ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 15, 2012

> -ယခုလအတွင်းထိုင်းနှင့်မလေးရှား နိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-
(မေလ ၁၅ရက်၊ ၂၀၁၂)
ဖြစ်ရပ် ၁။ ။ ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မဲဆောက်မြို့အနောက်မြောက်ပိုင်း မယ်ပ ၁၀ ရပ်ကွက် (မြန်မာတို့အခေါ်-ဆောင်ခွဲနိမ်) အရပ်မှာရှိတဲ့ M-Apparel Garment Co,ltd စက်ရုံက မြန်မာ အလုပ်သမား ၆၀၀ လောက်ဟာ မနေ့ကနဲ့ဒီနေ့မှာပဲ ပြီးခဲ့တဲ့ ဧပြီလ လစာမရကြတာမို့အလုပ် မဆင်းပဲဆန္ဒပြကြပါတယ်။ မန်နေဂျာကလည်းခါတိုင်း လစာထုတ်နေကြ လဆန်း ၁၀ ရက်နေ့ မှာ ထုတ်မပေးပဲ ၁၄ ရက်နေ့ကျမှထုတ်ပေးမယ်ပြောပြီး ၁၄ ရက်နေ့မှာ တကယ်တမ်းထုတ်မ ပေးကြတာမို့ အခုလိုဆန္ဒပြတာဖြစ်ပါတယ်။(မြန်မာပြည်သားသတင်းစဉ်) ဖြစ်ရပ် ၂။ ။ ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင် ဥပဒေအထောက်အကူပြု အဖွဲ့အစည်းများအတွင်း ထိုင်းနိုင်ငံ အလုပ် သမားဥပဒေနှင့် ဆက်စပ်ဥပဒေများအားနားလည်စေရန်ရည်ရွယ်လျက် ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် ထိုင်းနိုင်ငံလူ့ အခွင့်အရေးဖွဲ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(HRDF) တို့မှ ထိုင်းရှေ့နေများအတွက် ဥပဒေ အထောက်အကူပြုသင်တန်း (Paralegal) အမှတ်စဉ် - ၄ ကို ယနေ့မှစတင်ပြီး ၃ ရက်သင် တန်းပေးမည်ဖြစ်သည်။ အမှတ်စဉ်၎သင်တန်းသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်ကဖွင့် လှစ်ခဲ့ သော အမှတ်စဉ် ၃ သန်တန်းပြီးသည့်နောက်တွင်၎ နှစ်ခန့်ကြာပြီးမှဖွင့်လှစ်နိုင်ခဲ့သော သင် တန်းတစ်ခုဖြစ်သည်။ သင်တန်းကိုမဲဆောက်နှင့် ဖုတ်ဖရဒေသ အခြေစိုက်လူထု အခြေပြု အဖွဲ့အစည်း(၉)ဖွဲ့မှ သင်တန်းသား (၁၁) ဦးတက်ရောက်ခဲ့သည်။ (မြန်မာပြည်သားသတင်းစဉ်) (မေလ ၁၃ရက်၊ ၂၀၁၂) လုပ်အားခတိုးမြင့်ပေးရေး၊ အချိန်ပိုလုပ်အားခတိုးမြင့်ပေးရေး နှင့် မိလ္လာလုံလောက်မှုနှင့်သန့် ရှင်းမှုရှိရေး အပါအ၀င် အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ၂ ရက်ကြာဆန္ဒပြတောင်း ဆိုခဲ့ကြ သော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ S D Fashion, ltd (မြန်မာတို့အခေါ် - ချန်ပီယံသိုး မွှေးစက်ရုံ) မှ အလုပ်သမားကိုယ်စားလှယ်များအား မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မ တီ (JACBA) မှ အလုပ်ရှင် နှင့်အလုပ်သမား ဆက်ဆံရေးအက်ဥပဒေ (BE 2518/1975)အပါအ၀င်အလုပ်သမား ကာကွယ်ရေးရုံး၌အလုပ်ရှင်နှင့်သဘောတူစာချုပ် ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် ရပိုင်ခွင့်များကို ပညာပေးဆွေးနွေးခဲ့သည်။ (မြန်မာပြည်သားသတင်းစဉ်) (မေလ ၁၁ရက်၊ ၂၀၁၂) အမှတ် ၁ ကုတို့ဆိပ်မှ အမှတ် ၁၉ ကုတို့ဆိပ်အထိတိုင်အောင်စည်းရုံးရေးအင်အားရှိသော မိမိ တို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မ တီ (JACBA)မှ ကြီးမှူးတည်ထောင်ထား သည့် နေ့သစ်အလကကျောင်း ကျောင်းဆရာများသည် ယနေ့တွင် စက်ရုံအလုပ်ရုံအလုပ်သမားတန်းလျားများ၊ စိုက်ခင်းပျိုးခင်းများအပါအ၀င် ယခုနှစ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် ကလေးများကျောင်းအပ်နှံရေး ကွင်းဆင်းဆွေးနွေးခဲ့ကြကြောင်း၊ တဆက်တည်းမှာပင်အလုပ်သမားပြဿနာအချို့ကို ကြားနာခဲ့ကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်) (မေ ၄ ရက်၊ ၂၀၁၂) လုပ်အားခတိုးမြင့်ပေးရေး၊ အချိန်ပိုလုပ်အားခတိုးမြင့်ပေးရေး နှင့် မိလ္လာလုံလောက်မှုနှင့်သန့် ရှင်းမှုရှိရေး အပါအ၀င် အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ၂ ရက်ကြာဆန္ဒပြတောင်း ဆိုခဲ့ကြ သော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ S D Fashion, ltd (မြန်မာတို့အခေါ် - ချန်ပီယံသိုး မွှေးစက်ရုံ) မြန်မာအလုပ်သမား ၅၀၀ ကျော်တို့၏ ကိုယ်စားလှယ် (၇) ဦးသည် ယနေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင်အလုပ်သမား ကာကွယ်ရေးရုံး၌ အလုပ်ရှင်နှင့် စေ့စပ်ညှိုနှိုင်းအောင်မြင်ခဲ့သည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်) (မေ ၅ရက်၊ ၂၀၁၂) ယမန်နေ့က S D Fashion, ltd ၏ အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်သမားဌာနသုံးပွင့်ဆိုင် ညှိုနှိုင်းဆွေးနွေးပွဲ၏အောင်မြင်မှုအတွေ့အကြုံနှင့် လေ့လာဆန်းစစ်ချက်များကို ကနေဒါနိုင်ငံ၊ တိုရွှန်တိုတက္ကသိုလ်၊ မနုဿဗေဒဌာနမှ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စာတမ်းဖြင့် ပါရဂူဘွဲ့ ရယူရန် သုတေသနပြုနေသူ - စတီဗင် (ခေါ်) မြန်မာအမည် စိုးစံသည် မြန်မာပြည်သားများ သည် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဦးမိုးကြိုး၊ မက်ပ်ရေဒီ ယိုမှ ကိုစိုင်းနောင် S D Fashion Co, ltd မှ အလုပ်သမားကိုယ်စားလှယ်ကိုဇော်တို့နှင့် အတူ မက်ပ်ရေဒီယိုမှတိုက်ရိုက်ဆွေးနွေးသုံးသပ်ပြောဆိုခဲ့သည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်) (မေ ၁ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ ယနေ့ကျရောက်သော (၁၂၂) ကြိမ်မြောက် မေဒေးနေ့အခမ်းအနားမျာကို ထိုင်း - မြန်မာနယ်စပ်တာ့(ခ်)ခရိုင်တွင် (၄) နေရာခွဲ၍ ကျင်းပကြသည်ကို တွေ့ရသည်။ တာ့(ခ်) ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တက်ရောက်သော မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) နှင့် တာ(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများအသင်း (FTI)တို့က ကြီးမှူးလျက် မဲဆောက်ဒေသတွင်ရှိ အဲန်ဂျီအိုများ၊ စီဘီအိုများဖြင့် ဖွဲ့စည်းထားသည်။ (MAP WG) ပေါင်းစပ်ပါဝင်ပြီး ပူးပေါင်းကျင်ပသည့် လူ ၁၀၀၀ ကျော်ခန့်အခမ်းအနားကြီးတစ်ခု၊ တာ့ (ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးရုံး ဦးစီးအရာရှိ ကိုယ်တိုင်တက်ရောက်သည့် JACBA နှင့် မက်ပ်ရေဒီယိုတို့ပူးပေါင်းကျင်းပသည့် လူ ၂၀၀ ကျော်တက်ရောက်သည့် အခမ်းအနားကြီတစ် ခု၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မက်ပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် အခမ်း အနားတစ်ခုနှင့် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွှန်ရေးအဖွဲ့ (BLSO) မှ ကျင်းပသော အခမ်းအနားတစ်ခုစသည်တို့ဖြစ်သည်။ (မြန်မာပြည်သား) ဖြစ်ရပ် ၂။ ။ မလေးရှားလူကုန်လူးမှုတိုက်ဖျက်ရေးအဖွဲ့သည် ကြံခင်းများထဲမှတရားမ၀င် မြန် မာအလုပ်သမား(၂၆၄)ဦးကို ဖမ်းဆီးထိန်းသိမ်းမိခဲ့ကြောင်း ဘဟားမားသတင်းဌာနက ဖော်ပြ သည်။ (DVB) ဖြစ်ရပ် ၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ထိုင်းစစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။ (VOA)

-ယခုလအတွင်းထိုင်းနှင့်မလေးရှား နိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)