-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ထုတ်ဝေမည့် ချာရေလ်ကိုးလ်**
ဗြိတိသျှနာမည်ကျော် ပေါ့ပ်အဆိုတော် ချာရေလ်ကိုးလ်
သည် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေရန် ဟာပါ
ကောလင်းစ် စာအုပ်ထုတ်ဝေရေးကုမ္ပဏီနှင့် သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ချာရေလ်ကိုးလ်သည် အဆိုပါ အတ္ထုပ္ပတ္တိစာအုပ်တွင်
သူ၏ကလေးဘဝအကြောင်း၊ ITV ရုပ်သံလိုင်းမှစ၍ နာမည်
ကျော်အဆိုတော်တစ်ဦး ဖြစ်လာပုံအကြောင်းများနှင့် ချယ်လ်
ဆီးနှင့် အင်္ဂလန်အသင်းနောက်တန်းဘောလုံးသမား အက်ရှ်လေ
ကိုးလ်နှင့် လက်ထပ်ခဲ့ခြင်း၊ ကွာရှင်းပြတ်စဲခြင်း စသည့် အကွဲ
အပြဲ ဇာတ်လမ်းများကို အိတ်သွန်ဖာမှောက် ဖွင့်ချရေးသား
သွားမည်ဟု မျှော်လင့်ရပြီး ယင်းစာအုပ်ကို အောက်တိုဘာ
၁၁ ရက်တွင် ထွက်ရှိနိုင်ရန် စီစဉ်ထားသည်။ဟာပါကောလင်းစ် စာအုပ်ထုတ်ဝေရေးကုမ္ပဏီ
သည်ချာရေလ်ကိုးလ်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
စာအုပ် အတွက်ပေါင် ၃၅ဝဝဝဝ ပေးချေခဲ့ရသည်ဟု ကောလာဟလ
သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းစာအုပ်သည် ခရစ္စမတ်
အရောင်းရဆုံးစာအုပ်ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။
စာအုပ်ထုတ်ဝေမည့်သူ ကာရိုးလ်တွန်ကင်ဆန်က
''ချာရေလ်ကိုးလ်ဟာ ဗြိတိန်သူတွေရဲ့အသည်းနှလုံးပါ။ သူ့စာ
အုပ်ထုတ်ဝေဖို့ ကျွန်မတို့ အတော်စိတ်လှုပ်ရှားနေပါတယ်။
ချာရေလ်ကိုးလ်ဟာ လူတိုင်းကို ဆွဲဆောင်လွှမ်းမိုးနိုင်တဲ့
အံ့သြဖွယ်အမျိုးသမီးတစ်ဦးပါပဲ။ သူဟာ အခက်အခဲအမျိုးမျိုး
ကြားက အောင်မြင်မှုတွေ ရရှိလာသူတစ်ဦးပါ။ သူရဲ့စာအုပ်
ဒီနှစ်ခရစ္စမတ်ပွဲတော်ကာလ အရောင်းရဆုံးနံပါတ်တစ်
စာအုပ်ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ'' ဟု
ပြောကြားသည်။ချာရေလ်ကိုးလ်သည် ယခင်ကတည်းက အတ္ထုပ္ပတ္တိ
စာအုပ် ရေးသားရန် စဉ်းစားထားကြောင်း ထုတ်ဖော်ပြော
ကြားခဲ့ဖူးသည်။ (အင်တာနက်)** ကျူပီအာအသင်းနှင့် မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့**
(လန်ဒန်၊ ဇူလိုင် ၈) မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်သည် အပြောင်းအရွှေ့ရာသီမပိတ်မီ ကျူပီအာအသင်းနှင့် စာချုပ် ချုပ်ဆိုရန်သဘောတူညီခဲ့ကြကြောင်း ဇူလိုင် ၈ ရက် အားကစားသတင်းတစ်ရပ်က ဖော်ပြသည်။ကျူပီအာအသင်းသည် တောင် ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန်အားပြောင်းရွှေ့ ကြေးပေါင် ၅ သန်းဖြင့် စာချုပ် ချုပ်ဆိုမည်ဟု ဆိုထားသော်လည်းကျူပီအာအသင်းအနေဖြင့် အသက် ၃၁ နှစ်အရွယ်ရှိ မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်အား ပထမဦးစွာ အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးပေါင်နှစ်သန်းပေးမည်ဟု ဆိုသည်။ မန်ယူနှင့် တောင်ကိုရီးယားကြယ်ပွင့်ပက်ဂျီဆန်သည် ၂ဝဝ၅ ခုနှစ်တွင် PSV Eindhoven အသင်းမှ အိုးထရက်ဖို့ဒ်သို့ရောက်ရှိခဲ့ပြီး မန်ယူအသင်းအတွက် ပရီမီယာလိဂ်ပြိုင်ပွဲပေါင်း ၁၃၃ ပွဲ ကစားပေးခဲ့သူလည်းဖြစ်သည်။ ထို့ပြင် ကွင်းလယ်ကစားသမားပက်ဂျီဆန်သည် မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားလေးကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ်တို့ကို ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။တောင်ကိုရီးယားကြယ်ပွင့် ပက်ဂျီဆန် သည် ၄င်း၏ ကြေးစားဘောလုံးသမားဘဝကို ဂျပန်ကလပ် Kyoto Purple Sanga အသင်းတွင် စတင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်ကစားခဲ့သည်။ ကျူပီအာအသင်းနှင့် ပက်ဂျီဆန်တို့သည် စာချုပ်ရန် သဘောတူညီထားသော် လည်း အပြီးသတ်ခေါ်ယူမှုနှင့် ပတ်သက်၍အပြောင်းအရွှေ့ရာသီ ပိတ်ခါနီးမှသာ အတည်ပြုနိုင်ဖွယ်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ (အင်တာနက်)
** ဂီအန်ဖရန်ကိုဇိုလာအားဝက်ဖို့ဒ်မန်နေဂျာသစ်အဖြစ် ခန့်အပ် **
(လန်ဒန်၊ ဇူလိုင် ၈) ဝက်စ်ဟမ်းအသင်း နည်းပြဟောင်းဂီအန်ဖရန်ကိုဇိုလာအား ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်း၏မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ် ကြောင်း ဇူလိုင် ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ဝက်ဖို့ဒ်အသင်း၏ ပိုင်ရှင်သစ်ဖြစ်သည့်Pozzo မိသားစုသည် နည်းပြဆီအန် ဒီချီအား ထုတ်ပယ်ခဲ့ပြီးနောက် ၄င်းနေရာတွင် အစားထိုးရန် အသက် ၄၅ နှစ် အရွယ်ရှိ ဝက်စ်ဟမ်းအသင်းမန်နေဂျာဟောင်း ဂီအန်ဖရန်ကိုဇိုလာကို နှစ်နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ဇိုလာသည် ကစားသမားဘဝဖြင့် ချယ်လ်ဆီးအသင်းတွင် ပွဲပေါင်း ၃ဝဝကျော်ကစားခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ် ဘောလုံးရာသီအထိ ဝက်စ်ဟမ်းအသင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ သည်။ဂီအန်ကူလာဗီအယ်လီသည် ၂ဝဝ၁-၂ဝဝ၂ ဘောလုံးရာသီတွင် ဝက်ဖို့ဒ် အသင်း၌ နည်းပြတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သောကြောင့် ယခုဝက်ဖို့ဒ်အသင်း က ခန့်အပ်ခဲ့သည့် ဂီအန်ဖရန်ကိုဇိုလာသည် ဝက်ဖို့ဒ်အသင်းက ခန့်အပ်ခဲ့သော အီတလီနည်းပြထဲတွင် ဒုတိယမြောက်ဖြစ်သည်။Pozzo မိသားစုသည် ဝက်ဖို့ဒ် အသင်းအပြင် အီတလီစီးရီးအေကလပ်အူဒီးနီအသင်းနှင့် စပိန်ကလပ် ဂရန် နာဒါအသင်းတို့ကိုလည်း ပိုင်ဆိုင်ထားပြီး ဝက်စ်ဟမ်းနည်းပြဟောင်း ဂီအန်ဖရန်ကိုဇိုလာနှင့် ဇူလိုင် ၆ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အပြီးသတ်စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ခြင်းဖြစ်သည်။ဝက်ဖို့ဒ်နည်းပြသစ် ဂီအန်ဖရန်ကို ဇိုလာသည် ကစားသမားဘဝတွင်လည်အကောင်းဆုံး ခြေစွမ်းပြကစားခဲ့သူ ဖြစ်ကြောင်း ဝက်ဖို့ဒ်အသင်းက အသစ်ခန့်အပ်လိုက်သော နည်းစနစ်ဒါရိုက်တာ ဂီအန်ကူလာနာနီက အသိအမှတ်ပြုပြောကြားခဲ့သည့်အပြင် နည်းပြသစ် ဂီအန်ဖရန်ကိုဇိုလာကလည်း အသင်းအောင်မြင်မှုရရှိရေး ကြိုးပမ်းသွားမည် ဟုဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန်-နိုင်လင်းကြည်

No comments:
Post a Comment