ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 16, 2012

>
-မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြုလိုက်ပြီ- 

 ရခိုင်ပြည်နယ်မောင်တောမြို့နယ် အတွင်း မှီတင်းနေထိုင်နေကြသော အစ္စလာမ်ဘာသာဝင်များကို ယခုလ ၂၁ ရက်နေ့မှ စပြီး ခရီးသွား လက်မှတ်မလိုဘဲ မြို့နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။ " နစက ကွပ်ကဲရေးမှူးက ခရိုင် အစ္စလာမ်ကောင်စီ ဥက္ကဌ ဒေါက်တာ ဦးထွန်းအောင်နဲ့ ဦးမာမတ်စီဒီ၊ ဦးခင်ဇော်၊ ဦးနုမာကိန်း တို့ကို ဖိတ်ခေါ်ပြီးတော့ ရွာထွက်လက်မှတ်လို့ ပြောတဲ့ ထောက်ခံစာတွေ မလိုဘဲ ခရီးသွားလာလို့ ရပြီလို့ ပြောပါတယ်။ အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ သက်သေခံ ကဒ်ပြားတွေရယ်၊ တခြား ကိုင်ဆောင်ထားတဲ့ အနီ၊ အဖြူ ကဒ်ပြားတွေနဲ့ သွားလာလို့ ရပြီလို့ ပြောပါတယ်။ မြို့နယ် အတွင်းပေါ့။ နယ်ကျော်ပြီးတော့ မဟုတ်ပါဘူး" ဟု ဒေသခံ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများကို ခေါ်ယူပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူကဆိုသည်။ မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှာ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသဖြင့် လူဝင် လူထွက်ကို စိစစ်ရန် လိုအပ်ရာမှ အစ္စလာမ်ဘာသာဝင်များ အပေါ် ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ယခုလို ကန့်သတ်ထားရခြင်းကြောင်း လူဝင်မူ ၀န်ကြီးဌာ ၀န်ကြီး ဦးခင်ရီမှ များမကြာမှီက ကျင်းပ ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အမေးအဖြေ ကဏ္ဍ တစ်ခုတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။ " အခု လွတ်လပ်စွာ သွားလာခွင့်ပြုပေးလိုက်ပါပြီ။ မောင်တောမြို့နယ် အတွင်းပေါ့။ ဘာခရီးသွား လက်မှတ်မှ မလိုတော့ပါဘူး။ ရွာထွက်လက်မှတ်ဆိုတာတော့ မရှိပါဘူး။ ခရီးသွားလက်မှတ်ကို သူတို့ ပြောကြာတာ ဖြစ်မှာပါ။ အခု မရှိတော့ပါဘူး" ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောကြားသည်။ နှစ်ပေါင်း ၂၀ ကျော် အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို မောင်တောမြို့နယ် အတွင်း ပိတ်ပင်ထားရာမှ မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လျော့ပေါ့ပေးရပါသလဲဟု မေးမြန်းရာ ဖုံးလိုင်း မကောင်းသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။ " ခုလို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခက်အခဲတွေ ကြားထဲက တစ်ခုတော့ အောင်မြင်မူ ရသွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ပလီတွေ၊ အာရဗီ ကျောင်းတွေ ပြင်ဆင်ခွင့်တော့ မရဘူးပေါ့။ ဒါတွေက ကျန်နေသေးတယ်။ လက်ထပ်ခွင့်လည်း ကျန်နေသေးပါတယ်" ဟု ဒေသခံ မွတ်ဆလင် လူကြီးက ဆက် ပြောသည်။ မောင်တောမြို့နယ် အတွင်းမှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထဲမှ အများစုမှာ အသက် အရွယ် မတိုင်မှီ အိမ်ထောင် ပြုခြင်း၊ အမျိုးသား တစ်ဦးအနေဖြင့် အမျိုးသမီး သုံးလေးဦးထိ လက်ထပ် ယူခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုလျှင် သက်ဆိုင်ရာ နစက တာဝန်ရှိသူများသို့ လက်ထပ်ခွင့် တင်ပြီးမှ လက်ထပ်ခွင့် ပြုကြောင်း သိရသည်။ ထိုသို့ ကန့်သတ် ထားချက်အပေါ် တချို့နစက တာဝန်ရှိသူများက မိမိ ကိုယ်ကျိုးအတွက် အသုံးချကာ လက်ထပ်ခွင့် တစ်စောင်ကို ကျပ် သုံးထောင်မှ ကျပ် တစ်သိန်းထိ တောင်းစားကြောင်း သိရသည်။ မောင်တောမြို့နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မြို့နယ်ကျော်ပြီး သွားလာမူကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ကာ မြို့နယ်ကျော် ပြီး သွားလိုပါက ပုံစံ (၄) နှင့် ခရီးသွား ထောက်ခံချက်ဖြင့် သွားလာရကြောင်း စုံစမ်း သိရှိရသည်။

**Thantsin Phyoe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)