ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 9, 2012

> -Thet Tant Cho ဘာသာပြန် ဝတ္ထုတိုများ- ________________________________________ • ဇနီးသည်လေးဦး • ဘီလ်ဂိတ်နှင့်စားပွဲထိုး • မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P ..................................................................... **ဇနီးသည်လေးဦး **
အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက် ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေး မယ်ဆို ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။ ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်း အတွက် အမြဲ ဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။ ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ် တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယ ဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။ ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။ တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာ လာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀ သူပြန် စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့ အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ” ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင် ဆုံးအ၀တ် အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူ အဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကား မှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။ သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်း သွားတဲ့ကုန် သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့ မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြား လိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။ ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေ ကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင် မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့် ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက် သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။ အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွား သွားဘာတွေ ပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံး ဇနီးဖြစ်လို့နေ တယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန် သည်ကြီး ကပြော ခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ” ########################### တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။ ၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘ ယ်လိုပဲကောင်းအောင် လှအောင် တောက် ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။ ၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်း စိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။ ၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ ဘယ်လောက် ပဲရင်းနှီး တယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။ ၄ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန် ကတော့ကျွန်တော် တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

 သက်တန့်ချို -The 4 wives အားဘာသာပြန်ခံစားသည် ။

 **ဘီလ်ဂိတ်နှင့်စားပွဲထိုး**
 တစ်ခါတုန်းက ဘီလ်ဂိတ်က စားသောက်ဆိုင်တစ်ခုမှာရှိနေတယ် ။ စားသောက်ပြီးတဲ့အခါ စားပွဲထိုး ကို ဘောက်ဆူးအဖြစ်ဒေါ်လာ ငါးကျပ်ပေးလိုက်တယ် ။ စားပွဲထိုးမျက်နှာ မှာ ဘောက်ဆူး ရတဲ့အခါထူး ဆန်းတဲ့ အရိပ်အယောင်တွေပြောင်းလဲသွားတယ် ။
ဘီလ်ဂိတ်က နားလည်လိုက်ပြီးမေးလိုက်တယ် ။ “ ဘာဖြစ်လို့လဲ ” စားပွဲထိုး လေး ကပြန်ဖြေတယ် ။ “ ကျွန်တော်အံ့သြလို့ပါ စားပွဲတစ်ခုထဲမှာပဲ ခင်ဗျားသားက ကျွန်တော့်ကို ဒေါ်လာ ငါးရာ ဘောက်ဆူးပေးခဲ့တယ် အခုခင်းဗျားကသူ့အဖေလေ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူ ခင်ဗျားက ဒေါ်လာ ငါးကျပ်ပဲပေးတယ် ” ဘီလ်ဂိတ်ကပြုံးလိုက်ပြီး အဓိပ္ပါယ်များစွာပါတဲ့ စကားနဲ့ပြန်ပြောလိုက်တယ် ။ “ သူက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်တဲ့ငါ့ရဲ့သားပါ ငါကတော့ သစ်ခုတ်သမားရဲ့သားပါ ” တဲ့ ။ ################### ကိုယ့်ရဲ့ အတိတ် ကိုယ့်ရဲ့ဘ၀ဆိုတာ ဘယ်တော့မှမမေ့ပစ်ရဘူး ။ ကိုယ်ဘယ်အခြေအနေပဲရောက်နေနေ ကိုယ်ဖြတ် သန်းခဲ့တဲ့ ဘ၀ကိုမေ့ပြီးအောက်ခြေလွတ်တဲ့လူတန်းစားမဖြစ်အောင်နေဖို့လိုတယ် ။ 
**သက်တန့်ချို** Motivational story 

.. **မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ်** 
ခင်ပွန်းဖြစ်သူက အရက်မူးပြီး အိမ်ကိုပြန်လာတယ် ပြီးတော့မူးမူးနဲ့ပန်းကန်ခွက်ယောက်တွေကိုလည်း ခွဲပစ်လိုက် တယ် ။ ပြီးတော့အန်ချလိုက်ပြီးကြမ်းပြင်ပေါ်ကိုလဲကျသွားတယ် ။ ဇနီးဖြစ်သူက ဆွဲထူပြီး အိမ်ကိုသန့်ရှင်းရေး လုပ်လိုက် တယ် ။

နောက်တစ်မနက်မှာတော့ခင်ပွန်းဖြစ်သူက သူ့ကိုယ်သူဒေါသ ထွက်သွားတယ် ပြီးတော့သူ့အ မှားသူသိပြီး ဇနီးဖြစ်သူနဲ့ ရန်မဖြစ်ရပါစေနဲ့လို့ဆုတောင်းနေတယ် ။ သူ့စားပွဲအနီးမှာ စာရွက်အခေါက်လေးကိုတွေ့ခဲ့တယ် ။ “ အချစ်ရေ မနက်စာကို စားပွဲပေါ်မှာပြင်ထားခဲ့ပါတယ် အခု ကုန်စုံဆိုင်ကိုဈေး ၀ယ်စရာရှိုလို့ ခဏထွက် သွားတယ်နော် ။ ကျွန်မအမြန်ဆုံးပြန်လာခဲ့ပါ့မယ် ။ ကျွန်မရှင့်ကိုချစ်တယ် ” လို့ရေးထားတာကိုတွေ့လိုက်ရတယ် ။ ခင်ပွန်းဖြစ်သူက အံ့သြသွားပြီးသူ့သားကိုမေးတယ် ။ “ မနေ့ညတုန်းက ဘာတွေဖြစ်ခဲ့သလဲ ” သားဖြစ်သူကပြန်ဖြေတယ် ။ “ အမေက အဖေ့ကို အိပ်ရာပေါ် ဆွဲခေါ်သွားတယ်ပြီးတော့ ဖိနပ်နဲ့ရှပ်အကျီင်္ကိုချွတ်ခဲ့တယ် အဖေက မူးမူးနဲ့ပြော လိုက်တာက .... ဟေး ကောင်မလေး ငါ့ကို တစ်ယောက်တည်းထားခဲ့ပါကွာ ငါ့မှာ အိမ်ထောင်ရှိတယ် !!! ...” တဲ့ ######################## 
 **သက်တန့်ချို**
မှတ်ချက် - မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P A drunk man and his wife အားဘာသာပြန်သည် ။ စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... You are subscribed to email updates from သက်တန့်ချို.....

-Thet Tant Cho ဘာသာပြန် ဝတ္ထုတိုများ- ________________________________________ • ဇနီးသည်လေးဦး • ဘီလ်ဂိတ်နှင့်စားပွဲထိုး • မူးတဲ့အချိန်မှာ စကားပြောမှန်ဖို့ လိုတယ် :P ..................................................................... **ဇနီးသည်လေးဦး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)