-ထွေလီထွေလာ အရပ်တကာ-
**အားကျလိုက်တာ**
လက်ကိုင်ဖုန်း - ဟေ့ရောင်းရင်းကြီး၊ မင်းကတော့ ငြိမ်လို့၊ စမတ်ကို ကျနေ တာပဲ။ ဟိုကောင်မလေးပါးကပ်လိုက်၊ ဒီလူ့ပါးကပ်လိုက်နဲ့... မိုက်တယ်ကွာ။
ကြိုးဖုန်း - သိပ်မဟုတ်ပါဘူးကွာ၊ ကျုပ်က ကိုရင့်ကို အားကျတာ။ နေရာ တိုင်းရောက်ဖူးလို့လေ။ ကျုပ်ကတော့ အထိုင်နဲ့ပျင်းစရာကြီးဗျ။ လက်ကိုင်ဖုန်း - ကိုရင်ကလည်း ကျုပ်ကို သိပ်အထင်ကြီးတာကိုး၊ မဟုတ်ဘူး ဗျ၊ သွားလေရာပါလွန်းလို့ တစ်ခါတလေများ.. ဟီးပြောရတာလည်း ရှက်လိုက်တာ။
ကြိုးဖုန်း - ဆိုပါဦး၊ ဘယ်နေရာမှာမို့လို့လဲဗျ။
လက်ကိုင်ဖုန်း - ဟီးဟီး ပါတဲ့နေရာ..အိမ်သာထဲထိလေ။
**သံယောဇဉ်**
ယောက်ျား - ဟဲလို ညီမရေ မင်းအစ်မ မရောက်သေးဘူးလား၊ ရောက်ရင်
ဖုန်းပြန်ဆက်ပါလို့နော်။မိန်းမ - ဟဲလို ယောက်ျားလား၊ ပြော ကိစ္စ၊ ခရီးတောင် မရောက်သေး ဘူး ဖုန်းက ဝင်နှင့်နေပြီ။ မိန်းမသေသွားရင် ဘယ်လိုလုပ်မလဲ ယောက်ျားရဲ့။
ယောက်ျား - လွယ်ပါတယ် မိန်းမရာ၊ မင်းအခေါင်းထဲကို ဖုန်းလေးတစ်လုံးလောက် ထည့်ပေးလိုက်မှာပေါ့။
မောင်ဟုတ် ရေး သားသည်။

No comments:
Post a Comment