ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 14, 2012

> -လူထုကျန်းမာရေး (သင့်အတွက် ကောင်းစွာ အိပ်စက်နိုင်မည့် အကြံကောင်းများ)

- **Public Health** |
 " အိပ်ရေး၀၀ အိပ်ချင်လိုက်တာ.. အိပ်လို့လည်း မပျော်နိုင်ဘူး.. ဘယ်လို လုပ်ရမလဲ " စိတ်မပူပါနဲ့.. အမေးရှိရင် အဖြေလည်း ရှိပါတယ်။ အိပ်ပျော်ဖို့အတွက်ဆောင်
ရန်ရှောင်ရန်လေးတွေပါပဲ.. o ဆူညံမှုများနဲ့ တောက်ပတဲ့ အလင်းများကို အနည်းဆုံးလျှော့ချပါ။ မိမိရဲ့အိပ်ချိန်လေးအတွင်းမှာ အလင်းစူးစူးများ မဖွင့်ပါနဲ့။ ရသမျှအိပ်ချိန်လေးမှာ ညအိပ်မီးကိုသာ သုံးပါ။ o မအိပ်မီနှစ်နာရီအတွင်း အစာအစားခြင်း ကိုရှောင်ပါ။ ဗိုက်ဆာပါက နို့တစ်ဖန်ခွက်နှင့် ဘီစကွတ် အနည်းငယ်ကို စားနိုင်ပါတယ်။ နို့တစ်ဖန်ခွက်က သင့်ကိုအိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။ အိပ်ခါနီးအချိန်မှာ အသားဓာတ် (ဥပမာ-အသား၊ ငါး) စားသုံးခြင်းကိုရှောင်ပါ။ ဒီအချက်လေးကြောင့် အစားကြီးတဲ့ သူတွေတော့ စိတ်ညစ်မှာပဲနော်။ ဒါပေမယ့် ဒီအချက်လေးကို အမြဲလိုက်နာရင် ကောင်းကောင်း အိပ်ပျော်နိုင်ပြီး အိပ်ရာဝင်ခါနီး အစားစားလို့ အစာမကြေတာတွေ ၀ိတ်တက်တာတွေ အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။ o မနက်ခင်းနှင့် နေ့ဘက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း ကိုလုပ်ခြင်းဖြင့် စိတ်ဖီစီးမှုကိုလျှော့ချ နိုင်ပါတယ်။ သို့သော် မအိပ်မီ ၃နာရီအတွင်း အပြင်းအထန် ကိုယ်လက် လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါလိမ့်မယ်။ ဒီ့ပြင် ကျန်းမာပြီး သွယ်လျလာစေမှာ ဖြစ်လို့ မှန်မှန် လုပ်သင့်တယ်နော်။ o ညစဉ် ပုံမှန်အိပ်ချိန်မှာ အိပ်ရာဝင်ပါ။ မွန်းလွဲပိုင်းမှာ တရေးတမော အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ လိုအပ်ပါက သင်နိုးလာပြီး ၈နာရီ ကြာမှသာလျှင် ၁၀-၁၅ မိနစ် ခဏတာသာအိပ်ပါ။ o စိတ်တည်ငြိမ်မှု ရစေရန် မအိပ်မီ ၁နာရီအတွင်း အလုပ်လုပ်ခြင်း၊ စိတ်လှုပ်ရှားဖွယ် စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည်တို့ကိုရှောင်ကြဉ်ပါ။ o သင်၏အိပ်ချိန်မှာ သင့်ကိုစိတ်ပူပန်စေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာများကို မတွေးပါနဲ့။ အိပ်ချိန်မှာ မိမိရဲ့ခံစားချက် များကို ဆွေးနွေးခြင်းမပြုပါနဲ့။ o သင့်အိပ်ရာဝန်းကျင်မှာ အိမ်မွေးတိရစ္ဆာန်များ မရှိပါစေနဲ့။ သင့်အတွက် ဓာတ်မတည့်မှု (သို့) ၄င်းတို့၏ လှုပ်ရှားမှုများက သင့်ကို နိုးစေနိုင်သောကြောင့်ဖြစ်ပါတယ်။ o နီကိုတင်းဓာတ်က သင့်၏ အိပ်စက်မှုကိုနှောင့်ယှက်နိုင်သောကြောင့် အိပ်ချိန်မှာဆေးလိပ်သောက် ခြင်းကိုရှောင်ပါ။ ကဖင်းဓာတ်က သင်၏အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေလို့ ကော်ဖီ၊ ကိုလာ၊ လက်ဘက်ရည် ၊ချောကလက် စသည်တို့ကို မအိပ်မီ ၆ နာရီအတွင်း စားသုံးခြင်းကို ရှောင်ပါ။
o အရက်သောက်သုံးခြင်းက သင့်ကိုမြန်မြန် အိပ်ပျော်စေရန် ကူညီပေးပါတယ်။ ဒါပေမယ့် သင်အိပ်နေစဉ် ခန္ဓာကိုယ်မှ အရက်ကို ချေဖျက် စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရလို့ အရက်ဖြတ်စဉ် ခံစားရတဲ့ လက္ခဏာများဖြစ်တဲ့ လန့်နိုးခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ o သင့်အိပ်ရာနေရာဟာ ကောင်းစွာတိတ်ဆိတ်မှောင်မိုက်ပြီး သက်တောင့်သက်သာရှိပါစေ။ o အိပ်ရာဝင်တဲ့အခါ ပက်လက်လေးအိပ်၊ ဗိုက်ပေါ်လက်တင်၊ စိတ်လျှော့ပြီး ၀င်လေထွက်လေကိုပဲ သေချာအာရုံစိုက်ပါ။ o အိပ်မပျော်တဲ့ရက်များ ရှည်ကြာလာရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်လို့ သင့်ကို ကောင်းစွာအိပ်ပျော်နိုင်စေရန် ကူညီပေးမည့်ဆေးဝါး (သို့) သင့်တော်သော နည်းလမ်းများကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူဖို့လိုပါတယ်။ လူတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အိပ်မက်လှလှ မက်ကြပါစေနော်... 

 Myanmar Sky Link (Myanmar Health & Beauty Website) 
 မေမွန်ကျော်

-လူထုကျန်းမာရေး (သင့်အတွက် ကောင်းစွာ အိပ်စက်နိုင်မည့် အကြံကောင်းများ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)