရှင်များမှ သေချာစွာ တွက်ချက်၍ သုတေသနပြုထားပါသည်။ ကလေးငယ်များ၏ ဦးနှောက်သည် (၅)နှစ်မှ စာကိုလက်ခံနိုင်သည်..... တစ်နေ့တွင် သင်ခန်းစာ(၈)ချိန်ရှိရမည်.... ဆရာတစ်ဦးလျှင် ကျောင်းသား ဘယ်လောက်ရှိရမည်.... တဆက်တည်း အချိန်မည်မျှ သင်ရမည်၊ မည်သည့်ရာသီတွင် ကျောင်းနားရမည် အားကစားကို ဘယ်နေ့ ဘယ်အချိန်တွင် ပြုလုပ်ရမည်.... စသဖြင့် စနစ်တကျ တွက်ချက် သတ်မှတ်ထားပါသည်...... ဆရာသည် ဆရာဟူသော ဂုဏ်ကို ပိုက်၍ ဆရာပီသစွာ အနာဂတ်၏ ပန်းလေးများအား ကောင်းမွန်စွာ စိုက်ပျိုးနိုင် စေရန်...... ဆန္ဒပြုလျှက်........ အမှန်တကယ် ဆရာပီသစွာသင်ကြား၍ ဆင်းရဲဒုက္ခဖြစ်နေသော ဆရာ/ဆရာမများအား တောင်းပန်အပ်ပါသည်။

 အခြေခံ လူတန်းစား ကျောင်းသားမိဘတစ်ဦး --

 Posted By Blogger လူဗိုလ် ...

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)