ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 3, 2012

>
-ဗမာ့အမျိုးသမီးအာဇာနည် အဒေါ် ကျောက်ဆည်ဒေါ်မြရီ -

လူတယောက်ကို တွေ့ကတည်းက ခင်သွားရတယ်ဆိုတဲ့ လူမျိုးတွေထဲမှာ အဒေါ်ဒေါ်မြရီဟာ ထိပ်ဆုံးက ပါပါတယ်။ ခင် ကြတာမှ သူ့ထက် အသက်ကြီးသူတွေ၊ သူ့အောက် အပုံကြီးငယ်သူတွေ၊ ရွယ်တူတွေ လူအရွယ်ရွယ် အစားစားက ချစ် ခင်ကြတာပါ။ အကြောင်းကတော့ သူက လူတွေကို အမြဲတန်းတူလို သဘောထား၊ ရဲဘော်ရဲဘက်လို သဘောထားပြီး ရှင်းရှင်း ဘွင်းဘွင်းနဲ့ ဟက်ဟက်ပက်ပက်ကြီး ဆက်ဆံပြောဆိုလေ့ ရှိလို့ပါ။ သူနဲ့ ရွယ်တူ (ရင်းနှီးသူ)၊ သူ့အောက် ငယ် သူတွေနဲ့ စကားပြောရင် သူက သူ့ကိုယ်သူ “ကိုယ်” လို့ ခေါ်ဝေါ် သုံးနှုန်းလေ့ရှိပါတယ်။ ‘အန်တီကလေ’၊ ‘အဒေါ်ကလေ’၊ ‘ငါကလေ’ ဆိုတဲ့ အသုံးအနှုန်းမျိုးကို သူ့ပစပ်က ကြားရခဲမျှပါ။ ကိုယ့်အောက် ငယ်သူတွေနဲ့ ပြောရင်တောင်မှ ဒီလိုပဲ ပြော ပါတယ်။ လူထုတိုက်ကို တံခါးမရှိ ဓားမရှိ ၀င်ထွက် လည်ပတ်နေကြသူတွေထဲမှာ အင်မတန် အာဝိဇ္ဖာန်းရွှင်တဲ့၊ ဟာသမြောက်တဲ့ လူတချို့ရှိပါတယ်။ ဥပမာအားဖြင့် ဦးလေးကျားဘငြိမ်းပါ။ သူကိုယ်တိုင်က လူထုတိုက်သားလို ဖြစ်နေတဲ့ ဦးလေးကျား ဘငြိမ်းဟာ အဖေ့စာပွဲ၊ အမေ့စာပွဲ၊ အယ်ဒီတာစာပွဲ စတာတွေကို တနေရာပြီးတနေရာ ပြောင်းထိုင်ပြီး သူ့မှာပါလာတဲ့ ပုံပြင်တွေ၊ ဟာသတွေကို ပြောပြလေ့ ရှိပါတယ်။ ဒါကြောင့် သူရောက်ရာ နေရာမှာ တဝေါဝေါ ရယ်သံတွေ အမြဲကြားရ လေ့ ရှိပါတယ်။ သူ့လိုပဲ ပြောစမှတ်ပြုရတဲ့ နောက်တဦးကတော့ ဒေါ်မြရီပါ။ သူကတော့ စာပွဲတကာ သွားလေ့မရှိပါဘူး။ အမေ့ စာပွဲမှာပဲ အထိုင်များပါတယ်။ နောက် ကျနော်တို့ ညီအစ်ကို မောင်နှမတွေနဲ့ စကားပြောပါတယ်။ သူက ကျနော်တို့ ကို သူငယ်ချင်းလို တရင်းတနှီးကြီး ပြောတာမျိုးကို ကျနော်တို့က သိပ်သဘောကျတာပါ။ တခါတလေ သူပြောတဲ့ ဟာသ ကို သဘောမပေါက်ပဲ ဖြစ်နေသူကိုသူက “ဟ- ဒီကောင်ကြီး အခုမှ ကြေးစည်ရိုက်နေပြီ” လို့ပြောတတ်ပါတယ်။ အဲဒါဘာ ကို ဆိုလိုတာလဲ နားမလည်လို့ မေးကြည့်တော့မှ သူက “ဘုန်းကြီးကျောင်းမှာ ကြေးစည်ရိုက်ရင် ခွေးတွေက အူတယ် လေ။ ဒါကြောင့် ဒီကောင်ကြီး အူနေတယ်၊ အူကြောင်ကြောင် ဖြစ်နေတယ်လို့ ကိုယ်ကပြောလိုက်တာ” လို့ ထပ်ရှင်းပြပါ တယ်။ သူဟာသ၊ သူ့အာဝိဇ္ဇာန်းတွေက အဲဒီလိုမြန်မာဆံပြီး လူထုလက္ခဏာလည်း ဆောင်ပါတယ်။ အဒေါ်ဒေါ်မြရီ ရဲ့ လူပုံက ပိန်ပိန်ပါးပါး၊ မျက်နှာဝိုင်းဝိုင်း။ အဝေးကြည့်မျက်မှန် အမြဲတပ်ထားရပါတယ်း။ ဒါပေမဲ့သူ စကား ပြောပုံက တကယ့်ကို ဒေါင်းတည်မောင်းတည်ပါ။ တခါတော့၊ ၁၉၅၉-၆၀ လောက်မှာ၊ မန္တလေးမှာ ပထစ အစည်းအဝေး ကြီး ကျင်းပတုန်း ရောက်ချလာပါတယ်။ တည်မြဲနဲ့ သန့်ရှင်းကွဲပြီးလို့ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲအတွက် အားစု နေကြချိန်၊ ဦးနု သိပ်ပေါ်ပြူလာဖြစ်နေချိန်ပါ။ ၈၅ လမ်းနဲ့ ၃၂ လမ်းထောင့်အနား၊ မလွန်ထဲက (နောင်မှာ ပထစအမတ် ဖြစ်လာတဲ့) မန်းညွန့်ဦးမောင်ကလေးရဲ့  တိုက်ပေါ်မှာ ဦးနု တည်းနေတော့ မန္တလေး ရွှေဆိုင်တန်းက အမျိုးသမီးတွေက “ဖေဖေနု”၊ “ဖေဖေနု” ဆိုပြီးဝတ်ကြီး ၀တ်ငယ်ပြုစုနေတာကို ကျနော်ကိုယ်တိုင် တွေ့ဖူးပါတယ်။ အဲဒီအချိန်မှာ ပထစက အင်အားပြ တဲ့သဘောနဲ့ ဘုရားကြီး ၄၅ တာမှာ မဏ္ဍပ်ကြီးထိုးပြီး အစည်းအဝေးကြီး ကျင်းပပါတယ်။ အဲဒီအစည်း အဝေးကြီးဆီကို ပထစထောက်ခံသူတွေက အိမ်တော်ရာဘုရားကနေ လမ်းလျှောက် ချီတက်ဆန္ဒပြကြပါတယ်။ ပထစအဖွဲ့ရဲ့ အထက်ဗမာ ပြည်မှာအင်အားပြတဲ့ပွဲကြီးမို့ ထဘီအ၀ါဝတ် အမျိုးသမီးတွေ အများကြီး ပါပါတယ်။ ဈေးချိုထဲက အမျိုးသမီးတွေ အများ ကြီး ပါ ပါတယ်။ အဲဒီ လူတန်းကြီး လူထုတိုက်ရှေ့ကဖြတ်တော့ ကျနော်တို့က ထွက်ကြည့်ကြပါတယ်။ လူအုပ်ကြီးထဲက လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်သံတိုင်နေတဲ့ အမျိုးသမီးတယောက်က ကျနော်တို့ ဘက်လှည့် ပြုံးပြတာ မြင် လိုက်ရလို့ ကျနော်တို့အားလုံး ကြောင်သွားပါတယ်။ နောက် ကျနော့် အမေက “မမြရီ ပါလား” လို့ ဆိုလိုက်ပြီး အားလုံး တ၀ါးဝါးရီကြ ရပါတယ်။ ဖြစ်ပုံက အဲဒီတုန်းက လူတွေဟာ တည်မြဲ ဖဆပလ နဲ့ ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေကို သိပ်မုန်းကြတော့ ပထစကို ပုံပြီး ထောက်ခံကြ၊ မဲပေးကြပါတယ်။ ဒီလို အခါမှာ နိုင်ငံရေး အမြင်ကြွယ်တဲ့ အဒေါ်ဒေါ်မြရီရဲ့ နိုင်ငံရေးပိုးက ငြိမ်ငြိမ် မနေတော့ပါဘူး။ (ဆိုရှယ်လစ်ပါတီနဲ့ ဆိုရှယ် လစ် စစ်ဗိုလ်တွေရဲ့ဒဏ်ကို သူလည်း အသိဆုံး တယောက်မဟုတ်လား။) အဲဒီ အစည်းအဝေးကြီးက ပြန်လာတဲ့အခါမှာ ဒေါ်မြရီက အမေ့ကို ဒီလို ပြောပြပါတယ်။ “ဒေါ်အမာရယ်၊ သူတို့က ကြွေးကြော်သံမတိုင် – ဘာမတိုင်နဲ့ အသုဘပို့သလို ဆိတ်ဆိတ်ကြီး လျှောက်လာကြတာ၊ ကျမက ဒီလိုတော့ မဖြစ်ချေဘူးဆိုပြီး ကြွေးကြော်သံတိုင်လိုက်တော့ သူတို့က- ‘ဟာ သူက တိုင်တတ်တယ်ဟေ့၊ သူ့နောက်က လိုက်အော်ကြရအောင်’ ဆိုပြီး အားလုံးပါလာကြတာ။ တိုင်တတ်တာပေါ့၊ ကွန်မြူနစ်ပဲ” ဆိုပြီး တဟားဟား ရီပါတော့တယ်။ စံကျတဲ့၊ သူ့ကိုသိသူတိုင်း မမေ့နိုင်တဲ့၊ ချစ်ရတဲ့ ရီသံကြီးပါ။ နားထောင် သူများလည်း လိုက်ရီရတဲ့ ရီသံပါ။ အဲဒီတုန်းက သူနဲ့အတူ လူထုတိုက်ကို လာလေ့ရှိသူက ကျောက်ဆည်ကပဲဖြစ်တဲ့ ဒေါ်သန်းသန်းပါ။ ဒေါ်သန်းသန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန္တလေးခရိုင်ကော်မတီ၊ ယူဂျီတာဝန်ခံအဖြစ် တောထဲကနေ လုပ်ကိုင်နေတုန်း အဖမ်းခံလိုက်ရ သူ ဖြစ်ပါတယ်။ ဒေါ်သန်းသန်းက ရှေ့နေဆိုပေမဲ့ စကားပြော အင်မတန်တိုးပြီး အဒေါ် ဒေါ်မြရီကတော့ အသံအင်မတန် အောင်ပါတယ်။ နောက်ပြီး သူ့ရဲ့ဟန်ဆောင်မှုကင်းတဲ့ တ၀ါးဝါး ရီသံကြီးကလည်း သူ့အပြောတွေထဲကနေ ခုန်-ခုန်ထွက် လာတတ်ပါတယ်။ အဒေါ်ဒေါ်မြရီ ကို သူ့ဖြတ်သန်းမှု အတွေ့အကြုံတွေ ပြောခိုင်းရင် သူကကြွားသံ၊ လက်မထောင်ဟန် လုံးဝမပါပဲ မပြောပ လောက်တဲ့ ကိစ္စပါဆိုတဲ့ သဘောမျိုးလောက်နဲ့ စိတ်ရှည်လက်ရှည် ပြောပြတတ်ပါတယ်။ ဒါပေမဲ့ သူ့ထုံးစံအတိုင်း ဟာသ တွေကတော့ ပါစမြဲပါ။ အဲဒီတုန်းက ကျနော်တို့ မောင်နှမတွေအတွက် သူဟာ ခေတ်သစ်သမိုင်းဖတ်စာအုပ်တအုပ် လို ဖြစ်နေတာကို မှတ်မိနေပါတယ်။ သူ မန္တလေးကိုရောက်ရင် မဖြစ်မနေ သွားဖြစ်အောင်သွားတဲ့ နောက်တနေရာက ကျနော့် ဦးလေး ဗိုလ်လှဖေနဲ့ အဒေါ် ဒေါ်တင်တင်တို့ရဲ့ အိမ်ပါ။ ကျနော့် ဦးလေးနဲ့ အဒေါ်က သူနဲ့ အပင်ပမ်းအဆင်းရဲ ခံ ဖော် ခံဖက်တွေဆိုတော့ အရင်းနှီးဆုံး အပေါင်းအဖော်စာရင်းထဲ ပါတာပေါ့။ ဒါက သူရီနိုင်တဲ့ အချိန်တွေပါ။ သူမရီနိုင်တဲ့ အချိန်တွေအကြောင်းကိုတော့ အထူးရေးဖို့ မလိုဘူးထင်ပါတယ်။ ဗမာပြည် မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် အမျိုးသမီးတွေ လုံးပမ်းခဲ့ကြရာမှာ သူဟာ အပင်ပမ်းအဆင်းရဲ အခံခဲ့ဆုံးတယောက် ဖြစ်တယ်လို့ ပြောရင် မလွန်ဘူး ထင်ပါတယ်။ အနောက်ရိုးမကို ဖြတ်ပြီး အိန္ဒိယအထိ ခြေလျင်သွားတယ်ဆိုတာ အမျိုး သမီးတယောက်အဖို့ အဲဒီတုန်းကတော့ တွေးတောင် မတွေးဝံ့စရာပါ။ ဒီလိုနဲ့ လွတ်လပ်ရေးဟာ အလွယ်တကူရခဲ့တာ မ ဟုတ်ကြောင်း အကောင်းဆုံး သက်သေပြတဲ့ သာဓကတွေကို သူတို့လို အမျိုးကောင်းသား သမီးတွေက ပြသခဲ့ပါတယ်။ သူ့အကြောင်းရေးတဲ့ ဆောင်းပါးတပုဒ်ထဲမှာ သူဟာ ဗမာအမျိုးသမီးတွေထဲမှာ ပထမဆုံး ရေငုပ်သင်္ဘောစီးသူလို့ ရေး ထားတာ ဖတ်ရပါတယ်။ ပြန်စဉ်းစားလိုက်တော့ သူဟာ ပထမဆုံး တင်မကပါဘူး၊ အခုအထိဆိုရင် ရေငုပ်သင်္ဘောစီးဖူး တဲ့ နောက်ဆုံးအမျိုးသမီးလည်း ဖြစ်မြဲ ဖြစ်နေပါတယ်။ တလောက လူထုကိုစိန်ဝင်းက ဗမာပြည်က အမျိုးသမီးတွေ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစားလုပ်ကြတဲ့ အကြောင်းကိုဖတ်ရတော့ ကျနော်က အဒေါ်ဒေါ်မြရီကိုပဲ တန်းသတိရ မိပါတယ်။ တပါတည်းမှာ ဗမာပြည်လို မလွတ်မြောက်သေးတဲ့ နိုင်ငံတခုမှာ အမျိုးသမီးတွေဟာ တော်လှန်ရေး လုပ်ငန်း တွေ၊ နိုင်ငံရေးလုပ်ငန်းတွေမှာ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းလုပ်ရင် အမျိုးသမီးလွတ်လပ်မှုနဲ့ အမျိုးသားတွေရဲ့ အသိအမှတ်ပြု လေးစားမှုကို ခံစားရတယ်ဆိုတာကိုလည်း တရားတခုလိုပဲ သတိထားမိပါတယ်။ သူ့ခမျာ မြေပေါ်ကို ပြန်ရောက်တဲ့အခါမှာ သားနှစ်ယောက်နဲ့ မုဆိုးမအဖြစ်ဘ၀အတွက် အတော်ကို လုံးပမ်းရပါတယ်။ ဒါပေမဲ့ သူတို့ ကျောက်ဆည်က ဗကပ တောပြန်တွေ စုပြီး ‘ပြည်လုံးနိုင်’ ဆိုတဲ့ အထက်တန်းကျောင်း တကျောင်းကိုဖွင့် လိုက်တော့မှ အလုပ်အကိုင်ရပြီး အဆင်ပြေသွားတာပါ။ သူတို့ရဲ့ ပြည်လုံးနိုင်ကျောင်းဟာ မဆလအစိုးရရဲ့ “ပြည်သူပိုင်” သိမ်းခြင်းကို ခံလိုက်ရပေမဲ့ ကျောက်ဆည်မြို့ရဲ့ သမိုင်းမှာ ချန်ထားလို့မရတဲ့ ကိုယ်ပိုင်ကျောင်းတကျောင်း ဖြစ်သွားခဲ့ပါ တယ်။ သူနဲ့အတူ ခရီးကြမ်းလျှောက်ခဲ့သူတွေထဲမှာ သမတဖြစ်သူဖြစ်၊ ၀န်ကြီးဖြစ်သူကဖြစ်၊ အထူးအရာရှိ ဖြစ်သူကဖြစ်၊ ကောင်းစားသူတွေ ရှိပေမဲ့ သူက သူ့နေရေး ထိုင်ရေးအတွက် တခါမှ အကူအညီ မတောင်းခဲ့ပါဘူး။ သူ့ရင်ထဲက ဖိနှိပ်တဲ့ အစိုးရတွေအပေါ် နာကျည်းချက်ကို ဘာနဲ့မှ လဲမပစ်ခဲ့ပါဘူ။ ဒီလိုနဲ့ သူ့သား ကိုစိုးသိန်းကို ကျနော်နဲ့ တနှစ်ထဲ မန္တလေး တက္ကသိုလ်ကို ပို့နိုင်ခဲ့ပါတယ်။ နောက်မှာ ကျနော့် နှမ မတင်ဝင်းအောက် နည်းနည်းငယ်တဲ့ သူ့သမီးခင်စောဝင်းကိုလည်း တက္ကသိုလ် ပို့နိုင်ခဲ့ပါတယ်။ အဒေါ်ဒေါ်မြရီနဲ့ ပတ်သက်လို့ နောက်ဆုံး ပြောချင်တဲ့အချက်တခုကတော့ သူဟာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမ ဖောက်ဘူးဆိုတာပါပဲ။ သူဟာ အခြေအနေကြောင့် လက်နက်ကိုင်တော်လှန်ရေးနဲ့ ကင်းကွာသွားခဲ့ပေမဲ့ မြေပေါ်လူထု လှုပ်ရှားမှုတွေထဲမှာ မပြတ်ပါဝင်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ဗိုလ်နေ၀င်းက စေ့စပ်ဆွေးနွေးပွဲဆိုတာကို လုပ်တော့ မန္တလေး မှာ (၇) ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီး ၀ှဲချီးကျင်းပပါတယ်။ အဲဒီတုန်းက ကျနော်လည်း ပိုစတာရေး၊ ပိုစတာကပ် လိုက်ပါ နေရာကနေ ဆန္ဒပြပွဲကြီးမှာ ဂျစ်ကားအမိုးပေါ်ကနေ လိုက်လံလှုံ့ဆောင်တာလည်း လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောက်ဆည် စစ်ကြောင်းကို ဆီးကြိုတဲ့အခါမှာတော့ အဒေါ်ဒေါ်မြရီကို ကြွေးကြော်သံဟစ်နေတာ တွေ့ရပြန်ပါတယ်။ ကျနော် ထောင်ကထွက်လာတဲ့အခါမှာ သူဟာ ကျောက်ဆည်ကနေ တကူးတက လာတွေ့ပါတယ်။ မျက်ရည်တွေနဲ့ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း “ငါ့ကောင်ကြီး” ဆိုပြီး ကျနော့်ရဲ့ ထောင်တွင်းရပ်တည်ချက်များကို ချီးကျူးပါတယ်။ ဒီလို နဲ့ ကျနော် လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်နေတုန်း ရှစ်လေးလုံး အရေးအခင်းကြီး ပေါ်ထွက်လာတော့ အသက် ၇၀ ရှိပြီဖြစ်တဲ့ အဒေါ်ဒေါ်မြရီတယောက် ဆန္ဒပြပွဲတွေထဲမှာ ကြွေးကြော်သံတွေကို ထက်ထက်သန်သန် တိုင်နေပြန်ပြီလို့ ကြားရပါတယ်။ တကယ်တော့ သူဟာ ကွယ်လွန်တဲ့အထိ ပြည်သူ့ဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ဒါထက်မက သူ့မိခင်ပါတီ အပေါ် လည်း သစ္စာမပျက်ခဲ့သူ ဖြစ်ပါတယ်။ အဒေါ် ဒေါ်မြရီ ရဲ့ စိတ်ဓာတ်နဲ့ လုပ်ဟန်တွေဟာ ဗမာပြည်သားတွေ၊ အမျိုး သမီး တွေအတွက် တံခွန်သဖွယ် ထာဝရ တလူလူလွင့်ပျံနေမှာ ဖြစ်ပါတယ်။ 

ဖိုးသံ(လူထု)  
မယာဘလော်ခ့်မှ ကူးယူတင်ဆက်ပါသည် -- 
Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)