-၁၂၂ ကြိမ်မြောက် မေဒေးနေ့ မဲဆောက်မှာကျင်းပ-
(မဲဆောက်မြို့ရဲ့ အကြီးဆုံး ထိုင်းအထကကျောင်းကြီးအတွင်းက မေဒေးနေ့အခမ်းအနား) (လမ်းလျှောက်ချီတက်လာကြတဲ့ အလုပ်သမားအလွှာပေါင်းစုံက စစ်ကြောင်းအသီးသီးကို တွေမြင်ရစဉ်)
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်၊ မဲဆောက်မြို့မှာ လည်းထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) နဲ့ တာ့(ခ်) ခရိုင် စက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးအများအသင်း (FTI) တို့က ဦးစီးကျင်းပတာ ဖြစ်ပြီးတော့ ဒေသတွင်းက NGOs တွေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင် CBOs တွေက ကုမ္ပဏီအသီးသီးက ရွှေ့ပြောင်းအလုပ်သမားနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒီလိုအခမ်းအနားကြီးကို မဲဆောက်မြို့ ကအကြီးဆုံးအထကကျောင်းကြီးဖြစ်တဲ့ လုံးလီးယန်းဆတ်ဝိထိရကျောင်းမှာ ၃ နှစ်ဆက်တိုက် ကျင်းပခဲ့တာဖြစ် ပြီး တာ့(ခ်) ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် မင်္ဂလာနုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ပါတယ်။ (တာ့ခ် ခရိုင်ဝန်ကိုယ်တိုင် မင်္ဂလာနုတ်ခွန်းဆက်စကားနဲ့ အခမ်းအနားဖွင့်လှစ်)
သတင်း--သောင်ရင်းနဂါး(JACBA)

No comments:
Post a Comment