ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 11, 2012

> -မဲဆောက်မြို့က နေ့သစ်အလကကျောင်း ဆရာများ အခြေခံလူတန်းစားအလုပ်သမားများ ရှိရာ ကွင်းဆင်း၊ ကျောင်းအပ်ရန် လှုံ့ဆော်၊ အလုပ်သမားပြဿနာမေးမြန်း- 

(မြ၀တီဘက်ကမ်း မဲထော်သလေးရွာဆီကမြင်ကွင်း)
ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်မဲဆောက်မြို့ရွှေ့ပြောင်းအလုပ်သမားကျောင်းစင်စစ်ဧကန် ဖြစ်တဲ့ “နေ့သစ်အလက” ကျောင်းကကျောင်းဆရာတွေ (တစ်နည်းအားဖြင့် မြန်မာပြည်သား များအရေးပူးတွဲလှုပ်ရှားမှုကော်မတီ - JACBA ရဲ့ စည်းရုံးရေးမှူးတွေ) ဟာ ထိုင်း-မြန်မာချစ် ကြည်ရေး တံတားကြီးရဲ့ ဘေးဘီဝဲယာမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အကူး အသန်း အများဆုံးကုတို့ဆိပ်တွေကို ဒီနေ့ကွင်းဆင်းခဲ့ကြပါတယ်။ အမှန်တော့ အထူးတလည် ကွင်းဆင်းကြတဲ့အလုပ်ပါ။ နေ့စဉ်နေ့တိုင်းတော့ အနည်းဆုံးဖြတ်သွားဖြတ်လာလောက်ဖြစ်ဖြစ် ရောက်နေကြလူတွေပါပဲ။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက တရားဝင်ပတ်စ်ပို့ ဗီဇာရှိ သူတွေရော၊ တရားမ၀င် ဆက်လက်နေထိုင် လုပ်ကိုင် ကြသူတွေရောဟာ သိကြတဲ့အတိုင်း အပေါ် (ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး)ပေါ်က ၁ယောက်ကူးရင် အောက်ကုတို့ဆိပ်တွေ ကနေ ၂၀ ယောက်နှုန်းလောက် မဲဆောက်-မြ၀တီမြို့နှစ်မြို့ကြားမှာ စီးဆင်းနေတဲ့ သောင်ရင်း မြစ်ကို ဖြတ်ပြီး ကူးသန်းနေကြစမြဲပါ။ ဒီလိုမြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့ကို မဲဆောက်မှာသာမက မဲဆောက်ပတ်ဝန်းကျင်က မြို့နယ်တွေဖြစ်ကြတဲ့ (တာခ်၊ အုန်းဖန်၊ ဖုတ် ဖရ၊ မယ်ရမတ်၊ ထဆောင်ယန်း) စတဲ့ နယ်မြေတွေထဲက ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ထိထိရောက်ရောက်အကျိုးဆောင်ပေးနေတာက မိမိတို့ဂျက်ဘာအဖွဲ့ပဲဖြစ်ပါတယ်။ ဟော… အခုလည်းကြည့်၊ အမှတ် ၁ ကုတို့ဆိပ်ကနေ အမှတ် ၁၉ ကုတို့ဆိပ်အထိအကြားအလပ်မရှိတဲ့ သောင်ရင်းမြစ်ကမ်းနဖူး ဒေသတစ်ကြောလုံးကို အမှန်အကန်ဦးဆောင်မှုပေးနေတဲ့ ဂျက်ဘာ အဖွဲ့ကကွင်းဆင်းလိုက်တာပါပဲ။

*(အမှတ် ၆ ကုတို့ဆိပ်၊ ဂိတ်ကြီးထဲမှ အလုပ်သမားမိသားစုတွေနဲ့ တိုင်တိုင်ပင်ပင်)*
ကိုင်း…ဂျက်ဘာအဖွဲ့ရဲ့ နေ့သစ်အလကကျောင်း၊ကျောင်းသား တွေရယ်၊ ကျောင်းသားမိဘတွေဖြစ်ကြတဲ့
 မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့ ရယ်ဟာ ဟောဒီလိုချစ်ကြည်ရင်းနှီးမှုအပြည့်နဲ့ ဆက်စပ်ပတ်သက်နေကြတယ်ဆိုတာမိတ်ဆွေ ယုံလိုက်ပါဗျာ။

*မြ၀တီဘက်ကမ်းဆီက ညိုမိုင်းနေတဲ့တောင်တန်းကြီးရယ်ပါ*

*(ကြံခင်းများအစပ်က မြန်မာအလုပ်သမားတဲအိမ်တွေရှိရာဆီ)*
*တဲအိမ်ဖြစ်လည်းသွားမှာပဲ၊ ရင်းနှီးမှုကရှိစမြဲ*

*နေ့သစ်အလကကျောင်း၊ ကျောင်းအပ်လက်ခံမှု ကြော်ငြာကိုကပ်ကြလို့*

*နေ့သစ်အလကကျာင်း၊ ကျောင်းအပ်လက်ခံမှု ကြော်ငြာကိုကပ်ကြလို့*
*အမှတ် ၁ ကုတို့ဆိပ်၊ ကျပန်းလုပ်သားတန်းလျားတွေဆီက*
*တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာဆိုသလို အချိုရည်ကိုမျှဝေသောက်ကြရင်း**

*မြ၀တီဘက်ကမ်း မဲထော်သလေးရွာဆီကမြင်ကွင်း*

သတင်းနှင့်ဓာတ်ပုံ-သောင်ရင်းနဂါး 

-မဲဆောက်မြို့က နေ့သစ်အလကကျောင်း ဆရာများ အခြေခံလူတန်းစားအလုပ်သမားများ ရှိရာ ကွင်းဆင်း၊ ကျောင်းအပ်ရန် လှုံ့ဆော်၊ အလုပ်သမားပြဿနာမေးမြန်း- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)