ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 13, 2012

> ----မေတ္တာအိမ်ကလေးကို အတူတကွ တည်ဆောက်ကြရာဝယ် ...

 " အမှတ်တမဲ့တိုင်းဟာ ... အမှတ်တရ မဟုတ်သလို အမှတ်တရ ဆိုတာလည်း ... အမှတ်တမဲ့နေရင် အမှတ်တမဲ့ပါပဲ။ ။" ချန်ထားခဲ့သူအတွက် အမှတ်တမဲ့ဖြစ်ပေမဲ့ ကျန်ရစ်ခဲ့သူအတွက် အဖော်ပြုစရာဟာ အမှတ်တရတွေပါ။ နှစ်ယောက်အတူ ပိုင်ဆိုင် ဖူးတဲ့အချိန်တွေမှာ တန်ဖိုးမထားခဲ့မိတဲ့ အပြုအမူ၊ အပြောအဆိုလေးတွေဟာ တစ်ယောက်တစ်နေရာစီ ရောက်နေတဲ့ အခိုက်မှာတော့ တမ်းတလွမ်းဆွတ်စရာ အမှတ်တရလေးတွေပါပဲ။ ဒီအမှတ်တရတွေထဲမှာ ပျော်ရွှင်ကြည်နူးခြင်းတွေရှိသလို ၀မ်းနည်းနာကျင်ခြင်းတွေလည်း ပါဝင်နိုင် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရဆိုတာ ပြန်တွေးလိုက်တိုင်း ကြည်နူး ပျော်ရွှင်ဖွယ် ပုံရိပ်လေးတွေနဲ့ ပြည့်နှက်နေတဲ့ အလှပဆုံး ဘ၀စာမျက်နှာ လေးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နာလို ခံခက် ဖြစ်စေမယ့် စကားတွေ၊ စိတ်ထိခိုက်စေမယ့် အပြုအမူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မထားရှိသင့်တဲ့ ဆူးညှောင့် ခလုတ်ကန်သင်းတွေပါ။ ဒီဆူးညှောင့်တွေက နှစ်ဦးသားရဲ့ဘ၀ကို မုန်တိုင်း ထန်အောင် ဖန်တီးပစ်နိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါ့အပြင် ကာယကံရှင်နှစ်ဦးနဲ့ မသက်ဆိုင်တဲ့၊ ပြင်ပက မဖိတ်ခေါ်ဘဲ ၀င်ရောက်လာတတ်တဲ့ ပယောဂ တွေကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အမြင်မကြည်လင်မှုတွေ၊ အတိုက်အခံ လုပ်လိုမှုတွေ၊ သဘောထား ကွဲလွဲလာမှုတွေက နှစ်ဦးသားရဲ့ ရင်ထဲက ဖြူစင်သန့်ရှင်းတဲ့ မေတ္တာတွေကို အနည်ထ ညစ်နွမ်း စေပါတယ်။ ဘ၀ဆိုတာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိစမြဲပါ။ ဘ၀ရဲ့လမ်းတွေ ကြမ်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြေပြစ်ချောမွေ့တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်ဟာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ထပ်တူ အမြဲတမ်း မျှဝေခံစား ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။ ကိုယ့်အတွက် သူဖြစ်ရမယ်ဆိုတဲ့ အတ္တဆန်တဲ့စိတ်မျိုးထက် သူ့ကို ဦးစားပေးမယ်ဆိုတဲ့ ပရဟိတစိတ်မျိုးထားတာက ကိုယ့်အတွက် ပိုပြီး စိတ်အေးချမ်းမှု ရှိစေပါတယ်။ တစ်ယောက်အတွက် တစ်ယောက်က အစစအရာရာ ဖြည့်ဆည်းပေးနေရမှာမျိုး မဟုတ်ပေမယ့် သူလိုအပ် တဲ့ အချိန်တိုင်း သူ့အနားမှာ အတူရှိနေပေးလိုက်ပါ။ သူစိတ်ဓာတ်ကျတဲ့အခါ အားပေးဖော်၊ ၀မ်းနည်းတဲ့အခါ နှစ်သိမ့်ဖော်၊ ဒေါသ ဖြစ်တဲ့အခါ သူနဲ့ထပ်တူ ခံစား နားလည်ပေးဖော်အဖြစ်နဲ့ သူ့ကို နွေးနွေးထွေးထွေး စာနာ နားလည် နှစ်သိမ့်ပေးပါ။ လူဆိုတာ အမှားနဲ့မကင်းနိုင်တဲ့အတွက် ကိုယ်မကြိုက်တဲ့ အမူအကျင့်တွေ သူ့မှာ ရှိခဲ့ရင်လည်း နားဝင်အောင် ကြည်ကြည်သာသာ ဖျောင်းဖျ ပြောဆိုပါ။ ဒါဟာ သူ့အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မေတ္တာကို ဖော်ပြခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် ကိုယ့်ဆီမှာလည်း သူ သဘောမကျစရာ အမူအကျင့် တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုလည်း ဂရုတစိုက် ပြုပြင်ခြင်းဖြင့် သူ့ကို အလေး အနက် ထားကြောင်း သိသာပါစေ။ အကောင်းဆုံးကတော့ နှစ်ဦးနှစ်ဖက် နားလည်သည်းခံ ခွင့်လွှတ်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ယုံကြည်မှု ရှိနေဖို့ပါပဲ။ ရည်မှန်းချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဘ၀တစ်ခုကို အတူတကွ တည်ဆောက်တဲ့ နေရာမှာ အဓိကကျတာက ကာယကံ ရှင်တွေရဲ့ ခိုင်မာတဲ့ ခံယူဆုံးဖြတ်ချက်ပါ။ ဘယ်လို အခက်အခဲ၊ အတိုက်အခိုက်၊ အနှောင့်အယှက်တွေနဲ့ ကြုံရပေမဲ့ မယိုင်လဲတဲ့ ဇွဲ၊ မဆုတ်မနစ်တဲ့ လုံ့လ ၀ီရိယတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်တိုင်ပဲ ဖန်တီး တည်ဆောက်ယူကြရမှာပါ။ ဒီလို နှစ်ယောက်တစ်ဘ၀ တည် ဆောက်ကြတဲ့အခါမှာ သူ့တာဝန် ကိုယ့်တာဝန် မခွဲခြားဘဲ တက်ညီလက်ညီ၊ စည်းစည်းလုံးလုံး၊ တိုင်တိုင် ပင်ပင် ရှိသင့်ပါတယ်။ တစ်ယောက်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို တစ်ယောက်က အရှိအတိုင်း နားလည် လက်ခံပေးပြီး အပြုသဘောဆောင်တဲ့ အပြောအဆိုတွေနဲ့ ကြင်ကြင်နာနာ ဖေးမ ကူညီသင့် ပါတယ်။ နှစ်ယောက်အတူ ဘ၀ကိုရင်ဆိုင်ဖို့ လက်တွဲခဲ့ကြပြီဆိုမှ မာနဆိုတာလည်း နှစ်ဦးသားကြားမှာ မစိုက်ပျိုးအပ်တဲ့ အဆိပ်ပင်ပါပဲ။ မလိုလားအပ်တဲ့ မာနတွေကြောင့် မပြိုလဲသင့်ဘဲ ပြိုလဲပျက်စီးသွားခဲ့ရတဲ့ မေတ္တာအိမ်လေးတွေ အများအပြားရှိနေတာကို သတိပြုမိစေချင်ပါတယ်။ အဆင်မပြေမှုတွေ ရှိလာတဲ့အခါမှာလည်း အကျိုးမရှိတဲ့ စကားတွေပြောပြီး တစ်ယောက်ကိုတစ်ယောက် ငြူစူ အပြစ်တင်နေမယ့် အစား ကြုံလာတဲ့ အခက်အခဲကို ဘယ်လိုအောင်မြင်အောင် ဖြေရှင်းနိုင်မလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ပိုပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းရှိဖို့ ကြိုးစားပါ။ တကယ်တော့ ဘ၀ လက်တွဲဖော်ဆိုတာ ရဲဘော်ရဲဘက်စိတ်ထားနဲ့ ဆိုးအတူကောင်းအတူ ခံစား၊ စံစားကြရမယ့် တစ်မိုးတည်း အောက်က အရင်းနှီးဆုံး သူစိမ်းတွေပါ။ ဒါ့အပြင် ကိုယ့်စိတ်ထဲက မပါတဲ့ စကားလုံးတွေသုံးပြီး တစ်ဖက်သား စိတ်ထိခိုက် နာကျင်ဝမ်းနည်းအောင် မပြောသင့်ပါဘူး။ ဒီလိုနည်းလမ်းသုံးပြီး လူတစ်ယောက်ကို ကိုယ် လိုချင်တဲ့ ပုံစံမျိုး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အခြားသူတစ်ယောက် အတွက် ဒီနည်းလမ်းဟာ အောင်မြင်မှု ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် နောက်ထပ်တစ်ယောက်အတွက်တော့ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် ပထမအချက်က လူတစ်ဦးနဲ့တစ်ဦး အခြေခံ စိတ်အနေ ကွဲပြားခြားနားလို့ပါပဲ။ ဒုတိယအချက်ကတော့ ဒီလိုစကားမျိုးတွေ ပြောခဲ့ပြီးတဲ့နောက် ပြောသူ ကိုယ်တိုင် စိတ်မကောင်း ဖြစ်ရသလို အပြောခံရသူအတွက်လည်း စိတ်မချမ်းမသာ ဖြစ်ရတာမို့ အကျိုးမရှိတဲ့ စကားတွေကို မဆင်မခြင် လွှတ်ခနဲ မပြောမိဖို့ သတိထားသင့်ပါတယ်။ တကယ်တော့ ဒီလိုစကားမျိုးတွေ ပြောလိုက်ခြင်းဟာ နှစ်ဦးသားကြား မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာတွေ ၀င်လာဖို့ လမ်းစပါပဲ။ ဆိုရိုးစကားတစ်ခုရှိတာ ကြားဖူးပါတယ်။ အဲဒါကတော့ "လက်မထပ်ခင်မှာ ကိုယ်ရွေးချယ်မယ့် ဘ၀ လက်တွဲဖော်ကို မျက်လုံးနှစ်လုံး ဖွင့်ပြီး ကြည့်ပါ။ လက်ထပ်ပြီးသွားရင်တော့ ကိုယ့်ဘ၀လက်တွဲဖော်ကို မျက်လုံးတစ်လုံး ပိတ်ပြီး ကြည့်ပါ" ဆိုတာပါပဲ။ ဆိုလိုတာကတော့ လက်ထပ်ဖို့ရည်ရွယ်သူ ရှိပြီဆိုရင် သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ (သူ့အရည်အချင်း၊ သူ့အမူအကျင့်၊ သူ့မိဘ အသိုင်း အ၀ိုင်း စသည်တို့) ဟာ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သဟဇာတ ဖြစ်၊ မဖြစ် စဉ်းစား ချင့်ချိန်ပြီး ရွေးချယ်ပါ။ တကယ်လို့ လက်ထပ်ပြီးသွားပြီဆိုရင်တော့ အဲဒီလို စံနှုန်းသတ်မှတ်ချက် ပေတံတွေ နဲ့ တိုင်းတာနေမယ့်အစား သူ့အားနည်းချက်၊ အားသာချက်တွေကို အရှိအတိုင်း ခွင့်လွှတ်နားလည် လက်ခံ ပေးပြီး နှစ်ဦးနှစ်ဖက် လိုက်လျောညီထွေ နေထိုင်ဖို့ပါပဲ။ ဒီလို တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးကြင်နာမှုတွေ၊ စာနာနားလည်မှုတွေ၊ ညှာတာ ယုယမှုတွေနဲ့ အထပ်ထပ် ရစ်ပတ် ဖွဲ့နှောင်ထားတဲ့ မေတ္တာရိပ်မြုံကလေးကို ဘယ်လို အနှောင့်အယှက်၊ အတားအဆီး မျိုးကမှ မဖျက်ဆီးပစ်နိုင်ပါဘူး။ ဒါကြောင့် အတူရှိနေတဲ့အချိန်တွေမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် တစ်ယောက် တစ်နေရာစီ ဝေးကွာနေတဲ့ အချိန်တွေမှာလည်း ကိုယ်စီ နှလုံးသားလေးတွေ အေးစက်မနေဘဲ အမြဲ နီးကပ်နွေးထွေးနေမှာပါ ဆိုတာ ....။ (တူနှစ်ကိုယ် ဖန်တီးတည်ဆောက်ထားတဲ့ မေတ္တာအိမ်ကလေးမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေ ထုံမွှမ်းလို့ အပြန်အလှန် နားလည်စာနာ ကြင်နာမှုတွေနဲ့ အေးအတူ ပူအမျှ သက်ဆုံးတိုင် နေထိုင်သွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။) 

** မြ၀တီဇော်**

----မေတ္တာအိမ်ကလေးကို အတူတကွ တည်ဆောက်ကြရာဝယ် ...

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)