ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 8, 2012

> -NLDသို့ပေးစာ-
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမကရေစီအဖွဲ့ချုပ်ရဲ့ အောင်မှုမြင်မှုကို အထူးပဲဝမ်းသာ ကြိုဆိုပါတယ်။ အလွန်ပဲလှိုက်လှဲဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ "ပညာရှိသတိဖြစ်ခဲ" ဆိုသလို အမှား တွေ့တတ်လို့ သတိပေးပါရစေ။ ဒီလောက်အနှစ်၂၀ကျော် အခက်အခဲမျိုးစုံ ဒုက္ခဆင်းရဲမျိုးစုံကို ကျော်ဖြတ်လာခဲ့ကြပြီးမှ အသိဥာဏ်တွေလဲ ရင့်ကျက်နေလောက်ပါပြီ။ ဒါပေမဲ့ ပုထုဇဉ်လူသားများပီပီ ချီးမြှောက်မှုတွေ၊ လာဘ်လာဘတွေနဲ့ တွေလာရင် ခံနိုင်ရည်မရှိကြဘူးလေ။ ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောခဲ့ဘူးတဲ့ စကားတခွန်းရှိတယ်။ "ကျုပ်တို့မြန်မာလူမျိုးတွေဟာ ဆင်းရဲတဲ့ဒါဏ်ကိုခံနိုင်ရည်ရှိတယ်၊ ချမ်းသာတဲ့ဒါဏ်ကို ခံနိုင်ရည်မရှိကြဘူး"တဲ့။ ဒီစာကိုရေးဖြစ်တာကလဲမကြာသေးမီက ကြုံတွေခဲ့ရတဲ့ မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တစ်ဦးရဲ့ နာရေးကိစ္စကိုသွားရင်း တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတစ်ခုနဲ့ ဆက်စပ်လို့ပါ။ ဧပြီလ(၁)ရက်နေ့မတိုင်ခင်ကလေးက အဖြစ်အပျက်ကလေးပါ။ ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျွန်တော်က၀မ်းသာအားရ ဒုတိယအကြိမ်ရွေးကောက်ပွဲဝင်တော့မဲ့သူကို ၀မ်းသာအားရ နှုတ်ဆက်စကား သွားပြောမိတာပါ။ လေးလေးနက်နက်တုံ့ပြန်စကားပြောခြင်း မရှိခဲ့ဘူး။ စကားပြောမပြတ်ခင် တစ်ဖက်လှဲ့သွားတယ်။ ဒါတောင် ကိုယ်စားလှယ်လောင်းဘဲရှိသေးတယ်။ အခုတော့ရွေးကောက်ခံခဲ့ရပြီပေါ့။ သူကတော့သတိထားမိပုံမပေါ်ဘူး။ လူအချင်းချင်းဆက်ဆံစကားပြောတဲ့အခါမှာ လေးစားမှုရှိရမယ်။ သူလဲ ပညာတတ်တယောက်ဘဲ။ ပြည်သူ့လွှတ်တော်ကိုယ်စလှယ်တစ်ယောက်က ပိုပြီးအလေးထားသတိပြုသင့် တယ်။ ယခုကျွန်တော်အသက်(၆၀)ကျော်ပါပြီ။ သူ့အသက်ကလဲမတိမ်းမယိမ်းပါ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုံးက မရမ်းမြို့အဲဒီနယ်ရပ်ကွက်မှာ ကျွန်တော်က ရွေးကောက်ပွဲကော်မရှင်လူကြီး လုပ်ခဲ့ရတယ်။
အဲ့ဒီကထဲကကျွန်တော်တို့တစ်အိမ်သားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးခဲ့သလို အဲဒီကိုယ်စားလှယ်လောင်းကိုလဲ ကျွန်တော်တို့တစ်အိမ်သားလုံး မဲထည့်ခဲ့ကြတယ်။ အဲဒီအချိန်တုံးက သူကျွန်တော်နဲ့တွေ့စဉ်မှာ သူပြောခဲ့တဲ့စကားတစ်ခွန်း မှတ်မိပါသေးတယ်။ ကျွန်တော်ဝတ်ခဲ့တဲ့ အ၀တ်အစား အင်္ကျီလုံချည်တိုက်ပုံကိုကြည့်ပြီး၊ NLD၀တ်စုံနဲ့တူလို့ "အ၀တ်ကိုကြည့်ပြီးသဘောပေါက်ပါတယ်၊ ဘယ်သူ့ကို အားပေးမယ်ဆိုတာ"တဲ့။ အဲဒီတုန်းက ဟက်ဟက်ပက်ပက် စကားပြောတယ်ပေါ့။ အဲဒီအချိန်တုံးက ကျွန်တော်ဟာရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှာ ကထိကတာဝန် ထမ်းဆောင် နေဆဲပါ။ အာဏာရှင်အစိုးရက အဲဒီ ၁၉၉၀-ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ အာဏာလွှဲမပေးခဲ့ဘူး။ အဲဒီနောက်ပိုင်း ကျွန်တော်လဲကျောင်းကနေ ဘာအခွင့်အရေးမှမယူဘဲနှုတ်ထွက်ခဲ့တယ်။ ၁၉၉၀-ရွေးကောက်ပွဲတုန်းကလဲ ကိုယ်ကအားပေးခဲ့တဲ့ ကိုယ်စလှယ်လောင်း၊ အခုလဲအားပေးဆဲမို့ လှိုက်လှိုက်လှဲလှဲကို အားပေးဆဲမို့ ၀မ်းသာအားရနှုတ်ဆက်မိတာပါ။ ကျွန်တော်စိတ်ဆိုးလို့ပြောတာ မဟုတ်ပါဘူး။ လုံးဝစိတ်မဆိုးပါဘူး။ ဒါမျိုးအဖြစ်အပျက်တွေက ကျွန်တော်အတွက်ရိုးနေပါပြီ။ ၁၉၉၀ခုနှစ် ကျောင်းကနေနှုတ်ထွက်လာပြီးတဲ့နောက်ပိုင်းလဲ ပြင်ပကျောင်းဆရာတစ်ဦး အဖြစ်ရပ်တည်ခဲ့သူဖြစ်လို့ ဒီအဖြစ်မျိုးတွေကိုအများကြီးကြုံတွေ့ခဲ့ရဘူးပါတယ်။ ကျွန်တော်တစ်ခုတွေးမိတာက၊ လွှတ်တော်ထဲရောက်သွားကြရင်…..လက်ရှိစစ်အစိုးရတစ်ဖြစ်လဲလူ ယောင်ဆောင်အစိုးရဟာ လတ်ပေးလတ်ယူကိစ္စများကို အလွန်ဘဲကျွမ်းကျင်ကြတယ်။ Cherry Wagon တို့၊ တိုက်ခန်းတို့၊ တခြားအဆောင်အယောင်တို့ချီးမြှင့်မှု တွေရလာခဲ့ရင်၊ဘယ်လိုနေမလဲလို့တွေးကြည့်မိပါတယ်။ ကျွန်တော်လုပ်သက်တလျှောက် မဆလခေတ်ကနေစပြီး ယ္ခုအချိန်အထိလူကြီးဆိုသူ (ဗိုလ်ချုပ်ကြီးများ ရဲ့သားသ္မီးများကို စာသင်ပေးခဲ့ဘူးပါတယ်။ အမှတ်မထင်တွေ့ကြုံခဲ့ရတဲ့အတွ့အကြုံတွေအများကြီးရှိခဲ့ပါတယ်။ NLDအနေနဲ့ ဒီလောက်အနှစ်နှစ်ဆယ်ကျော် အခက်အခဲဒုက္ခမျိုးစုံနဲ့ ကြိုးပန်းလာခဲ့ရပြီးမှ ဘာမဟုတ်တဲ့ ဘ၀င်လေဟပ်တာလေးနဲ့ အဖြားရှူးမသွားစေချင်ပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထု အပေါ်အလေးထားရမယ်၊ ပြည်သူလူထုစကားကို အလေးထားနားထောင်ရမယ်ဆိုတာ သတိလက်လွတ် မဖြစ်စေလိုပါ။ ဒါ့ကြောင့် နောင်လွှတ်တော်ထဲရောက်သွားကြရင် ဘ၀မေ့သွားကြမှာစိုးရိမ်လို့ သတိပေးရခြင်း ဖြစ်ပါတယ်။ အမေစုအနေနဲ့ သူတို့စိတ်တွေပြောင်းမသွားကြစေဖို့ ထိန်းသိမ်းပေးစေလိုပါတယ်။ အခု အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အသက်အလွန်ငယ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေအများကြီးပါနေလို့ ပိုပြီးစိုးရိမ်ပါတယ်။ ဦးသိန်းစိန်၊ ဦးခင်အောင်မြင့်၊ ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးစတဲ့ အစိုးရအဖွဲ့ဝင်တွေကော၊ လွှတ်တော် တစ်ဖွဲ့လုံးရဲ့ ရာခိုင်နှုံးအများစုကော၊ စစ်အာဏာရှင်အရိပ်အငွေ့တွေကျန်နေသေးတော့ တိုင်းပြည်နဲ့လူမျိုးအပေါ် ရိုးသားစစ်မှန်တဲ့စေတနာ အပြည့်အ၀မပါသေးဘူးဆိုတာ ကြည့်တတ်တဲ့သူတိုင်း အလွန်ထင်ရှားစွာမြင်နိုင်ပါ တယ်။ သူတို့ရဲ့မိသားစုအရေး၊ တစ်ဆွေလုံးတစ်မျိုးလုံးအရေး အကျိုးစီပွားတွေက အထူးဦးစားပေးနေရပါသေး တယ်ဆိုတာ တင်ပြလိုက်ရပါတယ် …

 Myo PDAM ၏ ပို့စ်အား တဆင့်ဖော်ပြပေးပါသည် … 
 လေးစားစွာဖြင့် 

 ကုမ ၻဏ္နတ္ဘီလူး

-NLDသို့ပေးစာ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)