**တရုတ်နိုင်ငံသား ကြီးကြပ်ရေးမှူး ၁ ဦးကို အလုပ်ထုတ်ပစ်၊ ၄င်းယနေ့နစ်နာကြေးရရှိ၊ မဲဆောက်အက်စ်ဒီဖက်ရှင်မှာ ဆန္ဒပြနေကြပြီ**
တရုတ်နိုင်ငံသားပတ်စ်ပို့ ကိုင်ဆောင်ထားသူ Mr Yan Chang Wai အား မနေ့က အလုပ်မှ ထုတ်ပစ်ခြင်းနှင့် စပ်လျဉ်း၍ လတ်တလော အလုပ်ရှင် အလုပ်သမားပြဿနာ ဖြစ်နေဆဲ ရှိ သော ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်၊ မဲဆောက်မြို့ရှိ အက်စ်ဒီဖက်ရှင် သိုးမွှေးစက်ရုံ (မြန်မာတို့အခေါ်- ချန်ပီယံစက်ရုံဟောင်း) ၌ ယနေ့မွန်းလွဲပိုင်းမှာလည်း သိုးမွှေးထည်ဒါဇင် ဈေးနှင့် ပတ်သက်၍ ဆန္ဒပြနေကြကြောင်း သိရသည်။ တရုတ်နိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသော အက်စ်ဒီဖက်ရှင် ကုမ္ပဏီစက်ဆွဲဌာန ကြီး ကြပ်ရေးမှူး ဖြစ်သူ Yan Chang Wai (37နှစ်)သည် ယမန်နေ့က အလုပ်ရှင်ဖြစ်သူက အ လုပ်ဖြတ်ပစ်ခြင်းကို ခံခဲ့ရသည်။ ယနေ့တွင်မှု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) မှ ဥက္ကဌ ဦးမိုးကြိုး (ခေါ်) ဆရာမိုးနှင့် ဆက်သွယ်ကာနစ်နာကြေးရရှိ ရန် တာ့(ခ်) ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) သို့ အရေးဆိုခဲ့ရာ တွင် (၃၃၁၆၇) ဘတ် ရရှိခဲ့သည်။
ဤသို့ လုပ်အားခနှင့် နစ်နာကြေးအပါအ၀င် (၃၃၁၆၇) ဘတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင် အလုပ်သမားကြီး ကြပ်ကာ ကွယ်ရေးရုံး (ဆ၀ါဒီကန်) မှ ဒုတိယဦးစီးအရာရှိ မဲ့တာမှ ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ “မစ္စတာယန်ချမ်းဝေ” သည် မဲဆောက်မြို့တွင် (၁၀) နှစ်ကျော်နေထိုင်ခဲသူဖြစ်ပြီး မြန်မာ စကားကိုကောင်းစွားနားလည်ပြီး မြန်မာအလုပ်သမားများနှင့် အလွန်ရင်းနှီးသော ဆက်ဆံ ရေးရှိသူဖြစ်သည်။ ယနေ့ မွန်းလွဲပိုင်းတွင် မေလ ၄ ရက်နေ့က တာ့(ခ်) ခရိုင် ဆ၀ါဒီကန်ရုံး၌ ဆုံးဖြတ်ခဲ့ကြ သော အလုပ်ရှင်နှင့် အလုပ်သမားသဘောတူစာချုပ်အရ “သိုးမွှေးထည်ဒါဇင်ဈေးကို ၂၀% တိုးပေးရန်” သဘောတူညီချက်ကို မလိုက်နာသဖြင့် မစ္စတာယန်အုပ်ချုပ်ခဲ့သော စက်ဆွဲ ဌာနမှ မြန်မာအလုပ်သမား (၁၄၀)ခန့်က ဆန္ဒပြခဲ့ကြသည်။

No comments:
Post a Comment